Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Di Quon
Maid in Manhattan (2002)
ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon
movie
Maid in Manhattan (2002)
4.4
Soulmates (2021)
Soulmates (2021)ကိုယ်နဲ့အမြဲတမ်းတတွဲတွဲရှိနေခဲ့တဲ့သူငယ်ချင်းက နောက်သူငယ်ချင်းအသစ်ရသွားတဲ့အခါတို့၊ရည်းစားရသွားတဲ့အခါတို့ အဲဒီလိုအသစ်ရသွားပြီး ကိုယ့်ကိုပလစ်ပစ်တဲ့အဖြစ်မျိုးကြုံဖူးကြလား ..?မကြုံဖူးတဲ့သူတွေတော့သိလောက်မှာမဟုတ်ပေမယ့်ကြုံဖူးတဲ့သူတွေအတွက်ကတော့ တကယ့်ကိုဝမ်းနည်းစရာ ဒေါသထွက်စရာအဖြစ်ပါ။Vermont ပြည်နယ်မှာ ဟိုးငယ်ငယ်လေးထဲက တစ်မြို့တည်းအတူနေ တစ်ကျောင်းတည်းတက်ပြီးအတူတူကြီးပြင်းခဲ့ကြတဲ့ Jess နဲ့ Sam ဆိုတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ရှိကြတယ်။သူတို့ပြည်နယ်လေးရဲ့ အဓိကနာမည်ကြီးလုပ်ငန်းကတော့ Mapel Syrup ထုတ်တာပေါ့။ဒီလိုနဲ့တစ်ရက်မှာ ယာမြေလုပ်ငန်း မွေးမြူခြံလုပ်ငန်း အများဆုံးလုပ်ကိုင်ကြတဲ့ သူတို့ပြည်နယ်ကိုပီတာဆန်ဆိုတဲ့ Mapel Syrup စက်ရုံကြီးလာတည်ပါလေရော။ကိုယ့်မြေပေါ်ကျူးကျော်ပြီး ကိုယ့်လုပ်ငန်းကိုလာလုနေတဲ့ ပီတာဆန်ကလူတွေကိုJess နဲ့ Sam တို့နယ်ခံတစ်အုပ်က မကြည်ကြပါဘူး။မကြည်နေတဲ့ကြားထဲမှ Jess က ပီတာဆန်လုပ်ငန်းရဲ့တာဝန်ခံ London နဲ့ချစ်ကြိုက်သွားပါတော့တယ် (ခုမြင်ခုကြိုက်သွားတာနော် အံ့ပါ့:,))ထုံးစံအတိုင်း လူတွေကရည်းစားရသွားရင် နှစ်အကြာကြီးခင်လာတဲ့သူငယ်ချင်းဘာညာလည်းမမြင်တော့ဘူးအကုန်ပလစ်ပြီး ရည်းစားသည်သာနံပတ်မှာ “တစ်”ကြတာမဟုတ်လား။အဲဒီမှာတင် သူ့နေရာကိုလုသွားတယ်ဆိုပြီး London ကိုတင်းနေတဲ့ Sam ...
movie
Soulmates (2021)
2021
6.0
Grown Ups (2010)
Grown Ups ဆိုတဲ့ကားလေးက ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ အမေရိကန် comedy ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ အလယ်တန်းတုန်းက အတူဘတ်စကတ်ဘောကစားခဲ့ကြတဲ့သူငယ်ချင်း ၅ ယောက် သူတို့ရဲ့ နည်းပြဖြစ်သူ ဆုံးသွားကြောင်းကို ကြားသိပြီးနောက် ပြန်လည်ဆုံစည်းဖြစ်ခဲ့ကြပုံလေးပါ။သူငယ်ချင်း ၅ ယောက်ဆိုပေမယ့် မတူကွဲပြားတဲ့ စရိုက်ကိုယ်စီ ရှိကြသူတွေဖြစ်ပြီး လက်ရှိမှာလည်း ကိုယ်ပိုင် မတူညီတဲ့ ဘဝအသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။ဒါပေမယ့်ဒီလိုစရိုက်မတူသူ ၅ ဦးကပဲ ငယ်စဉ်က ကျောင်းဘတ်စကတ်ဘော ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိိခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ဘတ်စကတ်ဘောလို အားကစားတစ်ခုကစားရာမှာ တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။တစ်သင်းလုံး တက်ညီလက်ညီ စိတ်တူကိုယ်တူနဲ့ အပေးအယူမျှမျှှ ကစားရတာမျိုး ဖြစ်ပါတယ်။ဒါပေမယ့်ဒီလို စရိုက်ချင်းမတူညီကြတဲ့ သူငယ်ချင်း ၅ ယောက်ကရော ဘယ်လိုကြောင့် ပြိုင်ပွဲမှာအနိုင်ရရှိခဲ့ကြတာလဲ?သူတို့ ၅ ယောက်ရဲ့ တူညီတဲ့ အချက်ကရော ဘာဖြစ်နိုင်မလဲ?နှစ်တွေအကြာကြီး ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့တဲ့အခါမှာရော ...
movie
Grown Ups (2010)
2010