Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dermot Mulroney
About Schmidt (2024)
IMDb Rating – 7.2/10, RT – 85%ဝါရန်ရှမစ်က အာမခံကုမ္ပဏီကနေ လောလောလတ်လတ် အငြိမ်းစားယူလိုက်ပြီးနောက် အိမ်မှာ ဘာမှ လုပ်စရာမရှိတော့သူပီပီ သူ့ဇနီးသည် ဟယ်လင် ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်လာကာ ဇနီးကိုပါ ကြည့်မရဖြစ်လာတဲ့အထိ စိတ်ခံစားချက်တွေဖြစ်လာပါတယ်။သမီးလုပ်သူ ဂျင်နီကလည်း အဝေးတနေရာမှာပဲ နေထိုင်ကာ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူယူမယ့် အမျိုးသားကိုလည်း ရှမစ်တစ်ယောက် စိတ်တိုင်းမကျပြန်ပါဘူး။ ယခင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကိုသွားပြီး သူမရှိတော့လို့ အလုပ်တွေ အဆင်မပြေဖြစ်နေမယ် ထင်ခဲ့သော်လည်း သူ့နေရာဝင်လာတဲ့ လူသစ်က ကောင်းကောင်းကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇနီးသည် ဟယ်လင်က ရုတ်တရက် သေဆုံးသွားပါတော့တယ်။အလုပ်ကနေ အနားယူလိုက်တဲ့အချိန်ကစလို့ ဘာမှအဆင်မပြေတဲ့ရှမစ်တစ်ယောက် သူ့ဝေယျာဝစ္စကိုပါ လုပ်ပေးနေတဲ့ ဇနီးသည်က ကွယ်လွန်သွားတဲ့အခါ ဘဝကြီးကို ခြောက်ကပ်ကပ်နဲ့ ဖြတ်သန်းရင်း သမီးလုပ်သူရဲ့ မင်္ဂလာပွဲကို ဖျက်စီးဖို့ အကြံရလာပါတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ ...
movie
About Schmidt (2024)
6.0
Jobs (2013)
Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီးAugust 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်...Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့Apple Computer ကို စတင်တီထွင် ဖို့အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကိုသူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်...ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့်Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ...ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ...
movie
Jobs (2013)
6.1
The Wedding Date (2005)
Kat Ellis ဆိုတဲ့ကောင်မလေးကတော့ အပျိုကြီးဖြစ်ရမှာကို ကြောက်နေတဲ့သူတစ်ယောက်ပေါ့တစ်နေ့မှာ သူ့ညီမဖြစ်သူက သူ့ထက်အရင် မဂ်လာဆောင်ပြီလို့ သိလိုက်ရတဲ့နောက်...သူ့ညီမ မဂ်လာပွဲကို သွားဖို့ ရည်းစားအဖြစ် လိုက်ပေးမယ့်သူကို ရှာငှားတော့တာပေါ့ဒီလိုနဲ့ သူ့ညီမ မဂ်လာဆောင်မှာ ဘာတွေဖြစ်ကုန််မလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ရိုမန့်တစ်ဆန်ဆန်ကားလေးပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Mark ပါ )File size_(2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
The Wedding Date (2005)
5.5
Blackwater Lane (2024)
မကြာသေးခင်ကမှထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ်လူသတ်တရားခံ ရှာပုံတော်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ကတ်စ်ဟာ ကျောင်းတစ်ခုမှာ ဆရာမအဖြစ်လုပ်ကိုင်နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ မက်သရူးနဲ့ သာယာတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ။ တစ်ညမှာတော့သူတို့နေတဲ့အိမ်နဲ့သိပ်မလှမ်းတဲ့ တောအုပ်ဘေးကBlackwater Lane ကားလမ်းမပေါ်မှာ အမျိုးသမီးယောက်ကားထဲသေဆုံးနေတာကို ရဲတွေရှာတွေ့ခဲ့ကြပါတယ်။ဖြစ်ချင်တော့ သေဆုံးသွားတဲ့အမျိုးသမီးဟာ ကတ်စ်နဲ့အနည်းငယ်ခင်မင်ရင်းနှီးတဲ့လူဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ကတ်စ်တစ်ယောက် ထူးဆန်းတဲ့အသံတွေကြားရတာမျိုးတွေ မှတ်ဉာဏ်တစ်ပိုင်းတစ်စပျောက်ဆုံးတာမျိုးတွေပါဖြစ်လာပါတယ်။တကယ့်လူသတ်သမားအစစ်က ဘယ်သူဖြစ်မလဲ၊နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ၊ဘယ်လို plot twist မျိုးကိုမြင်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိ ဖြည်းဖြည်းချင်းဆွဲခေါ်သွားမဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ မိုးအေးအေး ရာသီဥတုနဲ့လည်းလိုက်ဖက်ညီမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့်ကော်ဖီတစ်ခွက်ဘေးနားချ နားကြပ်လေးတပ်ပြီးတစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုရမဲ့ ဇာတ်ကားမျိုးဖြစ်ကြောင်းညွှန်းဆိုလိုက်ပါစေ။ File size…1.49GB / 623MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie
Blackwater Lane (2024)
You’re Killing Me (2023)
ဇာတ်လမ်းရဲ့အစမှာတော့ Melissa Brown ဆိုတဲ့ကောင်မလေးတယောက်ပျောက်ဆုံးသွားတာနဲ့ ရဲတွေက ကောင်မလေးရဲ့အထက်တန်းကျောင်းမှာစုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေကြပြီး သဲလွန်စတွေမရလို့အခက်တွေ့နေကြပါတယ်၊Eden ဆိုတဲ့ကောင်မလေးက Penbrook College ကိုသူငယ်ချင်းဖြစ်သူ Zara နဲ့အတူ ငယ်စဉ်ကထဲကသွားတက်ဖို့ဆန္ဒရှိနေသူတယောက်ပါ၊Zara ကဂီတမှာထူးချွန်သူဖြစ်လို့ ကျောင်းကို Scholarship နဲ့အတူဝင်ခွင့်ရခဲ့ပါတယ်၊Eden ကလည်း Scholarship ကိုရဖို့ စောင့်ဆိုင်းစာရင်းထဲမှာရောက်နေပြီဆိုပေမယ့် သေချာပေါက်ရဖို့အတွက်ဆို ထောက်ခံစာကောင်းကောင်းရဖို့လိုအပ်နေပါတယ်၊အဲ့ဒီလိုကနေ ကျောင်းကအမတ်တယောက်ရဲ့သားဖြစ်သူ Schroder ကိုချဉ်းကပ်ပြီးသူ့အဖေရဲ့ထောက်ခံစာကိုရနိုင်ဖို့ကြိုးပမ်းပါတော့တယ်၊ဒီလိုနဲ့ Eden တယောက် Schroder နဲ့ရင်းနှီးမှုရအောင် သူငယ်ချင်းဖြစ်သူ Zara နဲ့အတူ Schroder ရဲ့ပါတီကိုသွားခဲ့ကြပါတယ်၊ပါတီမှာ မထင်မှတ်ပဲ Schroder ရဲ့သူငယ်ချင်းဖြစ်သူ Gooch ရဲ့ဖုန်းထဲကနေ Melissa ပျောက်သွားခြင်းက Schroder တို့နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သက်သေဗီဒီယိုကိုတွေ့လိုက်ရပါတယ်၊အဲဒါနဲ့ပဲ Eden တယောက် အဲ့ဒီသက်သေကို ရဲလက်ကိုအပ်နိုင်ဖို့ကြိုးစားပါတယ်၊Schroder တို့ကလည်း Eden တို့ကိုအိမ်ကနေထွက်ခွင့်လုံးဝမပေးပဲ ဖုန်းကိုပြန်ယူနိုင်ဖို့ကြိုးစားပါတော့တယ်၊"Eden တို့သက်သေကိုရဲလက်ထဲအပ်နိုင်ပါ့မလား"၊"Melissa တယောက်ကကောဘာဖြစ်သွားတာလဲ"၊"Schroder တယောက်ဘယ်လိုပြစ်မှုတွေကိုဆက်ပြီးကျူးလွန်အုံးမှာလဲ" စတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် File size…(1.3 GB)/(580 ...
movie
You’re Killing Me (2023)
6.5
J. Edgar (2011)
J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။) File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie
J. Edgar (2011)
Georgia Rule (2007)
ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ 2007 ကထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်လေးဖြစ်ပါတယ်။ဆယ်ကျော်သက် ဂျစ်ကန်ကန်ကောင်မလေး Rachel ကိုကောလိပ်မတက်ခင် နွေရာသီမှာ အဘွားနေဖို့ အမေနဲ့ပထွေးဖြစ်သူက Idaho ကို ပို့လိုက်ပါတယ်။ အဘွားဆိုတာက အမေနဲ့လည်း အဆင်မပြေ Rachelကိုယ်တိုင်ကလည်း လေးနှစ်သမီးမှာ တစ်ခါပဲ တွေ့ဖူးသူပါ။ စည်းကမ်းတွေများပြီး ထမင်းတောင် အချိန်မှန်စား၊ အိပ်ရင်လည်းအချိန်မှန်အိပ်တတ်သူ အဘွားနဲ့ အဆိုးအသွမ်းလေး ရေချယ်တို့တစ်မိုးအောက်မှာ အတူနေဖို့ အကြောင်းဖန်လာတဲ့အခါ ….ဆယ်ကျော်သက်ပီပီ အာရုံစိုက်ခံရဖို့ ဘာမဆိုလုပ်တဲ့ Rachel တစ်ယောက်ပစ်ထားခဲ့တဲ့ အမေနဲ့ ပထွေးကို လက်စားချေဖို့ဘယ်လိုတွေ မွှေဦးမလဲဆိုတာကိုတော့…. နီးလွန်းရင် မမြင်ဘူးဆိုတဲ့အတိုင်း မိသားစု အချင်းချင်းပေးဆပ်ချစ်နေပေမဲ့ တစ်ယောက်အချစ် တစ်ယောက်မမြင်နိုင်ကြတဲ့ Georgia, Lily , Rachel ဆိုတဲ့မြေးအဘွား သုံးယောက်ရဲ့ တိတ်တိတ်လေးဖြည့်ဆည်းပေးတတ်ကြတဲ့ အချစ်ကို သရုပ်ဖော်ထားပါတယ်။ ဒီရုပ်ရှင်မှာ မမ Lindsay Lohan ကခပ်ဆိုးဆိုးဆယ်ကျော်သက်ကောင်မလေးRachel အဖြစ် သရုပ်ဆောင်ထားပြီးအရက်စွဲပြီး ယောက်ျားအပေါ် ...
movie
Georgia Rule (2007)
Ruthless (2023)
ဒီ Action, Thriller ရုပ်ရှင်ကားဟာ အထက်တန်းကျောင်း နပန်းနည်းပြတစ်ယောက်ရဲ့ အကြောင်းပါ။Harry Sumnerက နပန်းနည်းပြ လုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ။ သူက အိုလံပစ် အားကစားသမားလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် အားလည်း အရမ်းသန်ပါတယ်။ တစ်ရက် ရုပ်ရှင်သွားကြည့်ပြီး အပြန်မှာ ဖုန်းတစ်call ဝင်လာပါတယ်။ သူ့သမီးရဲ့ ဖုန်းကနေ စုံထောက်တစ်ယောက် ဆက်လာပြီး သမီးဖြစ်သူဟာ မုဒိန်းကျင့်ပြီး အသတ်ခံလိုက်ရကြောင်း ပြောလာပါတယ်။ကျူးလွန်သူကို ဖမ်းပြီး ထောင်ချခဲ့ပေမယ့် Harryက သူ့သမီး ဖြစ်ရပ်အပြီး လေးနှစ်အကြာမှာ ခေါင်းမာပြီး ဆတ်ဆတ်ထိမခံတဲ့ ကျောင်းသူလေး Catia နဲ့ ဆုံပါတယ်။ Catia က Harryရဲ့ အတန်းမှာ နပန်းသင်နေတဲ့ ကလေးမလေးပါ။ ပထွေးဆီကနေ အိမ်တွင်း အကြမ်းဖက်မှု ခံနေရတဲ့ Catia လေးကို နည်းပြ Harryက သနားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ဒီလိုနဲ့ ...
movie
Ruthless (2023)
5.2
Lights Out (2024)
Lights Out (2024)Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ...
movie
Lights Out (2024)
2024
6.6
Anyone But You (2023)
Anyone But You (2023)~ IMDb - 6.6/10, RT - 52%, Meta - 52% ~ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ...
movie
Anyone But You (2023)
2023
4K HEVC
The Dirty South (2023)
2023 ထွက် Action/Drama ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ Budget အနေနဲ့ 1 million သုံးထားပြီး Rotten Tomatoes 90% ရထားပါတယ်။ Castတွေကလည်း မကျော်ကြားပေမယ့် မခေလှပါဘူး။ဇာတ်အသွားအလာကလည်း မနှေးလွန်း မမြန်လွန်း ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် Sue က နယ်မြို့လေးတစ်ခုက သူ့မိသားစုပိုင် ဘားက Bartender တစ်ယောက်ပါ။ ဒါပေမယ့် အဲ့ဒီဘားကို ဘဏ်က အကြွေးနဲ့ သိမ်းတော့မှာပါ။ အဲဒီအကြောင်းကို သူ့ဆီသတင်းပေးလာသူက သူ့အဖေရဲ့ ရန်ဖက် Jeb Roys ဆိုတဲ့ သူဌေးအဖိုးကြီး ဖြစ်ပါတယ်။ ဒီအဖိုးကြီးက သူတို့ ဘားကို ဘဏ်ကနေ စျေးပေါပေါနဲ့ ပြန်ဝယ်ဖို့ အကြံရှိပြီးသားပါ။ဒါပေမယ့် Sue ကို ၇၂နာရီအချိန်ပေးပါတယ်။ ၇၂နာရီအတွင်း ငွေသား ဒေါ်လာ ၃သောင်း ရှာမပေးနိုင်ရင် သူတို့ ဘားရော နေအိမ်ဆောက်ထားတဲ့ မြေကွက်ကိုပါ ...
movie
The Dirty South (2023)
5
Breakwater (2023)
Breakwater (2023)Mystery နဲ့ Thriller ပေါင်းစပ်ထားတဲ့ Plot ဆန်းဆန်းနဲ့ ဇာတ်ကားဖြစ်ပါတယ်။အဓိကဇာတ်လိုက်ဖြစ်တဲ့ ရေးနဲ့ ဒက်ဗီဆိုတဲ့လူငယ်တို့က အကျဉ်းသားတွေဖြစ်ပြီး ထောင်ထဲမှာ ရင်းနှီးခဲ့တာပါ။ ဒက်ဗီက သူ့ပြစ်မှုအတွက် ထောင်သုံးနှစ်ကျတာဖြစ်ပြီး မကြာခင် ပြန်လွတ်တော့မှာဖြစ်တဲ့အတွက် ရေးက အကူအညီတစ်ခုတောင်းရာကနေ စပါတယ်။ရေးက သူ့မှာသမီးရှိကြောင်း၊ သူက ကင်ဆာဖြစ်နေလို့ မနေရတော့တဲ့အတွက် သူ့သမီးရှိတဲ့မြို့ကိုသွားပေးပြီး သူ့သမီး ပျော်နေလား ကြည့်ခိုင်းပါတယ်။ သူ့သမီးနာမည်က မာရီနာပါတဲ့။အဘိုးကြီးရေးကို စာနာပြီး ထောင်ကလွတ်တဲ့အချိန် ဒက်ဗီက နယ်မကျော်ရတဲ့စည်းကမ်းကိုပါ ချိုးဖောက်ပြီး မာရီနာရှိတဲ့ ကမ်းရိုးတန်းမြို့လေးကို သွားခဲ့ပါတယ်။ အဲဒီမှာ မာရီနာအမည်နဲ့မဟုတ်ဘဲ အိဖ်ဆိုတဲ့ ကလေးတစ်ယောက်အမေနဲ့ တွေ့ပါတယ်။တစ်ချိန်တည်းမှာပဲ ကင်ဆာရောဂါသည် သနားစရာအဘိုးကြီးလို့ ဒက်ဗီထင်နေတဲ့ရေးက သွေးအေးလူသတ်သမားဖြစ်ပြီး ထောင်ကထွက်ပြေးလာတဲ့အခါ... ရေးနဲ့မာရီနာက တကယ်ပဲ သားအဖလား... အိဖ်နဲ့ရော ဘယ်လိုပတ်သက်နေတာလဲ... သူတို့နှစ်ဦးပြောပြတဲ့ အဖြစ်တွေနောက်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ... ဘုမသိဘမသိကူညီမိတဲ့ ဒက်ဗီရော ဘယ်လိုကိစ္စတွေ ...
movie
Breakwater (2023)
2023
6.3
My Best Friend’s Wedding (1997)
My Best Friend's Wedding (1997)~ IMDb - 6.3/10, Rotten Tomatoes - 74% ~တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ဂျူလီယန်: "မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ''ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်'' ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်..."မိုက်ကယ်: "ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ...
movie
My Best Friend’s Wedding (1997)
1997
5.2
Bad Girls (1994)
ဒီတစ်ခါတော့ 1994 က action, adventure ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ် လီလီ, အနီတာ, အယ်လီနဲ့ ကိုဒီဆိုတဲ့ သူငယ်ချင်းယောက်ဟာ ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်ကြတယ် တစ်ရက်မှာတော့ လီလီအပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ကာနယ်တစ်ဦးကို ကိုဒီဟာ ပစ်သတ်လိုက်ပါတော့တယ် အဲ့ဒီအချိန်ကစပြီး သူတို့ဟာ လိုက်ဖမ်းတဲ့သူတွေဆီက ရှောင်ပုန်းပြီး စွန့်စားခန်းထွက်ကြပါတော့တယ် သူတို့ ဒီအမှူကနေ လွတ်သွားမှာလား သူတို့စွန့်စားခန်းကရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာတော့ စောင့်ကြည့်လိုက်ကြပါဦးခင်ဗျာ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Western, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Bad Girls (1994)
6.5
Shooting Stars (2023)
Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ...
movie
Shooting Stars (2023)
2023
5.5
The Warrant: Breaker’s Law (2023)
MDB 5.5/10 April 18ရက်နေ့ကမှ စတင်ထွက်ရှိလာခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် အက်ရှင် costume drama အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Dermot Mulroney, Neal McDonough, Bruce Boxleitner, Amy Hargreavesတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဓိက ဇာတ်ဆောင်ဖြစ်သူ ဂျွန်ဘရိတ်ကာက သူ့ဖမ်းမိထားတဲ့ ဒက်ဒ်အိုင်းဆိုတဲ့ လူကို နိုင်ငံကိုဖြတ်ပြီး ပို့ပေးရမှာဖြစ်တယ်။ဒါပေမယ့်အဲ့မြို့ကလေးကိုရောက်သွားတဲ့အခါမှာ အဲ့မြို့မှာ သောင်းကျန်း ဆူပူပြီး မြို့ထဲက ရှိသမျှ လူတိုင်းကို သတ်ဖြတ်ရမ်းကားနေတဲ့ ဂိုဏ်းတစ်ခိုင်းကို သူတို့ကနေပြီးတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ကာကွယ်သွားမလဲဆိုတာကိုရိုက်ပြသွားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ကောင်းဘွိုင်းခေတ်မှာ ဇာတ်အိမ်တည်ထားတာမို့ အဲ့ခေတ်ကဇာတ်လမ်းကို ကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ဆို အရမ်းကိုနှစ်သက်မှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(930 MB)/(470 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Thriller, Western Subtitle….Myanmar Subtitle ...
movie
The Warrant: Breaker’s Law (2023)
5.7
Abduction (2011)
နေသန်ဆိုတဲ့အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်.ပျော်ပျော်နေတတ်တယ်. သူငယ်ချင်းတွေနဲ့ကဲလိုက်.မိဘတွေဆူတာခံလိုက်နဲ့ ဘဝကိုအေးဆေးဖြတ်သန်းနေတဲ့သူတစ်ယောက်ပါပဲ။ကျောင်းကအိမ်စာလုပ်ခိုင်းတဲ့ပရောဂျက်အတွက် ဝက်ဆိုက်တွေလိုက်ရှားရင်း ပျောက်ဆုံးသူများဝက်ဆိုက်ဘ်မှာ သူနဲ့တူတဲ့ကောင်လေးတစ်ယောက်ပုံကိုတွေ့ရာကနေ သူ့ဘဝကရုတ်တရက်ဆိုသလိုပဲကမောက်ကမတွေဖြစ်ကုန်ပြီး သူ့နောက်ကိုလိုက်နေတဲ့ လူသတ်သမားတွေလက်ကနေ ထွက်ပြေးပုန်းရှောင်ရတဲ့အထိကိုဖြစ်လာရပါတော့တယ်. မင်းသားနေရာမှာတော့ Twilight ကားထဲက ခပ်မိုက်မိုက်နဲ့အထာကျတဲ့Taylor Lautner သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ အားလုံးရဲ့အသည်းကျော် Emily in Paris ထဲကမမlily Collins ပဲဖြစ်ပါတယ်. သူတို့နှစ်ယောက်ကဒီဇာတ်ကားထဲမှာတော်တော်လေးလိုက်တာနော်.Action , Mystery နဲ့Thrillerအမျိုးအစားဖြစ်ပြီး ကြာချိန် ၁နာရီနဲ့ ၄၆မိနစ်ရှိပါတယ် File size…2.08GB / 875MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Action , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie
Abduction (2011)
6.2
Struck by Lightning (2012)
ဒီရုပ်ရှင်ကို ၂၀၁၂မှာ ဒါရိုက်တာ Brian Dannelly ကရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ အထက်တန်းကျောင်းသား အပယ်ခံ ကာဆန်ဖီးလစ်အကြောင်း ရိုက်ကူးထားတဲ့ ကွန်မန်ဒီရုပ်ရှင်အမျိုးအစားပါ။ မြီးကောင်ပေါက်အရွယ်လေးတွေရဲ့ စိတ်အားထက်သန်မှုတွေ၊ ကိုယ့်အိပ်မက်နောက်လိုက်တာတွေကို ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း- ကာဆန်ဖီးလစ်ဟာ ဉာဏ်ကောင်းပြီး ထေ့ငေါ့ပြောတတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။သူ့ရည်မှန်းချက်ကတော့ သတင်းစာဆရာတစ်ယောက်ဖြစ်လာချင်တာပါ။ ဘာအခွင့်အရေးမှမရှိတဲ့ သူ့မြို့ငယ်လေးကြောင့် ကာဆန်ဖီးလစ်ဟာ သူ့သူငယ်ချင်းတွေကို အကြပ်ကိုင်ပြီး သူ့မဂ္ဂဇင်းကို ကူညီရေးခိုင်းဖို့ ကြံစည်ပါတော့တယ်။ ဆက်ကျော်သက်ဘဝရဲ့စိန်ခေါ်မှုတွေ၊ အိမ်ထောင်ကွဲနေတဲ့ သူ့အမေနဲ့ဆက်ဆံရေးသိပ်အဆင်မပြေတာတွေကြောင့် ကာဆန်ရဲ့ဘဝခရီးဟာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာပါတော့တယ်။ File size…(1.5 GB)/(700 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zaw Min Htwe
movie
Struck by Lightning (2012)
7
Scream VI (2023)
Scream VI (2023)~ IMDb - 7/10, Rotten Tomatoes - 77% ~Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ ...
movie
Scream VI (2023)
2023
4K HEVC
6.8
Young Guns (1988)
Young Guns (1988)ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ...
movie
Young Guns (1988)
1988
1
2
Next