Channel Myanmar

Dhanraj Sukhram

Indrani – Epic1: Dharam vs Karam (2024) 7.1
Indrani – Epic1: Dharam vs Karam (2024) Indrani: Epic-1 Dharam vs Karam ( 2024 ) "စူပါဂဲလ်အင်ဒရာနီ"CM ပရိသတ်ကြီးအတွက် အိန္ဒိယ time travel ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၁၂၂ ခုနှစ်မှာ တရုတ်တွေက အိန္ဒိယနဲ့ကမ္ဘာကြီးကို ကျူးကျော်ဖျက်စီးဖို့ သွေးတိုးစမ်းလာပါတယ်..သူတို့မှာ ရန်သူ့လေယာဉ်တွေကို ခြေရာခံထောက်လှမ်းလို့မရအောင် တားဆီးပေးတဲ့ Material တစ်ခုကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာကြောင့် ပြဿနာကြီးဖြစ်လာပါတယ်..အဲဒီပြဿနာကိုဖြေရှင်းဖို့ အဲဒီ Material အကြောင်းသိဖို့လိုလာတဲ့အတွက် အချက်အလက်ရှာဖွေရာကနေ ဒီ Material ကို အောင်မြင်စွာစတင်စမ်းသပ်နိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က အိန္ဒိယလူမျိုးသိပ္ပံပညာရှင်တွေဖြစ်ကြောင်းကို သိရှိသွားပါတော့တယ်..ဒါပေမဲ့ သူတို့ဟာ ပရောဂျက်အောင်မြင်ကြောင်းကြေညာပြီးနောက်တစ်ရက်ကစပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားကြတာမလို့ သုတေသနကြီးဟာလည်း သူတို့နဲ့အတူ ပျောက်ဆုံးသွားရပါတယ်.. ဒီလိုနဲ့ လက်ရှိအိန္ဒိယနဲ့ကမ္ဘာကြီးကို ကာကွယ်ကယ်တင်ဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကိုသွားပြီး ဘာတွေဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းဖော်ထုတ်ဖို့ဖြစ်လာပါတယ်..လွန်ခဲ့တဲ့နှစ်တစ်ရာက ဘာတွေဖြစ်ခဲ့သလဲနဲ့ ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn ...
movie

Indrani – Epic1: Dharam vs Karam (2024)

2024
Abbabba (2024) 7
Abbabba (2024) Abbabba (2024) အဆောင်မှအပြန်ခရီးဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အ​ဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ...
movie

Abbabba (2024)

2024
Bhuvanavijayam (2023) 6.9
Bhuvanavijayam (2023) Bhuvana Vijayam(2023) IMDb-6.9/10ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni
movie

Bhuvanavijayam (2023)

2023
Anukoni Prayanam (2022) 6.5
Anukoni Prayanam (2022) Anukoni Prayanam ( 2022 ) IMDb 6.5/10လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀နိဂုံးအဆုံးသတ်မဲ့နေရာကို ရွေးချယ်လို့ရပါသလား... ။ ဘယ်အချိန်‌ရောက်လာမလဲမသိရတဲ့ဘ၀နေ၀င်ချိန်ကို ကြိုတင်ခန့်မှန်းဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီဇာတ်လမ်းကတော့ မွေးရပ်မြေမှာပဲခေါင်းချချင်တဲ့သူငယ်ချင်းရဲ့ဆန္ဒကို ဖြစ်မြောက်အောင်ဖြည့်ဆည်းပေးမယ့်လူသားဆန်တဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့အတိုင်း တနယ်တကျေးမှာအလုပ်လုပ်နေကြရတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ လုပ်ငန်းခွင်မှာမတော်တဆဆုံးပါးသွားတဲ့ လူတစ်ယောက်ကိုကြည့်ပြီး သူသေရင်တော့မွေးရပ်မြေမှာပဲသေချင်တယ်လို့ သူငယ်ချင်းရာဂျူးကပြောပါတယ်။အဲဒီနောက် ကိုဗစ်လူနာတွေတိုးလာပြီး အစိုးရကလော့ဒေါင်းချတော့မဲ့အချိန်မှာ သူတို့အလုပ်ခွင်လည်းပိတ်ပြီ း ဇာတိပြန်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ ရာဂျူးဟာ ရွာအပြန်ခရီးမစခင်မှာပဲ ရုတ်တရတ်ဆုံးပါးသွားပါတော့တယ်။ သူငယ်ချင်းရာဂျူးရဲ့ဆန္ဒအတိုင်း သူ့ရဲ့မွေးရပ်မြေဇာတိရွာကလေးမှာသင်္ဂြိုလ်နိုင်ဖို့ သူငယ်ချင်းရဲ့အလောင်းကိုသယ်ကာ တစ်ယောက်ထဲခရီးဆက်ရတဲ့အခါ... ကိုရိုနာ‌လော့ဒေါင်းကန့်သတ်ချက်တွေကြောင့် လမ်းခရီးမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ...သူငယ်ချင်းရဲ့ဆန္ဒကို‌ရော ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကတော့..။ File size…2.2GB / 1GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ OeliuJ
movie

Anukoni Prayanam (2022)

2022
Bujji… Ila Raa (2022) 8.3
Bujji… Ila Raa (2022) Bujji Ila Raa ( 2022 ) IMDb 8.3/10ဒီတစ်‌ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေမှကြိုက်တယ်ဆိုသူတွေအတွက် နောက်ထပ်Teluguမှုခင်းဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဝါရန်ဂယ်လို့‌ခေါ်တဲ့မြို့တစ်မြို့မှာ ပြန်ပေးဆွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ပြန်ပေးဆွဲခံရသူတွေကလည်း အသက်ရှစ်နှစ်အရွယ်မိန်းကလေးတွေချည်းပါပဲ။စီအိုင်ရဲအရာရှိ ကီရှိုးနဲ့မိသားစုဟာလည်း အဆိုပါမြို့ကိုပြောင်းရွေ့လာရတဲ့အတွက် အရာရှိကီရှိုးတစ်ယောက် ပြန်ပေးဆွဲမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးအရေအတွက်ဟာလည်း တစ်စထက်တစ်စပိုများလာခဲ့ပြီး အလောင်းတွေကိုပါတွေ့ရှိလာရပါတယ်။ ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ နှလုံးတွေကိုပဲထုတ်ယူထားတာတွေ့ရှိရတဲ့အတွက် ကိုယ်တွင်းကလီစာမှောင်ခိုမှုတွေနဲ့များ ဆက်စပ်လေမလားဆိုပြီး အရာရှိကီရှိုးတစ်ယောက် ဦးနှောက်ခြောက်ရပြန်ပါတယ်။ ပြန်ပေးသမားတွေရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေတာလဲ ...မြို့ကကလေးတွေရဲ့အန္တရာယ်ကိုရော ဖယ်ရှားပေးနိုင်ပါ့မလား ... ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဇာတ်လမ်းရဲ့အလယ်လောက်မှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အံ့အားသင့်စေဦးမှာပါ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရင်ခုန် ကြည့်ရှုပေးကြပါဦး။ File size…2.2GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie

Bujji… Ila Raa (2022)

2022
Kothala Rayudu (2022) 8.9
Kothala Rayudu (2022) Kothala Rayudu (2022)================= IMDb Rating - 8.9/10IMDb ကြီးမြင်ပြီး လန့်မသွားနဲ့ဦးဗျ။ ဟ Game of Thrones ကိုတောင်မီခါနီ: ပါလားတို့ဘာတို့ပေါ့။ တမီးလ် IMDb rating ဆိုတော့ ဒီလောက်တော့ နည်းနည်း ပါးပါးရှိတာပေါ့ဗျာ၊ နိုင်ငံတကာဘာညာကွိကွတွေရဲ့ မျက်စိထဲသာ ဒါဟာမသင့် တော်တဲ့ Rating ကြီးဘာညာလာမှာဗျ။ တောင်ပိုင်းကားကြိုက်နှစ်သက်သူတွေ အတွက်‌ဆိုရင်တော့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားလေးပါ။ Action/ Romance အမျိုးအစားဆိုတော့ အက်ရှင်ခန်းကောင်းကောင်းလေးနဲ့ မေတ္တာဇာတ်လမ်းလေးခံစားချင်ရင် ကြည့်ရမယ့်ကားမျိုး။ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ...
movie

Kothala Rayudu (2022)

2022