Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dennis Mojen
Blame the Game (2024)
Netflix ကနေ အသစ်ထွက်ထားတဲ့ ဟာသကားလေးပါ။ ဇာတ်လမ်းအကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်တော့ ယန် နဲ့ ပီယာတို့က ပန်းခြံထဲမှာခွေးကျောင်းရင်း ဆုံမိကြပြီး ချစ်ကြိုက်သွားကြတဲ့စုံတွဲတစ်တွဲပေါ့။ ယန်က စက်ဘီးအရောင်းဆိုင်ဖွင့်ထားပြီး ပီယာကတော့ ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်ထားတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်မှာ ပီယာက ယန်ကို သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နှစ်တိုင်းလုပ်လေ့ရှိတဲ့အစီအစဉ်တစ်ခုဆီကို ခေါ်လာခဲ့ပါတယ်။ဒီအစီအစဉ်ကတော့ မိုနိုပိုလီတို့ ဘလက်ဂျက်တို့လို ကဒ်တွေနဲ့ကစားရတဲ့ကစားနည်းတွေကို သူငယ်ချင်းတစ်စု အတူကစားကြတာပါ။ ထူးခြားတာက ပီယာရဲ့သူငယ်ချင်းတွေက ဆွေကြီးမျိုးကြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကလူတွေပါ။ သာမန်အလယ်အလတ်တန်းစားထဲကဖြစ်တဲ့ ယန်တစ်ယောက် ပါတီလုပ်မယ့်နေရာကိုရောက်သွားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့အရာကြီးတစ်ခုထပ်ဖြစ်လာပါတယ်။ ဒါကတော့ ပီယာရဲ့ရည်းစားဟောင်းဖြစ်သူပါ ရောက်ချလာတာပါ။ဒီလိုနဲ့ ယန်တစ်ယောက် ပီယာရဲ့သူငယ်ချင်းတွေအကြားမှာရော ရည်းစားဟောင်းအရှေ့မှာပါ နေရထိုင်ရခက်ပေမဲ့ ဟန်မပျက်ဘဲ ဂိမ်းကစားပွဲညကို ပြီးဆုံးအောင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရင်းကနေပဲ တလွဲတချော်တွေစဖြစ်လာတော့ပါတယ်။ ဇာတ်အိမ်ပိုင်း ၊ သရုပ်ဆောင်ပိုင်းတွေက အဆိုးကြီးမဟုတ်ဘဲ လက်ခံလို့ရပြီး ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုမယ်ဆိုရင်တော့ သင့်တော်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.49 GB)/(788 MB) Quality….Webrip 1080p / ...
movie
Blame the Game (2024)
6.5
Isi & Ossi (2020)
ညဘက်မှာ romance လေးတွေနဲ့ chillချင်တဲ့သူတွေအတွက် germanအချစ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။Ratingကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ရင်ထဲမှာနွေးထွေးသွားစေမယ့် အချစ်ဟာသဇာတ်လမ်းလေးဆိုတော့ အခုပဲလက်မနှေးဘဲရှုစားလိုက်ကြပါစို။အစ်စီဟာ ဂျာမန်မှာအချမ်းသာဆုံး လူ 50 စာရင်းဝင်ဘီလျံနာသူဌေးကြီးရဲ့ တစ်ဦးတည်းသောသမီးစည်းကမ်းတင်းကြပ်လွန်းတဲ့ အဖေနဲ့အမေရဲ့ ပုံစံခွက်ထဲကပျင်းခြောက်ခြောက်ဘဝကြီးမှာ ရှင်သန်လာခဲ့ရသူတစ်ယောက်ဒီလိုနဲ့တစ်နေ့မှာ ကောလိပ်ကိုအတင်းတက်စေချင်တဲ့အဖေနဲ့အမေကိုဆန့်ကျင်ပြီး နယူးယောက်က နာမည်ကြီးအချက်အပြုတ်သင်တန်းကိုတက်ဖိုအတွက် အစ်စီတစ်ယောက် မန်းဟိုင်းမ်ကိုဆင်းလာပြီး အဆိုးအတေဘဲတစ်ယောက်ရှာပြီး မိဘဆီက ငွေညှစ်ဖိုလုပ်ပါတော့တယ်။အဲဒီမှာအော်စီဆိုတဲ့ကောင်လေးနဲ့ ဆုံဖိုဖြစ်လာတာပေါ့။မိဘတွေရဲ့မျက်စိထဲ လုံးဝကန့်လန့်ဖြစ်စေမယ့် ဘဲတစ်ပွေလိုနေတဲ့အစ်စီရယ်၊ ပွဲထိုးခါနီးမှ စပွန်ဆာပျောက်သွားတဲ့လက်ဝှေ့သမားလေးအော်စီတို အပေးအယူတစ်ခုလုပ်ဖိုဖြစ်လာတဲ့အခါမှာတော့....အကျိုးအမြတ်ကိုယ်စီမျှော်ကိုးပြီး စခဲ့တဲ့ သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.07GB / 995MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie
Isi & Ossi (2020)
5.7
Sixty Minutes (2024)
ဒီနှစ် အစမှာ ထွက်ရှိလာတဲ့ ဂျာမန် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။Octavioက MMA fighter တစ်ယောက်ပါ။ သူ့ အသက် ၁၉နှစ်မှာ သူ့ exနဲ့ ရထားတဲ့ သူသိပ်ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူ့သမီးလေးမွေးနေ့မှာမှ သူ လက်ဝှေ့ထိုးရမယ့် ပွဲက ၃ခါလောက် အချိန်ရွှေ့ဆိုင်းနေတာပါ။သူ့သမီးလေး မွေးနေ့ကို အချိန်မီ မရောက်နိုင်မှာ စိုးရိမ်နေတဲ့ သူ့ဆီကို ကြိုးဝိုင်းထဲ ဝင်ခါနီးဆဲဆဲမှာ သူ့ Ex ဆီက ဖုန်းဝင်လာပါတယ်။ နောက်တစ်နာရီအတွင်း မရာက်လာနိုင်ရင် သူ့ကို မိဘ အုပ်ထိန်းခွင့်မပေးနိုင်တော့ဘူးလို့ ပြောလာပါတယ်။ ဒီလိုနဲ့ Octavioတစ်ယောက် ဘာကိုမှ လှည့်မကြည့်ဘဲ သမီးဆီရောက်ဖို့ ထွက်လာခဲ့ပေမယ့် သူ့နောက်ကို လူတွေက တောက်လျှောက်လိုက်လာနေခဲ့တာပါ။ လမ်းတစ်လျှောက် ကြုံရတဲ့ အခက်အခဲတွေ အနှောင့်အနှေးတွေကို ကျော်ဖြတ်ပြီး သမီးဖြစ်သူဆီ ဘယ်လိုအရောက်သွားမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…(1.7 GB)/(952 ...
movie
Sixty Minutes (2024)