Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Devery Jacobs
Backspot (2024)
အောင်မြင်မှုနဲ့ ပြီးပြည့်စုံမှုကို ဆာလောင်နေတဲ့ ဆယ်ကျော်သက် ပန်းပွားအကအဖွဲ့ဝင် ရိုင်လီနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အမန်ဒါ ထိပ်တန်းပန်းပွားအကအဖွဲ့ Thunderhawksမှာပါရဖို့အတွက် သူတို့ရဲ့ကြိုးစားမှုနဲ့ ရုန်းကန်မှုတွေ ဒါပေမဲ့ ပြိုင်ပွဲဆိုတာက အနိုင်နဲ့အရှုံး နှစ်ခုတည်းပဲရှိတာမလို့ ပြိုင်ဆိုင်မှုတွေနောက်ကနေပါလာတဲ့ ကျရှုံးမှု သဘောထားကွဲလွဲမှုတွေကို သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ။Thunderhawksကိုရောက်သွားချိန်မှာရော တောင်းဆိုချက်တွေမြင့်မားလွန်းတဲ့ အကသမားတွေကို ဖိအားပေးလွန်းတဲ့နည်းပြရဲ့ demandတွေကိုရော သူတို့ဘယ်လိုလိုက်မီအောင်ကြိုးစားရမလဲ။ ဆယ်ကျော်သက်နဲ့မမျှတဲ့ ဖိအားတွေကြုံလာချိန်မှာ ဖြစ်တတ်တဲ့ သဘာဝတွေ အပြုအမူတွေနဲ့ ဒါတွေကို ရိုင်လီတစ်ယောက် ဘယ်လိုဖြတ်ကျော်မလဲ။ လူစာရင်းထဲက ဖယ်ထုတ်မခံရဖို့ ချန်ပီယံပြိုင်ပွဲမှာပါဝင်ခွင့် သူဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။ File size…(1.7 GB)/(971 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy
movie
Backspot (2024)
5.2
This Place (2022)
ယိုစသာ ဆိုတဲ့အင်ဒီးယန်းမျိုးနွယ်ကောင်မလေးဟာ ကျောင်းဆက်တက်ဖို့အကြောင်းပြချက်နဲ့မြို့တော်ကြီးကိုတက်လာခဲ့ပေမယ့် သူ့ရဲ့တကယ့်ရည်မှန်းချက်က မွေးကတည်းကမမြင်ဖူးခဲ့တဲ့ဖခင်ဖြစ်သူကိုရှာဖို့ဖြစ်ပါတယ်။သူနဲ့သူ့ဖခင်ကိုကိုဝေးကွာစေခဲ့တဲ့ မိခင်ကိုအပြစ်မတင်နိုင်မတင်ရက်ပေမယ့် ခွင့်လွှတ်ဖို့လည်းသူ့အတွက်ခက်နေပါတယ်။ အဲ့ဒီအချိန်မှာ မာလယ်ဆိုတဲ့ သီရိလင်္ကာနိုင်ငံသူ တမီလ်လူမျိုးအမျိုးသမီးလေးနဲ့ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့နောက် နှစ်ဦးသားအပြန်အလှန် ရင်ဖွင့်ဖလှယ်ကြရင်း ဘ၀ရဲ့ပြဿနာတွေ ဒွိဟတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။This Place ဟာ ထူးခြားတဲ့ဇာတ်အလှည့်အပြောင်းမပါ၊ ရိုးရှင်းတဲ့တင်ဆက်ပုံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းရှုစားရမယ့် coming of age drama ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(584 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias
movie
This Place (2022)
5.8
The Lie (2018)
The Lie (2018) ============ဒီဇာတ်ကားလေးကတော့ broken family တစ်ခုရဲ့ သက်ရောက်မှု တွေကို ဖော်ကြူးထားပါတယ်။ ဆယ်ကျော်သက်လေး ကေလာဟာ အမေ အဖေ တစ်ကွဲစီနဲ့ ဟိုကူးဒီကူးလုပ်နေရသူလေးပါ။ မိဘတွေ ကိုယ်စီမှာလည်း နောက်လူ အသီးသီးနဲ့ပေါ့။ တစ်ရက် ကျောင်းကပွဲ ကို တက်ရမယ့် အသွားလမ်းမှာ သူငယ်ချင်း ဘရစ်တနီကို တွေ့တာမို့ သူ့အဖေကားနဲ့ တစ်ပါတည်းလိုက်ဖို့ ခေါ်ခဲ့တယ်။ဘရစ်တနီဆိုတာလည်း အလန်းဇယားလေးတစ်ယောက်၊ ကိစ္စလေး တစ်ခုနဲ့ စကားများရင်း အဖေ့ကွယ်ရာအရောက် သူငယ်ချင်းကိုတွန်း ချလိုက်စဉ်မှာ ပြဿနာတွေက စပါတော့တယ်။ သမီးဖြစ်သူ ငယ်ငယ် ရွယ်ရွယ်ကို ထောင်ထဲအပါမခံနိုင်တဲ့ မိဘတွေရဲ့ ကြိုးပမ်း အားစိုက် လိမ်ညာမှု၊ သူတို့တွေရဲ့ အပူမီးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့် ဒရာမာကောင်းလေး ဖြစ်တာမို့ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thu Thu ဖြစ်ပါတယ်)File Size..........(1.22 GB) / (455 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Thu Thu Encoder..........SWM
movie
The Lie (2018)
2018
5.6
Blood Quantum (2019)
Rotten Tomatoes 90% ရရှိထားတဲ့ ဒီရှပ်ရှင်ဟာဇွန်ဘီအပေါ်ကလေ့ပ်စ်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။အမေရိကားမှာရှိတဲ့ လူနီရိုင်းအပိုင်ဒေသကဖုတ်ကောင်တွေနဲ့ကမ္ဘာပျက်တဲ့အကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာထူးဆန်းစွာနဲ့ပဲလူနီရိုင်း(နေးတစ်အမေရိကန်)တွေဟာ ဇွန်ဘီပိုးကို Immune ဖြစ်နေကြပါတယ်။လူဖြူတွေကသာအကိုက်ခံရရင် ပိုးကူးစပ်ပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲကြပါတယ်။ဇွန်ဘီရုပ်ရှင်တွေထဲမှာ လူနီရိုင်းဇွန်ဘီကားဆိုတော့ကြည့်ရတာ ထူးထူးခြားခြားလေးဖြစ်နေပါတယ်။လူမှုရေးအရှုပ်ထွေးတွေနဲ့ သေရေးရှင်ရေးကိစ္စတွေဖြစ်နေတာတောင် လူတွေရဲ့အတ္တ၊ မာန၊ဒေါသတွေဟာ ခဝါချနိုင်ဖို့မလွယ်တဲ့အကြောင်းရှင်သန်ဖို့အတွက်ဆိုဘာမဆိုလုပ်မဲ့ သူတွေအကြောင်းစတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းက ကျီးနီ(Red Crow)ကိုယ်ပိုင်ဒေသမှာငါးအသေတစ်ကောင်အသက်ပြန်ရှင်လာတာ၊ခွေးအသေအသက်ပြန်ရှင်လာတာကနေ စပါတယ်။နောက်ပိုင်း လူတွေပါ ပိုးကူးစပ်ပြီးဇယားတွေကပ်ကုန်ကြပါတော့တယ်။ရဲမှူး ထရေဗာတစ်ယောက်ပြဿနာတွေကိုဦးဆောင်ဖြေရှင်းဖို့ဖြစ်လာပြီးခံတပ်တွေ စခန်းတွေဆောက်ကာ အစုဖွဲ့နှင့်ရှင်သန်နေရာမှအပြင်ဘက်မှာ ပိုးထိထားတဲ့ လူဖြူဒုက္ခသည်တွေကိုစခန်းသို့ချွေးမဖြစ်သူ လူဖြူမချာလီခေါ်ဆောင်လာရာမှာဒုက္ခလှလှတွေ့ကြပါတော့တယ်။ဘယ်လိုရှေ့ဆက်ပြီး သတ်ဖြတ်ရှင်သန်ကြမလဲ၊ဘယ်သူတွေက ဘယ်လိုထဖောက်ကြမလဲဆိုတာဇာတ်လမ်းအဆုံးထိကြည့်ရှုခံစားကြည့်ရမှဖြစ်ပါတယ်။ File size… 1.46 GB / 709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ..... Action , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Paing
movie
Blood Quantum (2019)
2019
5.2
We Burn Like This (2021)
We Burn Like This (2021)==================ဒီဇာတ်ကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိခဲ့တဲ့ ဒရာမာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ရေး နဲ့ ခရစ်စီဘီ တို့ သူငယ်ချင်းမလေးနှစ်ယောက်က ဘေးလင်းစ်မြို့ကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ ဂျူးလူမျိုးနှစ်ယောက်ပေါ့။ ငယ်စဉ်ကတည်းက ထားသွားခဲ့တဲ့ မိခင်နဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရခဲ့တဲ့ ရေး တစ်ယောက်ဟာ ချစ်သူဆီကနေလည်း ထားသွားခြင်းကို ခံခဲ့ရပါတယ်။သူငယ်ချင်းဖြစ်သူ ခရစ်စီဘီကလည်း သူမရဲ့ ချစ်သူဖြစ်သူနဲ့ပဲ အချိန်ကုန် လာတဲ့အခါ ရေးအတွက် အထီးကျန်ဆန်မှုတွေ စတင်လာပါတယ်။ ဒါ့အပြင် ဘေးလင်းစ်မြို့မှာ ဂျူးမုန်းတီးရေးသမား နာဇီတွေရဲ့ ကြီးစိုးမှုကြောင့် ဂျူးတစ်ယောက်ဖြစ်တဲ့ ရေးအတွက် အဆင်မပြေမှုတွေက ဆက်တိုက်ပါပဲ။ ရှေးယခင်သမိုင်းကြောင်းတွေကြောင့် လူသားချင်းတန်းတူညီမျှခွင့်တွေ အခွင့်အရေးတွေဘာမှမရရှိဘဲ ဂျူး ဆိုတာနဲ့ ပြည်နှင်ဒဏ်ပေးခံရတဲ့ အပြစ်သားတွေလို့ မြင်နေကြတဲ့ နာဇီတွေရဲ့ လက်အောက်မှာ ရေး တစ်ယောက် ရှင်သန်နေထိုင်ဖို့ ကြိုးစားပုံတွေကို တွေ့မြင်ရမှာပါ။ရေး က ဘယ်နည်းလမ်းတွေကို အသုံးပြုပြီး သူမရဲ့ဘဝကို ရှေ့ဆက်စေမလဲ ကြောက်ရွံ့မှုတွေကနေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာအပြင်၊ လူငယ်မျိုး ဆက်သစ်တွေအပေါ် အတိတ်ကလူမျိုးရေးခွဲခြားခံရမှုတွေရဲ့ အရိပ်ဆိုးတွေက တစေလိုလိုက်နေပုံတွေကို ကြည့်ရှု့ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie
We Burn Like This (2021)
2021