Channel Myanmar

Dessy Francissy

Devil’s Horns (2024) 5.0
Devil’s Horns (2024)  သရဲကားကောင်းကောင်းလေးတွေမှ ကြည့်ချင်သူတွေအတွက်အင်ဒိုသရဲကား ကောင်းကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။အင်ဒိုနီးရှားသည်းထိပ်ရင်ဖိုသရဲကားတွေကလည်း အခုနောက်ပိုင်းမှာ ထိုင်းသရဲကားတွေနီးနီးလိုက်မှီလာတာကိုတွေ့ရမှာပါ။ယဉ်ကျေးမှုရိုးရာတွေကလည်း ခပ်ဆင်ဆင်ဖြစ်တဲ့အတွက် ဘာသာစကားသာ မကွာခြားဘူးဆိုရင်ထိုင်းသရဲကားလို့တောင် ထင်မိမှာအမှန်ပါပဲ။အခု တင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Tanduk Setan(Devil's Horn) ဖြစ်ပြီး ကျေးလက်ဒေသဖက်မှာ ကြုံတွေ့ရတတ်တဲ့ အဖြစ်အပျက်တွေအကြောင်းကို သည်းထိပ်ရင်ဖိုစရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာတစ်ရွာမှာ ဆူမီရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ကမီးဖွားခါနီးပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူရော အမေဖြစ်သူရော တစ်အိမ်လုံးအလုပ်တွေရှုပ်ယှက်ခတ်နေပါတော့တယ်။သားဖွားဆရာမရယ် ရွာထဲကအမျိုးတွေထဲကကလေးလာကြည့်တဲ့သူတွေရယ် ယောက်ျားဖြစ်သူဂျာရာရဲ့သူငယ်ချင်းတွေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့ပြီး ရိုးရိုးရှင်းရှင်းညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မနေ့ကမနက်ကတည်းက ဗိုက်အောင့်နေပြီး နောက်ရက်မိုးလင်းတဲ့အချိန်အထိ ကလေးမမွေးနိုင်သေးတဲ့အခါမှာတော့ ဆေးရုံကိုတန်းပြေးရပါတော့တယ်။ကားက နှစ်ယောက်တည်းစီးလို့ရတဲ့ကား ဖြစ်နေတဲ့အတွက် ဂျာရာနဲ့ဆူမီရာတို့နှစ်ယောက်တည်းမြို့မှာ ဆေးရုံပြဖို့ထွက်လာခဲ့ကြပါတော့တယ်။မြို့ကိုသွားတဲ့လမ်းမှာ ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီး နောက်ဆုံးရောက်သွားခဲ့ပေမဲ့ ရောက်သွားတဲ့ဆေးရုံကြီးကကြောက်မက်ဖွယ်ရာဆေးရုံကြီးဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…778MB / 360MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 21m Genre ….. Drama  ,  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Devil’s Horns (2024)