Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Deva Mahenra
6.8
Kisah Tanah Jawa: Pocong Gundul (2023)
ဒီဇာတ်ကားကတော့ ကျောတချမ်းချမ်းနဲ့ စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမယ့် အင်ဒိုနီးရှားနိုင်ငံသရဲကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ခေတ်နောက်ပြန်ဆွဲနိုင်စွမ်းရှိပြီး အတိတ်ကိုအချိန်ခရီးသွားရင်း အဖြစ်အပျက်တွေကို မြင်နိုင်စွမ်းရှိတဲ့Hao ဟာ မထင်မှတ်ဘဲ ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေးSari ကို ပြန်လည်ရှာတွေ့အောင် ကြိုးစားခဲ့ပါတယ်။ကျောင်းတက်ရင်း ရုတ်တရက် ကျောင်းဝန်းထဲမှာ ပျောက်ဆုံးသွားတဲ့ Sari ကို ဟောင်က သူ့အစွမ်းအစနဲ့ရှာဖွေတဲ့အခါကျောင်းသူလေးကို ပြန်ပေးဆွဲသွားခဲ့တဲ့ သင်္ချိုင်းဖုံးမှာရစ်ပတ်နေတဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ဟောင်ရဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်ဟာ ဟောင်နောက်ကိုလိုက်လာပြီး ဒုက္ခပေးဖို့ကြိုးစားပါတော့တယ်။ ဒီအခါမှာတော့ ဟောင်နဲ့သူ့ကောင်မလေးရီဒါတို့ကြားမှာ ရင်တုန်စရာ အဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်ပျက်လာခဲ့ပြီး ဟောင်က ပိုချောင်ရဲ့အတိတ်ကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ့ရဲ့ဇစ်မြစ်နဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဆယ်နှစ်တကြိမ် လူတွေကိုဒုက္ခပေးနေတဲ့ခေါင်းပြောင်တစ္ဆေကြီးကို ဟောင်တယောက် ဘယ်လိုပညာပေးသွားနိုင်မလဲဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေ၊ သည်းထိတ်ရင်ဖိုစရာတွေနဲ့ အင်ဒိုနီးရှားရိုးရာပုံပြင်တွေကို ပေါင်းစပ်ပြီးကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ File size…1.26GB / 487MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Horror Subtitle….Myanmar Subtitle ...
movie
Kisah Tanah Jawa: Pocong Gundul (2023)
7.4
Ghost Writer 2 (2022)
Ghost Writer 2 (2022)(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Writer ကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ ...Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား ...
movie
Ghost Writer 2 (2022)
2022
6.6
Ghost Writer (2019)
Ghost Writer (2019)နာရာ ဆိုတဲ့တက်သစ်စ စာရေးဆရာမလေးဟာ မိဘတွေဆုံးပါးသွားလို့ မောင်လေး ဒါတို ကို ကျောင်းထား ပေးနိုင်ဖို့ ရုန်းကန်ကြိုးစားနေသူပါ။ ထုတ်ဝေသူဘက်ကလည်း သူ့စာမူအသစ်တွေကို လက်မခံတာ ကြာလာပြီမို့ အိမ်ငှားခသက်သာတဲ့ အိမ်တစ်လုံးကို မောင်လေးဒါတိုနဲ့ အတူပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာပါတယ်။ဒါပေမယ့် လည်း သူပြောင်းလာတဲ့ အိမ် အသစ်ဟာ လူသေထားဖူးတဲ့ အိမ်အိုအိမ်ဟောင်းကြီး ဖြစ်နေတာကိုတော့ သူမသိပါဘူး။ ဒီအိမ်မှာ သူ့ကို မလိုလားတဲ့သူတွေ ကြိုရောက်နေတာကို သူသိလိုက်တဲ့အချိန်မှာတော့ ...ခြောက်ခြား စရာတွေ၊ ဆွတ်ပျံ့ကြည်နူးစရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့် နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။ ခံစားမှုရသမျိုးစုံကို တစ်ကားတည်းနဲ့ အစုံကြည့်ချင် ရင်တော့ အင်မတန် တန်ပါတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။)File Size : ...
movie
Ghost Writer (2019)
2019