Channel Myanmar

Derek Ting

Agent Recon (2024)
Agent Recon (2024)  2024 ခုနှစ်အတွင်းထွက်ရှိခဲ့ာတဲ့ "Agent Recon"ရုပ်ရှင်ကတော့ အက်ရှင်သိပ္ပံဇာတ်ကား‌ကောင်းတခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကမ္ဘာမြေလုံခြုံရေးတာဝန်တပ်ဖွဲ့ရဲ့ လျှို့ဝှက်တပ်မှူးကြီး Alastair ဟာ စူပါပါဝါရှိတဲ့လူသစ် Jim ကို သူ့တပ်ဖွဲ့ထဲဝင်ရောက်စေခဲ့ပြီး တိုက်ပွဲအတွေ့အကြုံရင့် ဗိုလ်ချုပ် Green နဲ့ကျွမ်းကျင်မရိန်းတပ်သားတွေ ဦးဆောင်တဲ့ မစ်ရှင်တခုမှာ ပါဝင်ဆောင်ရွက်ဖို့တာဝန်ပေးခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ နယူးမက္ကဆီကိုကဂြိုလ်သားနည်းပညာကို စမ်းသပ်နေတဲ့ လျှို့ဝှက်အခြေစိုက်စခန်းတခုမှာ ထူးခြားလျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်နှောင့်ယှက်မှုကို ခြေရာခံဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ဒီမစ်ရှင်အတွင်းမှာ သာမန်ထက်သာလွန်တဲ့ ခွန်အား၊အမြန်နှုန်းနဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အသိဉာဏ်ကင်းမဲ့တဲ့စစ်သားတွေကိုထိန်းချုပ်နေတဲ့ အမည်မသိသတ္တဝါကြီးကိုရင်ဆိုင်ရပါတော့တယ်။ဒီဂြိုဟ်သားခံတပ်နောက်ကွယ်က အမှန်တရားကို Jimတယောက်ရှာဖွေတဲ့အခါ ဘယ်လိုအရာတွေကို တွေ့ရှိလာမှာလဲ၊လူသားမျိုးနွယ်ပျက်သုဉ်းမှုကနေ ကာကွယ်နိုင်ပါ့မလားဆိုတာကိုသဲထိတ်ရင်ဖိုစောင်ကြည့်ခံစားရမှာဖြစ်ပါတယ်။ File size…1.78GB / 752MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Agent Recon (2024)

Agent Revelation (2021) 5.6
Agent Revelation (2021) Agent Revelation (2021)===================IMDb Rating - 5.6/10 ဇာတ်လမ်းအကျဉ်းကတော့ စွမ်းအားကြီးဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကိုAsh ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းတထိန်းချုပ်လာခဲ့တာပါ၊ နောက်ပိုင်းမှာ လူသားတွေရဲ့လောဘတရားကြောင့်သူတို့ဟာAsh စွမ်းအင်ကိုသုံးစရာမလိုတော့ဘူးသတ်မှတ်ခဲ့ပါတယ်၊ ကမ္ဘာပေါ်ကAsh စွမ်းအင်သက်ရောက်ခံရတဲ့သူတွေ စွမ်းအင်ကြောင့်ဖြစ်လာတဲ့သွေးနှောပါအကုန်ရှင်းခဲ့ပြီး ကမ္ဘာကိုခဏတာဘေးမဲ့ပေးလိုက်တယ်၊ တစ်နေ့မှာတော့ ဂျင်တို့သူငယ်ချင်းတစ်သိုက် ခရီးထွက်နေရင်းနဲ့ မတော်တဆကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ Ash စွမ်းအင်တွေထွက်လာပြီးတော့ဂျင်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊ အဲ့အချိန်မှာပဲ ဒီစွမ်းအင်ကိုစမ်းသပ်ရှာဖွေနေတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့တွေ့ပါတော့တယ်၊ ထိန်းချုပ်ခံထားရတဲ့သူကိုရှင်းလင်းပစ်ခတ်ကြရင်းနဲ့ထိခိုက်မှုတွေရခဲ့ပါတယ်။ အခြားလူတွေအတွက်ကတော့ထိန်းချုပ်ခံရတယ်ဆိုပေမယ့် ဂျင်ကတော့ စွမ်းအင်တစ်ခုကိုရလိုက်သလိုဖြစ်သွားပါတယ်။ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ဂျင်ကဘာကြောင့်ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘယ်လိုတွေဖြစ်နိုင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 26minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Sci-Fi, ThrillerSource : 1080p.WebRipTranslator – Tin Myo LwinEncoder – SWM
movie

Agent Revelation (2021)

2021