Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dennis Weaver
Home on the Range (2004)
Disney ရဲ့ ဇာတ်ကားဟောင်းလေး တစ်ကားဖြစ်တဲ့ Homeon the Range ဆိုတဲ့ ဟာသ animation ရုပ်ရှင်လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ old but gold ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်Home on the Range က အမေရိကန်တောင်ပိုင်းဒေသရဲ့ ဂန္တဝင်သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်ဘက်ဒေသရဲ့ ကောင်းဘွိုင်ခေတ်မှာ အခြေပြုထားတာဖြစ်ပေမဲ့ အဓိကဇာတ်ကောင်တွေက ကောင်းဘွိုင်တွေ မဟုတ်ဘဲ နွားမတွေပါ။ဇာတ်လမ်းအကျဥ်းကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်းကင်ဘုံစားကျက်မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်တွေကို ခြံရှင်ဖြစ်သူ မစ္စပါးလ်က မိသားစုဝင်တွေလို သဘောထားပြီး အတူပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့ နာမည်ကျော်နွားခိုးသမား လက်ချက်ကြောင့် ခြံရှင်လယ်သမား အတော်များများ ဒုက္ခရောက်နေကြပါတယ်။အလာမီဒါဆလင်းရဲ့ ပယောဂကြောင့် ...
movie
Home on the Range (2004)
7.6
Duel (1971)
မှော်ဝင်နေတဲ့ ဒါရိုက်တာကြီး စတီဗင် စပီးဘက်ရဲ့ ပထမဦးဆုံး တီဗီရုပ်ရှင်တွေထဲက တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာ စပီးဘက်ကို ကမ္ဘာကျော်စေခဲ့တဲ့ Jaws, E.T စတဲ့ ရုပ်ရှင်တွေကိုမရိုက်ကူးခင် ၁၉၇၁ မှာ ဘက်ဂျက်နည်းနည်းနဲ့ ၁၂ ရက်အတွင်း အပြီးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ဒါတောင်မှ လက်စောင်းထက်လို့ အော်စကာမဟုတ်တဲ့ အခြားဆုတွေ အများကြီး ရလိုက်ပါသေးတယ်။ဘယ်လောက်ဘက်ဂျက်နည်းလဲဆို ကားပေါက်ကွဲတဲ့အခန်းကိုတောင် ကားနှစ်စီးဖိုးမတတ်နိုင်လို့တစ်ခါတည်း အပိုင်ရအောင် ရိုက်ခဲ့ရတာပါ။ဒါပေမဲ့ ဒီနေ့ထိ ဂန္ဓဝင်လက်ရာတွေထဲမှာပါနေတုန်းပါပဲ။ဇာတ်လမ်းကတော့ဇာတ်ဆောင်နေရာကနေ ဝင်ခံစားကြည့်ရင် အတော်ကို ကြောက်စရာကောင်းပါတယ်။ရုပ်ရှင်သမိုင်းတစ်လျှောက် စိတ္တဇလူသတ်သမားတွေထဲမှာ အတော်ကို ကို့ရို့ကားယားနိုင်တဲ့ လူသတ်လက်နက်ကို သုံးထားလို့ပါ။ထရပ်ကားကြီးတစ်စီးပါပဲ။ ဟုတ်ပါတယ် အဝေးပြေးလမ်းပေါ်မှာ လူတွေကို သေအောင် လိုက်တိုက်တတ်တဲ့ စိတ္တဇကားသမားတစ်ယောက်နဲ့ အလုပ်ကိစ္စနဲ့ ခရီးထွက်လာတဲ့ သာမန်လူရိုးလူအေးကြီးတစ်ယောက် လမ်းတလျှောက် အသက်လု ရင်ဆိုင်ရပုံတွေကို ရိုက်ကူးထားတာပါ။ရင်တဖိုဖိုနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.6 GB) / (900 Mb) ...
movie
Duel (1971)