Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Diane Kruger
Longing (2024)
Longing ( 2024 )အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ...
movie
Longing (2024)
2024
Wicker Park (2004)
အချစ်ဆိုတာ အင်မတန် သိမ်မွေ့နက်နဲလွန်းတဲ့ အရာတစ်ခုပါ မြင်မြင်ချင်းချစ်မိတဲ့အချစ် အသံလေးကြားနေရုံနဲ့ချစ်မိတဲ့အချစ် အတူရှိနေတာကြာလာလို့ ချစ်မိတဲ့အချစ် အဓိပ္ပာယ်မဖွင့်ဆိုနိုင်လောက်အောင် သိပ်ကိုကြီးမားလွန်းတဲ့ခံစားချက်လေးတစ်ခုပါပဲ......ချစ်တာဟာ ချစ်ရုံသပ်သပ်တင်မဟုတ်ဘဲ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေနဲ့ပါ အထပ်ထပ်ရစ်နှောင်လာရာကနေ လိုတာထက်ပိုတဲ့ စွဲလန်းစိတ်ထိဖြစ်သွားရင်တော့ ကိုယ်တိုင်ရော ကိုယ်ချစ်နေတဲ့ အချစ်ခံရတဲ့သူအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်.....သိမ်ကိုသိမ်မွေ့လွန်းသလို သိပ်ကိုလည်း အန္တရာယ်များလှတဲ့အချစ်ကိုမှ ရူးမတတ်စွဲလန်းခံစားမိသွားကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြ.....ရှိနေကြ.....ရှိလာကြဦးမှာပါပဲ......ဒီကားလေးထဲမှာတော့ အမှတ်မထင် ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘဝရဲ့ ရာသက်ပန်အချစ်အဖြစ် သတ်မှတ်မိရာကနေ ကောင်မလေးကို သူ့ဘဝထဲရောက်လာဖို့ တစိုက်မတ်မတ်ကြိုးစားအားထုတ်တဲ့ကားလေးတစ်ကားပါပဲ.....ဇွဲရှိရှိကြိုးစားအားထုတ်ရင်း ဘာတွေကြုံတွေ့ရမလဲ ခံစားချက်တွေဘယ်လိုရှိမလဲ အလယ်အလတ်ဆိုတာထက် လွန်ကဲတဲ့ဘက်ရောက်ရင်ဘာဖြစ်နိုင်မလဲ ဆိုတာတွေကို ကြည့်ရှုခံစားရမှာမို့ စီးမျောလိုက်ကြပါဦးလို့...... File size…(1.7 GB)/(865 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Mystery, Romance, Thriller , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Myat Paing
movie
Wicker Park (2004)
5.3
Visions (2023)
Thriller Mystery ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် 2023 မှာထွက်ရှိခဲ့တဲ့ Visions ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Estelleဟာ နာမည်ကြီးဆရာဝန်တစ်ဦးနဲ့လက်ထပ်ထားပြီး ထူးချွန်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ အရာရာပြည့်စုံနေတဲ့ Estelle ဘဝထဲကို အတိတ်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ Ana ဆိုတဲ့အမျိုးသမီးတစ်ဦးပြန်လည်ဝင်ရောက်လာချိန်မှာ Estelle ဟာ Ana နဲ့ ဖောက်ပြားမိပါတယ်။ Ana ပြန်ရောက်လာတဲ့အချိန်ကစပြီး Estelle ဘဝမှာ ဂြိုလ်ဆိုးဝင်သလို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ Estelle ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနောက်ကွယ်မှာတော့…။Ana အဖြစ် Marta Nieto, Estelle အဖြစ် National Treasure, TROY, Inglourious basterds သရုပ်ဆောင် Diane Kruger ကပါဝင်ထားပါတယ်။ မင်းသမီး ၂ လက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း.။ (မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းအချို့ပါဝင်ပါတယ်) File size…(1.8 GB)/(870 Mb) Quality….Webrip ...
movie
Visions (2023)
7.2
Troy (2004)
Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie
Troy (2004)
2004
4K HEVC
5.8
The Tiger Brigades (2006)
The Tiger Brigades (2006) ==================== IMDb Rating - 5.8/10The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ် ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေ မန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကို အစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရ ဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ် အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင် ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျ အမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့ သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလို သွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသား ဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.29 GB) / (968 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 05Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Alias Encoder..........SWM
movie
The Tiger Brigades (2006)
2006
6.3
Special Forces (2011)
ဒီ Special Forces ဇာတ်ကားကတော့ ရုပ်မြင်သံကြားမှာ ကိုယ့်တွေ့မှတ်တမ်းတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီဖင်ရိုင်ဘိုဂျက် က စီစဉ်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက ဒီဇာတ်ကားကို ရိုက်ဖြစ်ပုံက သူ့ငယ်စဥ်ကတည်းက ဝါသနာ ဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေလုပ်ရင်းနဲ့ တချို့ဇာတ်ကားတွေ ရိုက်ကူးမှုတွေမှာ ကာကွယ်ရေးဌာနနှင့် ဆက်ဆံလာရပြီး စစ်တပ်အပေါ် ယခင်က စဉ်းစားပုံတွေပြောင်းလာပြီး စစ်သားတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံတွေကို စိတ်ဝင်စားလာတာကြောင့် စစ်သားတွေရဲ့ သက်စွန့်ဆံဖျားကြိုးစားကြရပုံကို တင်ပြဖို့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဇာတ်လမ်း ကတော့ ပြင်သစ်နိုင်ငံသူဖြစ်တဲ့ သတင်းသမား အယ်လ်ဆာခါဆာနိုဗာဟာ အာဖဂန်နစ်စတန်က ငယ်ငယ်ကတည်းကရောင်းစားခံလိုက်ရပြီး တာလီဘန်တွေရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ခံရတဲ့ မိန်းကလေးမိုင်နာ ရဲ့ အခြေအနေကို လိုက်လံသတင်းယူရင်း တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံရပါတယ်။ ဒီလိုအခြေအနေမှာ တာလီဘန်တွေက ဓားစာခံတွေရဲ့ အသက်ကို ခြိမ်းခြောက်တာတွေလုပ်လာတာကြောင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက အထူးတပ်ဖွဲ့ကို စေလွှတ်ပြီး ပြင်သစ်သူသတင်းသမားကို ...
movie
Special Forces (2011)
8.3
Inglourious Basterds (2009)
Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ..... နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von ...
movie
Inglourious Basterds (2009)
2009
4K HEVCHDR
7.9
Anything for Her (2008)
ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့်ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime DramaThrillaကားလေးဖြစ်ပါတယ်... ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစုဘဝလေးကို နေထိုင်နေကြသူတွေပါ...။တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကိုဖမ်းခေါ်သွားပါတယ်။ အမှုမေးတော့ လူသတ်မှုတဲ့...လီဆာမကျူးလွန်တဲ့လူသတ်မှု။ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း...။ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေကအနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင်ဘယ်လိုနေမလဲ... ဘယ်လိုခံစားရမလဲ... ဘာတွေပြန်ကြိုးစားပေးမလဲ...။ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကိုထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်...လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်းဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီးဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama ...
movie
Anything for Her (2008)
5.8
The Host (2013)
CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့မင်းသမီးချောလေး Saoirse Ronan ရဲ့သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုးကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေကလူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီးလူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲလူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါအပိုင်သိမ်းဖျက်ဆီးတာပါတွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူးခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ကောင်မလေးလည်း ပါတာပေါ့။သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်ကအပိုင်စီးလိုက်တဲ့အခါမှာ... File size… 1.59 GB / 664 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Action , Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
The Host (2013)
2013
7.0
Fathers and Daughters (2015)
“အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်.နိုးထပြီး. ကျဆင်းတယ်.ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...”ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာအကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို“ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင်ဇာတ်မသိမ်းသေးပါဘူး” လို့အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်.မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့်ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီးစိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာအချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်.သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာသမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန်ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလိုတစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာတွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှမရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်.ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲကခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကိုတွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size… 1.6GB / 713MB Quality… Blu-Ray ...
movie
Fathers and Daughters (2015)
2015
Marlowe (2022)
Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆိုတော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie
Marlowe (2022)
2022
6.5
National Treasure: Book of Secrets (2007)
National Treasure: Book of Secrets (2007) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ ...
movie
National Treasure: Book of Secrets (2007)
6.8
National Treasure (2004)
National Treasure (2004) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ...
movie
National Treasure (2004)
Out of the Blue (2022)
ဒီတစ်ခါတော့ မိန်းမမာယာ သဲကိုးဖြာကိုမှ အကွက်ကွက်ကျကျလေးရိုက်ပြသွားတဲ့ ရုပ်ရှင်လေးတစ်ကား တင်ဆက်လိုက်ပါတယ် မိန်းမမာယာတောင်မှ နှစ်ယောက်ဆိုတော့ ဘယ်လိုမှကိုနွံထဲကရုန်းမထွက်နိုင်အောင်ဖြစ်ရပြီပေါ့ဗျာ အရင်က လူသေမှုနဲ့ထောင်ကျခဲ့တဲ့ ကွန်နာဆိုတဲ့ကောင်လေး ဟာ ကမ်းခြေကိုသွားရင်း မာရီလင်းဆိုတဲ့ မမကြီးနဲ့ ဆုံခဲ့ကြတာပါအဲဒီနောက် မာရီလင်းက ကောင်လေးအလုပ်လုပ်တဲ့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင်းနဲ့ ဆက်သွယ်မိခဲ့ရာကနေ ခွဲမရအောင်ချစ်မိသွားခဲ့ကြတာပေါ့ အဲဒီအချိန်မှာပဲ မာရီလင်းမှာ အရမ်းချမ်းသာတဲ့ယောကျာ်းရယ် လင်ပါသမီးလေးရယ်ရှိနေပြီး သူ့ကိုလည်းနှိပ်စက်ပါတယ်လို့ ကွန်နာ ကိုဆက်တိုက်ပြောဆိုရာကနေ နောက်ဆက်တွဲဖြစ်လာမဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲဗျာFile size…(1.7GB)/(908MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Thriller / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
Out of the Blue (2022)
4.7
First Love (2022)
First Love (2022)“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။“ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann)“အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။ အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg)ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲ သူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာ တစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ ဒါကတော့ Jim ရဲ့ First Love အစပေါ့။ ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်း ရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ ..တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်း အသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။ လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် ...
movie
First Love (2022)
2022
4.8
The 355 (2022)
The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie
The 355 (2022)
5.3
The Operative (2019)
ဒီကားလေးကတော့ ထောက်လှမ်းရေးဇာတ်လမ်းနဲ့ Mystery/Thriller ဇာတ်ကားသစ်လေးဖြစ်ပါတယ်။အေးအေး ငြိမ်ငြိမ်လေးနဲ့ကြည့်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်ဆိုတဲ့အမျိုးသမီးဟာသူ့ရဲ့ထူးခြားတဲ့ ကိုယ်ရေးရာဇာဝင်ကြောင့်Mossad လို့ခေါ်တဲအစ္စရေးထောက်လှမ်းရေးအဖွဲ့ရဲ့မျက်စိကျခြင်းကိုခံခဲ့ရပါတယ်။ဂျုးလူမျိုးလည်းမဟုတ်၊ အစ္စရေးနိုင်ငံသားလည်းမဟုတ်ဂျာမနီမှာနေပြီးဒီလိုအဖွဲ့အတွက်အလုပ်လုပ်ပေးတယ်ဆိုတာ ထူးဆန်းပါတယ်။ဒီလိုနဲ့သူ့ကိုအီရန်ကိုလွှတ်ပြီးသူလျှိုလုပ်ခိုင်းဖို့ အသေးစား စစ်ဆင်ရေးတွေနဲ့စခိုင်းရာကနေ တဖြေးဖြေးသူ့ထမ်းဆောင်ရတဲ့စစ်ဆင်ရေးဟာ အရေးကြီးလာပြီးအထိအခိုက်မခံတဲ့စစ်ဆင်ရေးဖြစ်သွားပြီးနောက်...ဌာနချုပ်နဲ့ ရေချယ်နဲ့ သူ့ရဲ့အထက်အရာရှိဖြစ်သူသောမတ်စ်တို့ကြားမီးပွားတစ်ခုဖြစ်ပွားခဲ့ပြီးအဲဒီမီးပွားဟာအစ္စရေးနိုင်ငံကိုခြိမ်းခြောက်မှုဖြစ်စေတဲ့အထိ ဖြစ်လာတဲ့နောက်မှာတော့ရေချယ်ဆိုတာဘယ်လိုအမျိုးသမီးလဲ....သူနဲ့ Mossad တို့ရဲ့ဆက်ဆံရေးကဘယ်လိုလဲ...အီရန်နဲ့အစ္စရေးတို့ရဲ့ နိုင်ငံရေးတစ်စေ့တစ်စောင်းတွေနဲ့အတူတွေ့မြင်ရမှာပါ။ဇာတ်ရှိန်အေးအေးနဲ့ပဲကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (900 MB) and (430 MB) Quality : AMZN WEB-DL 720p Running Time : 1h 40min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN.WEBRip.DDP5.1.x264-CM Translated by Thura Zarni ...
movie
The Operative (2019)
2019
7.8
Mr. Nobody (2009)
သက္ကရာဇ် ၂၀၉၂ခုနှစ်မှာ လူသားတွေဟာဆဲလ်အသစ်တွေကို မဆုံးနိုင်အောင်အစားထိုးခြင်းနဲ့မသေမျိုးတွေဖြစ်အောင်နေထိုင်လာကြပါပြီတစ်ကမ္ဘာလုံးမသေမျိုးဖြစ်နေတဲ့သူတွေဟာ ကမ္ဘာပေါ်ကအသက်၁၁၈နှစ်ရှိပြီဖြစ်တဲ့ တစ်ဦးထဲသော သေမျိုး နီမိုရဲ့နောက်ဆုံးဘဝနေဝင်ချိန်ကို စောင့်ကြည့်နေကြပါတယ်နီမိုမသေခင်မှာ နီမိုကို အင်တာဗျူးတွေလုပ်ကြပါတယ်ဒီနေရာမှာ နီမိုက သူ့ရဲ့ဘဝကို အပိုင်း၃ပိုင်းခွဲပြီးပြောပြပါတယ်ပထမတစ်ပိုင်း : သူ့အသက်၉နှစ် သူ့အဖေနဲ့အမေ ကွာရှင်းတဲ့အချိန်ဒုတိယအပိုင်း : အသင်၁၆နှစ်အရွယ်နဲ့တတိယအပိုင်း : သူ့အသက် ၃၄နှစ်အရွယ်တစ်ပိုင်းစီမှာသူ့ရဲ့ရွေးချယ်မှုတွေအပေါ်မူတည်ပြီးဖြစ်လာနိုင်ချေကိုခေါင်းတွေမူးနောက်နေအောင်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File Size : (1.09 GB) Quality : Blu-ray,720p Running Time : 2h 21min Format : Mp4 Genre : Drama,Fantasy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p Translated by Waizin Wayne Encoded by sithu
movie
Mr. Nobody (2009)
2009
5.4
J.T. LeRoy (2018)
ဒီတစ်ခါဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ကားလေးပါ။လော်ရာဆိုတဲ့အမျိုးသမီးတစ်ယောက်က "ဆာရတ်ခ်ျ" ဆိုတဲ့ဖြစ်ရပ်မှန်ဝတ္ထုကို"JT လရွိုင်း" ဆိုတဲ့ာက်ျားလေးနာမည်သုံးပြီးရေးခဲ့ပါတယ်။အဲ့ဝတ္ထုကရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။သူက JT အနေနဲ့ပဲ ဖုန်းတွေလက်ခံပြောနေခဲ့ပေမဲ့ လူလုံးတော့ထွက်မပြခဲ့ပါဘူး။တစ်နေ့ သူ့ကောင်လေးရဲ့ညီမ ဆာဗတ်နားက သူတို့မြို့ကိုပြောင်းလာပါတယ်။သူကဘဲပြားလိုလို ဘာလိုလိုပေါ့။သူ့ကိုလဲမြင်ရော လော်ရာက JT နေရာမှာသရုပ်ဆောင်ခိုင်းဖို့ အကြံရသွားပါတော့တယ်။သူ့အကြံကရော အောင်မြင်မှာလား။သူတို့တွေ တကယ်မရှိတဲ့ JT ဇာတ်ကောင်နဲ့လူတွေကိုအရူးလုပ်နိုင်မလားဆိုတာတွေကိုတော့ "JT LeRoy" ဆိုတဲ့ကားလေးထဲမှာ ရှုစားကြည့်ကြပါ File Size : (1 GB) & ( 372 MB)Quality : WEB-DL 720pRunning Time : 1 hr 48 minFormat : Mp4Genre : Biography , ...
movie
J.T. LeRoy (2018)
2018
6.0
Welcome to Marwen (2018)
Drama ကားကောင်းကောင်းတစ်ကားကို သင်မျှော်လင့်နေပါသလား။တစ်ကားလုံးသင့်ကိုဆွဲခေါ်သွားတာမျိုးကို ခံစားချင်ပါသလား။ဒါဆိုရင်တော့ Welcome to Marwen ကို ကြည့်ရှုလိုက်ပါလို့ပဲ တိုက်တွန်းပါရစေ။အစပိုင်းဇာတ်ရည်မလည်ခင်အထိတော့ အူကြောင်ကြောင်နိုင်ပေမယ့်တစ်ဖြည်းဖြည်းနဲ့ အချိတ်အဆက်မိမိနဲ့ အရသာရှိလာစေမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။ဝိုင်းပြီးထိုးကြိတ်ခံလိုက်ရလို့ ဆေးရုံတက်နေရတဲ့အမေရိကန်စစ်ပြန်ကြီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။အားပေးကြပါဦးနော် File Size : (1 GB) & ( 300 MB)Quality : BluRay 720pRunning Time : 1 hr 56 minFormat : Mp4Genre : Biography , Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded ...
movie
Welcome to Marwen (2018)
2018
1
2
Next