Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dermot Crowley
5.7
Baltimore (aka) Rose’s War (2023)
Baltimore ဟာ 1974 ခုနှစ် ဧပြီ 26 ရက်နေ့က အဖြစ်အပျက်ကို အခြေခံပြီး ချမ်းသာပြီး ငယ်ရွယ်တဲ့ မိန်းကလေး Rose Dugdale တစ်ယောက် IRA ကို ဝင်ပြီးနောက်ဆက်တွဲ အဖြစ်အပျက်တွေကို ရိုက်ကူးထားပါတယ်Rose Dugdale ဟာ IRA အဖွဲ့ဝင်ပြီးနောက် ရဲဘော် Eddie, Martin, Dominic တို့နဲ့အတူ Wicklow မြို့ Russborough အိမ်မှ ၁၉ရာစုရဲ့အနုပညာလက်ရာ ပန်းချီကားတွေကို ခိုးယူပြီး IRA အတွက် လက်နက်ထောက်ပံ့ပေးဖို့ ကြိုးပမ်းရာမှ သူတို့ရဲ့ကြိုးပမ်းမှုအောင်မြင်သွားမလား၊ အစိုးရဘက်က Rose တို့အဖွဲ့ကို လိုက်လံဖမ်းဆီးရာ သူတို့ကိုဖမ်းမိသွားမလားဆိုတာကိုတော့ Baltimore ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုပေးကြပါဦး File size…(1.1 GB)/(580 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:38:00 Genre... Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Baltimore (aka) Rose’s War (2023)
8.3
Star Wars: Episode VI – Return of the Jedi (1983)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VI – Return of the Jedi (1983)
4K HEVC
6.6
Luther: The Fallen Sun (2023)
Luther: The Fallen Sun (2023) ======================= Rotten Tomatoes 65%, IMDb Rating 6.7/10၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့ စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Idris Elba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the Ring Trilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါ တယ်။ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန် ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ် ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင် ကျအောင် လုပ်လိုက်ပါတော့တယ်။ဒီလိုနဲ့ Luther ...
movie
Luther: The Fallen Sun (2023)
2023
7.8
The Best Offer(2013)
The Best Offer(2013)==================The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကိုတန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီးတန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်းသူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူအမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်းများကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲအချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကိုပေါက်ဖွားလာစေခဲ့ပါတယ်။ Miss ...
movie
The Best Offer(2013)
7.4
Babel (2006)
[Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie
Babel (2006)
6.7
The Wonder (2022)
The Wonder(2022) =============== IMDb Rating - 6.7/10ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်တွေက ခေါ်တာပါ။ အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.95 ...
movie
The Wonder (2022)
2022
6.5
[James Bond] Octopussy (1983)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Roger Moore ရဲ့ ၆ ကား မြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..ရှောင်ကွန်နရီနေရာမှာ အကောင်းဆုံးအစားထိုးနိုင်တဲ့ ဘွန်းအဖြစ် ရော်ဂျာမိုးကို သတ်မှတ်ကြပါတယ်..တည်ငြိမ်ရင့်ကျက်တဲ့ ဘွန်းရဲ့ အရသာကို ခံစားရမှာပါ။IMDb Rating (6.5/10) ရရှိထားပါတယ်…။ File size…(2.3 GB) and (1.3 GB) Quality….BluRay 1080p and 720p Format…mp4 Duration….02:11:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie
[James Bond] Octopussy (1983)
7.2
The Death of Stalin(2017)
The Death of Stalin(2017)IMDb....7.2,,,Rotten......96%စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ သမိုင်းစာမျက်နှာရဲ့ဆိုးယုတ်မှုဆိုတဲ့ခေါငး်စဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်းသူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ.....ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင်ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရောဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ....ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်...ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး...အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ..မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင်သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကိုအပြောင်မြောက်ဆုံးတင်ဆက်ထားတယ်...ဒါကြောင့်လည်း ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံရသလိုRating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်...ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ကြည့်လိုက်ကြပါဦးဗျို့....File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
The Death of Stalin(2017)
2017
7.0
Black 47(2018)
Black 47(2018) IMDb.....7.0 ဒီကားလေးကတော့ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကြီးကျရောက်တဲ့ကာလကိုအခြေပြုရိုက်ကူးထားတဲ့ ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ IMDb rating 7.0 အထိရရှိထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကျရောက်ပြီး သီးနှံလည်းမဖြစ်ထွန်း အနာရောဂါတွေနဲ့ လူတွေများစွာသေကျေပြီး အင်္ဂလန်၊ အမေရိကစတဲ့ဒေသတွေဆီကို အိုင်းရစ်လူမျိုးတွေထွက်ခွာနေရတဲ့အချိန်မှာ ဗြိတိန်စစ်တပ်အတွက် ပြည်ပမှာတိုက်ခိုက်ပေးခဲ့တဲ့အိုင်းရစ်စစ်သည်တစ်ယောက်ရှိတယ်.. သူဟာ မိမိနေရပ်ကိုပြန်လာချိန်မှာ ဒီလိုစိတ်ထိခိုက်စရာအဖြစ်အပျက်တွေကိုမြင်တွေ့လိုက်ရတဲ့အပြင် သူ့ရဲ့မိသားစုတွေနဲ့အခြားအိုင်းရစ်လူမျိုးတွေ ဗြိတိန်ရဲ့ဖိနှိပ်မှုတွေခံနေရတာ သတ်ဖြတ်ခံရတာတွေကိုပါ တွေ့မြင်လိုက်ရတော့ သူ့မိသားစုနဲ့ သူ့လူမျိုးအတွက်တစ်ကိုယ်တော်အာခံတိုက်ခိုက်လက်စားချေတော့တာပါပဲ။ Action/Drama ကားကြိုက်တဲ့သူတွေအတွက် စိတ်မပျက်စေမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (850 MB) and (303 MB) Quality :720p WEBRip, Format…mp4 Duration…01:40:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo Pyae
movie
Black 47(2018)
7.2
The Foreigner (2017)
The Foreigner (2017) IMDb - 7.0/10________Rotten - 65%၂၀၁၇ ထွက် ဂျက်ကီချန်းရဲ့ အက်ရှင်ကားအသစ်ကိုတင်ပေးထားပါတယ်။မြင်နေကြဟာသပုံစံမဟုတ်ဘဲ လေးနက်တဲ့ ဂျက်ကီကို မြင်ရပါလိမ့်မယ်။ဇာတ်လမ်းမှာ ဂျက်ကီဟာ အင်္ဂလန် နိုင်ငံသား သာမာန်စီးပွားရေးသမားတစ်ဦးပါပဲ။ဒါပေမယ့် သူ့ရဲ့နောက်ဆုံးကျန်တဲ့ သမီးလေးဟာ အကြမ်းဖက်ဗုံးခွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ နောက်မှာ တရားခံတွေကို အပြစ်ပေးနိုင်ဖို့ အသည်းအသန် လိုက်စုံစမ်းပါတော့တယ်။တရားခံတွေဟာ အိုင်ယာလန် ခွဲထွက်ရေးအဖွဲ့တစ်ခုကလို့ သိရတဲ့နောက်မှာ အဲဒီအဖွဲ့ဝင်ဟောင်း ဘဝကနေ ဒုဝန်ကြီးဖြစ်လာတဲ့ မစ္စတာ ဟန်နက်ဆီဟာ သူ့ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်......ဂျက်ကီတစ်ယောက် အင်အားစုကြီးတစ်ခုကို ထိပ်တိုက်သွားရင်ဆိုင်မိလို့ ဒုက္ခရောက်မလား...လူကောင်းတစ်ယောက်ကို အစွန်းရောက်သွားစေခဲ့တဲ့ အကြမ်းဖက်အဖွဲ့တစ်ခုလုံး ဒုက္ခရောက်ရတော့မလားဆိုတာ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူက ကိုနီယိုပါ) File Size : (952 MB) Quality : Blu-Ray 720p Running Time : 1hr 53min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar ...
movie
The Foreigner (2017)
2017