Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Diana Kent
6.4
The Awakening (2011)
Horror ပရိသတ်များအတွက် slow burn လေးနဲ့ ဖြည်းဖြည်းချင်းကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော်ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominicWest နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်းများခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး ImeldaStaunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း--------------------အမျိုးသမီးတွေဟာ ပညာရေးပိုင်းနဲ့မသက်ဆိုင်ဘူးလို့ တစ်ပိုင်းတစသတ်မှတ်ထားကြတဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအချိန်မှာ ဖလောရန့်စ်ကတော့ ပညာရေးပိုင်းထူးချွန်ပြီး အင်္ဂလန်ရဲ့ အထက်မြက်ဆုံးလူတွေထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားလေ့လာနေတဲ့သူဖြစ်တဲ့အလျောက် လက်တွေ့အရှိတရားတွေကိုပဲယုံကြည်ပြီး သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးလို့မှတ်ယူထားတာပါ။ ဒီလိုမှတ်ယူထားတဲ့အတွက် သူ့ရဲ့ ကောင်းမွန်တဲ့ဉာဏ်စွမ်းနဲ့အတွေးအခေါ်တွေကို ပေါင်းစပ်အသုံးချပြီး မြို့တွင်းက သရဲတစ္ဆေခေါ်ပွဲတွေ၊ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သရဲယောင်ဆောင်ထားတဲ့လူတွေကို လက်ပူးလက်ကြပ်ဖမ်းပြကာ ဝိညာဉ်တွေတကယ်မရှိကြောင်းသက်သေလိုက်ပြလေ့ရှိပါတယ်။တစ်နေ့မှာတော့ ...
movie
The Awakening (2011)
6.8
Star Wars: Episode IX – The Rise of Skywalker (2019)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode IX – The Rise of Skywalker (2019)
2019
4K HEVC
7.1
The Wings of the Dove (1997)
The Wings of the Dove (1997)~ IMDb - 7.6/10, Rotten Tomatoes - 100% ~မီလီ - "ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့"မာတွန် - "ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ"မီလီ - "ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်""ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။" မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ ...
movie
The Wings of the Dove (1997)
2024
7
One Day (2011)
One Day (2011)~ IMDb rating - 7/10 ~One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ...
movie
One Day (2011)
2011
7.0
Suite Francaise (2014)
Suite Francaise (2014)********************Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်းနှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်းဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကိုပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo ...
movie
Suite Francaise (2014)
6.7
Runaway Bride(1999)
Runaway Bride(1999)********************မင်းသားကြီး Richard Gere နဲ့ Julia Robertငယ်စဉ်က ဇာတ်ကားဖြစ်တဲ့အတွက်အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းပါးရေးဆရာ Ikeက ပင်တိုင်ဆောင်းပါးအတွက်ဘုံဆိုင်က အမူးသမားတစ်ယောက်ပြောပြတဲ့ မင်္ဂလာဆောင်ခါနီးထွက်ထွက်ပြေးသွားတဲ့သူတို့သမီးအကြောင်းရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီးIkeရဲ့အရေးအသားတွေကြောင့် အမျိုးသမီးဝါဒဆန့်ကျင်ရေးသမားအဖြစ် Ikeဟာ အလုပ်ပြုတ်သွားပါတယ်။သူ့ဂုဏ်သိက္ခာ အဖက်ဆယ်နိုင်အောင်နဲ့ အလုပ်ပြန်ရဖို့အတွက်အဲဒီရှောင်ပြေးသူတို့သမီးရှိရာမြို့ငယ်လေးဆီကို သူ့အကြောင်းစုံစမ်းဖို့ Ikeသွားခဲ့ပါတယ်။မြို့ငယ်လေးဆီရောက်တဲ့အခါ Ike ဘာတွေကြုံရမလဲ ရှောင်ပြေးသူတို့သမီးကရောဘာလို့မင်္ဂလာဆောင်ခါနီးမှ ထွက်ထွက်ပြေးနေရတာလဲသူတို့ကြားမှာရော ဘယ်လိုအကြောင်းတွေဖန်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size :(2.3GB)(946 MB) and (304MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:59:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie
Runaway Bride(1999)
6.7
The Last Letter from Your Lover(2021)
The Last Letter from Your Lover(2021)*************************************"ဘာလို့လဲ အချစ်ရယ် မင်းမရှိတဲ့အချိန်တွေမှာ ကိုယ်ဟာ ဘာကြောင့်များအသက်မဲ့သလို ခံစားနေရတာလဲ" ====အန်းနက်စ်ဟယ်မင်ဝေး=== မင်းနဲ့ကိုယ်ဟာ အမှတ်မထင်တွေ့ဆုံခဲ့ရပြီး မင်းဟာ ကိုယ့်အတွက်မဟုတ်သလို ကိုယ်ဟာလောင်မြိုက်မှုတွေကြားမှာ နေသားတကျ။ အမည်တပ်မရတဲ့ ကိုယ်တို့ရဲ့ဆက်ဆံရေးတွေကိုတိတ်တခိုးပုံဖော်ရင်း ဆုပ်ကိုင်စရာ မယ်မယ်ရရမရှိတာကိုတောင်ကိုယ် လောဘကြီးချင်နေမိတယ်။ တားမြစ်ထားတဲ့ ကိုယ်တို့ရဲ့အချစ်ကိုမရမကတည်ဆောက်ရင်း မင်း ကိုယ့်ဆီရောက်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်စောင့်နေဆဲပါ။ သတင်းစာတိုက်တစ်ခုရဲ့ ဂျာနယ်လစ်ဖြစ်သူ အယ်လီဟာ အမျိုးသမီးအယ်ဒီတာတစ်ယောက်ဆုံးသွားလို့အဲဒီအယ်ဒီတာအကြောင်းဖော်ပြဖို့ သူချန်ထားခဲ့တဲ့စာတမ်းတွေကို လှန်လှောရင်း အမှတ်မထင်စာတစ်စောင်တွေ့လိုက်ရပါတယ်။ ထပ်ပြီးမွှေနှောက်ရင်း ဒီလိုပေးစားအများအပြားကိုထပ်တွေ့ခဲ့ရပြီး ဒီစာတွေထဲမှာ ၁၉၆၅ခုနှစ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကိန်းအောင်းနေတာသိလိုက်ရပါတယ်။ ဒီတော့ အယ်လီဟာ ဒီစာတွေရဲ့ပိုင်ရှင်တွေ ဘာဆက်ဖြစ်သွားလဲဆိုတာသိရှိဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကိုပဲ ပါဝင်စီးမျောစေလိုတာကြောင့် ဒီလောက်ပဲ ပြောပြပါရစေခင်ဗျာ။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုဟာ Me Before Youရဲ့ စာရေးဆရာမဖြစ်တဲ့ Jojo Moyesပဲ ရေးသားထားတာကြောင့်အချစ်ဇာတ်လမ်းစစ်စစ်တစ်ပုဒ်ဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။သရုပ်ဆောင်အတွေအနေနဲ့ကလည်း တေလာဆွစ်ရဲ့ London boyလေးJoe Alwyn၊ Fantastic ...
movie
The Last Letter from Your Lover(2021)