Channel Myanmar

Detlev Buck

The White Ribbon (2009) 7.8
The White Ribbon (2009)  ဒီကားကတော့ 2009 ခုနှစ်မှာ ရွှေကမ္ဘာလုံးဆုနဲ့ Palme d'Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုအများကြီးရထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ် မစခင် ဂျာမန် ရွာလေးတစ်ရွှာ မှာ ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပြီး တစ်ရွာလုံးမှာ ဟိုလူထင်ဒီလူထင်နဲ့ ရက်စက်မှုတွေသံသယဝင်မှုတွေနဲ့ ပြည့်နှက်နေပြီး လူ့သဘာဝတွေကိုဖော်ထုတ်ပြနိုင်တဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းကို ဒီထဲက ဇာတ်ကောင် ကျောင်းဆရာကာပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ လူတွေရဲ့နက်နဲရှုပ်ထွေးတဲ့ စိတ်တွေ အကြမ်းဖက်မှုတွေ အမှောင်ဘက်ခြမ်းတွေကို လူသဘာဝဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ဒီ dark ဖြစ်တဲ့ feeling တွေ ညစ်ညမ်းမှူတွေကိုပေါ်လွင်အောင် Black and white နဲ့ပဲ ရိုက်ထားပါတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:24:00 Genre... Drama, Mystery, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

The White Ribbon (2009)

Sachertorte (2022) 6.6
Sachertorte (2022) Sachertorte(2022) IMDb ~ 6.6ဗီယင်နာမြို့က ဆာဟာ ဆိုတဲ့ ကဖေးဆိုင်လေးမှာ နေ့လယ် ၃ နာရီရောက်တိုင်း ချစ်ရသူကို ထိုင်စောင့်နေတတ်တဲ့ ကောင်လေး တစ်ယောက်ရှိပါတယ်ကားလ်နဲ့နီနီဟာ ဘာလင်မှာ ခဏတာ တွေ့ဆုံခဲ့ကြပြီး အကြောင်းကြောင်းတွေကြောင့် ဆက်သွယ်လို့မရ ဖြစ်သွားခဲ့ပါတယ်နီနီက ဗီယင်နာမြို့သူဆိုတာရယ် မွေးနေ့မှာ ဗီယင်နာမြို့က ဆာဟာကဖေးဆိုင်ကို နေ့လယ် ၃ နာရီတိတိမှာ အရောက်လာပြီး ဆာဟာတိုတာ(ဩစတြီးယား ချောကလက်ကိတ်) စားလေ့ရှိတယ်ဆိုတာရယ်ကိုပဲ သိတဲ့ ကားလ်အတွက်ကတော့ နေ့တိုင်း ဆာဟာဆိုင်ကို နေ့လယ် ၃ နာရီအရောက် ချီတက်ရပါတော့တယ်ဒါပေမဲ့လည်း အချစ်ဆိုတာမျိုးက နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးလွန်းတဲ့ အရာဖြစ်လေတော့.....ရိုမန့်တစ်ဆန်လှတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ အချစ်ရဲ့သိမ်မွေ့မှု နက်နဲမှုတွေကို ခံစားကြည့်ရှုရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1.6GB| 852MB | 480MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar ...
movie

Sachertorte (2022)

2022
Confessions of Felix Krull (2021) 6.4
Confessions of Felix Krull (2021) Confessions of Felix Krull (2021) ======================== IMDb Rating - 6.4/10ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie

Confessions of Felix Krull (2021)

2021