Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Devanandha
6
Aranmanai 4 (2024)
Aranmanai 4 (2024)"ကျိန်စာသင့်ကလဲ့စား ၄" ==================================== IMDb 6.1/10 နာမည်ကျော် သရဲဟာသရုပ်ရှင်တွဲဖြစ်တဲ့ Aranmanai ရုပ်ရှင်တွဲတွေရဲ့ လေးကားမြောက်ရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီ နံပါတ် ၄ မှာလည်း တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ အရင်ကားတွေရဲ့သရုပ်ဆောင်တော်တော်များများပြန်ပါလာတဲ့အပြင် အားလုံးချစ်တဲ့ မင်းသမီးလေး သမန်းနားလည်း အားဖြည့်ပါဝင်လာခဲ့ပါတယ်။ဒီ လေးခုမြောက်ရုပ်ရှင်မှာလည်း Aranmanai ရုပ်ရှင်တွေရဲ့ထုံးစံ စံအိမ်ကြီးတစ်လုံးရယ်၊ အိမ်ကြီးထဲမှာ ခြောက်လှန့်နေတဲ့သရဲတွေရယ်၊ အိမ်ကြီးနဲ့ပတ်သက်နေတဲ့ ရတက်ပွေတဲ့လူတွေရယ်ကတော့ မပါမဖြစ်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့...ရှေ့နေကြီး ဆာရာဗာနန်ရဲ့ညီမဖြစ်သူတို့လင်မယား ရုတ်တရက်သေဆုံးသွားတဲ့အတွက် ဆာရာဗာနန်ဟာ သူတို့ချန်ထားခဲ့တဲ့ စံအိမ်ကြီးကိုသွားရောက်ပြီး သေဆုံးမှုနောက်ကွယ်က အကြောင်းတွေဖော်ထုတ်ရင်း လူတွေ၊ သရဲတွေနဲ့ ဇာတ်လမ်းရှုပ်မိပုံတွေကို မင်းသမီးတွေရဲ့ ငွားငွားစွင့်စွင့် အလှအပတွေနဲ့အတူ ဟာသစွက်ပြီး ကြောက်ဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ပြထားတာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…3.2GB /1.5GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Aranmanai 4 (2024)
2024
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
8.3
Malikappuram (2022)
Malikappuram (2022) Action, Drama IMDb 8.3/10 (3K)ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့ ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့ ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့ အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။ File size…2.6GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni
movie
Malikappuram (2022)
2022