Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dharmendra Gohil
6
Maharaj (2024)
Maharaj (2024) "အများနဲ့တစ်ယောက်"IMDb 6.4ဖြစ်ရပ်မှန် အမှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ ဒရာမာရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့ငယ်ငယ်က မိဘဘိုးဘွားတွေကို ဘာသာတရား၊ ဓလေ့ထုံးတမ်းတို့ကို အကျအနကောက်ပြီး တန်ပြန်မေးခွန်းထုတ်လာတဲ့အခါကျ "ငရဲကြီးမယ် မမေးရဘူး" လို့ အပြောခံရဖူးမှာပါဒီလို အများနဲ့တစ်ယောက်ဆန်ဆန် အတွေးအခေါ်နဲ့ လက်တွေ့တရားကိုသာဆုပ်ကိုင်ထားသူ၊ ရှေးရိုးစွဲတွေကို မျက်စိဆံပင်မွှေးစူးနေတဲ့လူကတော့ ဂျာနယ်လစ် ကာဆန်ပါပဲသူဟာ ၁၈၆၀ အိန္ဒိယလို ရှေးရိုးစွဲအယူဝါဒများလွန်းတဲ့ နိုင်ငံမှာ ၊ မုဆိုးမများကို တန်းညီဆက်ဆံရေး၊ ခေတ်သစ်အတွေးအခေါ်တို့ကို ဟောပြောရေးသားလေ့ရှိပြီး ချစ်ရသော ဇနီးလောင်း ကီရှိုရီကတော့ မိရိုးဖလာ ဓလေ့တို့ကို မျက်စိစုံမှိတ်ယုံကြည်သူတစ်ယောက်'ဟိုလီ' ဆေးရောင်ခြယ်ပွဲတော်နေ့မှာ သူတို့နယ်က လူတိုင်းလေးစားရတဲ့ ဂုရုတစ်ပါးဖြစ်တဲ့ ဂျေဂျေဟာ "ချာရန်စီဗာ" ဆိုတဲ့ ခြေလက်ဆေးကြောအရိုအသေပေးတဲ့ အမှုကိုပြုဖို့ အပျိုစင်ဖြစ်သူ ကီရှိုရီကို ရွေးချယ်လိုက်တယ်လူတိုင်းလေးစားရတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဟာ ဘာသာတရားအမည်ခံပြီး ကီရှိုရီ့ကို မဖွယ်မရာလုပ်နေတာ ကာဆန်တစ်ယောက် မြင်သွားတဲ့အခါမှာတော့ …ဘယ်လိုတွေဆက်ဖြစ်မှာလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File ...
movie
Maharaj (2024)
2024
6.7
Kutch Express (2023)
IMDb-6.7/10ငယ်ငယ်ကသွားကြီးလေး ကြီးမှခန့်ချောလေးဖြစ်လာတဲ့ Darsheel Safary ၊ အပြင်မှာခပ်လန်းလန်းနေတတ်ပြီး ရိုးအတဲ့ဇာတ်ကောင်နေရာနဲ့ Manasi Parekh ၊ ဆံဖြူသည်ထိ မပင်မပန်း ကျရာဇာတ်ကောင်မျိုးစုံလုပ်နိုင်နေသေးတဲ့ မင်းသမီးကြီးRatna Pathak Shah အရွယ်သုံးပါးစုံစုံလင်လင် ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုယ့်မွေးနေ့မှာတောင် ကျန်တစ်အိမ်သားလုံးရဲ့အကြိုက်တွေကိုရွေးပြီး စုံနေအောင်ချက်ပေးတတ်တဲ့ မွန်ဂီဟာ သူ့ကိုယ်သူအိမ်ထောင်ရေးကံ မိသားစုကံကောင်းလွန်းသူပါဆိုပြီး ပျော်နေသူပေါ့ သူက မိသားစုအရေးနဲ့ မီးဖိုချောင်ထဲမှာပဲဘဝကိုမြှုပ်ထားပေမဲ့ ဘာမှမသိမတတ် နုံနုံအအတော့မဟုတ်ပါဘူးသူ့ခင်ပွန်း ဒါမက်ရှ်ကတော့ ခပ်ရိုးရိုးပုံတုံးတုံးနေတဲ့အိမ်ရှင်မကို အထင်မကြီးလူရာမသွင်းပါဘူး မွေးနေ့ကိုတောင် ဘေးလူပြောမှသိ ဟတ်ပီးဘတ်ဒေးပြောပေးဖို့တောင် နှုတ်ဆွံ့နေသတဲ့ ဒီလိုအိမ်ထောင်ရေးမှာဖြစ်လာမဲ့အဖုအထစ်ကတော့ ဖောက်ပြန်မှုကလွဲတခြားမရှိ....ဒါမက်ရှ် ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ဖောက်ပြန်နေမှန်းသိလိုက်ရချိန် ဒီလူကိုပဲတစ်မျက်နှာတစ်ကမ္ဘာလုပ်ထားတဲ့ မွန်ဂီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ...အိမ်ထောင်ဆိုတာ မကုန်မခမ်းနိုင်အမျိုးစုံသုခဒုက္ခပေါင်းစုံရာကမ္ဘာပဲလေ ဒီတော့ဒီကားမှာရော ဒီလိုပဲဖန်တရာထေဇာတ်လမ်းပုံစံဖြစ်နေပါ့မလားဘယ်လိုမတူညီတဲ့ရှုထောင့်တွေပါမလဲ...(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Aditi ~ YH ~ V တို့ပဲဖြစ်ပါတယ်) File size…2.1GB / 844MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie
Kutch Express (2023)
2023
7.6
102 Not Out (2018)
IMDb rating : : 7.6ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . .ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ် တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် ...
movie
102 Not Out (2018)
2018