Channel Myanmar

Dev Chauhan

Mr. & Mrs. Mahi (2024) 6.5
Mr. & Mrs. Mahi (2024) IMDb 6.5/10 Rotten tomato 64%မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။ File size… 2.06GB / 1GB  Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team 
movie

Mr. & Mrs. Mahi (2024)

2024
Vikram Vedha (2022) 7.1
Vikram Vedha (2022) Vikram Vedha (2022)ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ် သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့...။ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား...။ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်...။ဗစ်ကရမ်...။ သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင် လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ အားကိုးရတဲ့ရဲတစ်ယောက်...။ဗေဒါး...။ သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်...။လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်...ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲအဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်...ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်...လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…3.14GB  /  1.26GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~Thaik San
movie

Vikram Vedha (2022)

2022