Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dennis Farina
Paparazzi (2004)
Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ...ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ...ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ...သူဟာမိသားစုကိုအလေးထားသူပါ....ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်....အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်...တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်.... ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ... ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
Paparazzi (2004)
What Happens in Vegas (2008)
ဗီးဂတ်စ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ 2008ခုနှစ်ထွက် rom-com ရုပ်ရှင်မှာ မင်းသမီး Cameron Diaz နဲ့ မင်းသား Ashton Kutcher တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1/10 ရထားပြီး Box Officeမှာလည်း $219.3 millionရရှိထားလို့ အတော်အသင့်အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Vegasမှာ တစ်ညလုံးပျော်ပျော်ပါးပါးကဲခဲ့ပြီးနောက်မှာ Jack နဲ့ Joy နဲ့က မူးမူးရူးရူးနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ နောက်နေ့မနက် လောင်းကစားစက်မှာ နှစ်ယောက်လုံး ဒေါ်လာ ၃မီလီယံ ပေါက်သွားခဲ့ပြီး ဘာတွေဖြစ်ကြမလဲ ဆက်ကြည့်ရှုရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘုနဲ့ဘောက် ဟာသတွေနဲ့အတူ rom-com ချစ်သူတို့ အကြိုက်တွေ့စေမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun
movie
What Happens in Vegas (2008)
7.2
Manhunter(1986)
Manhunter(1986)===============FBI စုံထောက်ဝေလ်ဂရေဟမ် ဟာကွင်းဆက်လူသတ်သမားအမှုတစ်ခုစုံစမ်းပြီး နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် မိသားစုနဲ့အတူကမ်းခြေအိမ်လေမှာ ဇာတ်မြှုပ်နေနေသူဖြစ်တယ်။တစ်နေ့တော့ ဂရေဟမ်ဆီကိုသူငယ်ချင်းဖြစ်သူရောက်လာပြီးမိသားစုလိုက်သတ်ဖြတ်ခဲ့တဲ့ကွင်းဆက်လူသတ်သမားကိုကူညီစုံစမ်းပေးဖို့ အကူအညီတောင်းလာတဲ့အခါ။ဂရေဟမ်တစ်ယောက်လူသတ်မှုတွေကို ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ။လူသတ်သမားကရော ဘယ်လိုပိပိရိရိ ရှောင်တိမ်းမလဲ။ဉာဏ်ကြီးရှင်လူသတ်သမားတွေနဲ့ FBI စုံထောက်တွေကြားအားပြိုင်ပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ File size…1.3GB / 455MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….2h Genre ..... Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice
movie
Manhunter(1986)
6.9
Get Shorty (1995)
Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie
Get Shorty (1995)
8.3
Snatch(2000)
Snatch(2000)IMDb....8.3,,,,Rotten....73%Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်... ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင် ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင် အခုလည်း လက်ရှိ မူလကျောရိုးအတိုင်းရိုက်ပေမယ့် အောင်မြင်မှုရနေတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်....ပြောရရင်အထက်ပါ ၂ကားဟာ ပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်း ရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့... ဒီ Snatch ကားကလည်း ့ စိန်တုံးကြီးတစ်တုံးကအခြေ တည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သ ည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြား က စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်....ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....File Size : (950MB) and (390 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Snatch(2000)
2000
7.0
Out of Sight(1998)
ဘဏ်တွေဓားပြတိုက်တာ အကြိမ်ဘယ်လောက်ရှိပြီလဲမေးရင် များလွန်းလို့ အရေအတွက်အတိအကျမမှတ်မိတာကြောင့် ပြန်မဖြေနိုင်ဘူး သူကတော့ ဖိုလေလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်မင်းသားချောကြီး George Clooneyဖြစ်ပါတယ် ဘဏ်ဓားပြမှုတစ်ခုကြောင့်ပဲ သူထောင်ကျခဲ့တယ် ဒါပေမဲ့ တစ်နေ့ သူထောင်ကထွက်ပြေးတယ်....ပြေးရင်းနဲ့ လမ်းမှာတွေ့တဲ့မိန်းမတစ်ယောက်ကိုဓားစာခံလုပ်ဖို့ခေါ်သွားတယ်....ဆိုးတာက သူဓားစာခံလုပ်ဖို့ခေါ်သွားတဲ့အမျိုးသမီးက ထောက်လှမ်းရေးအရာရှိတစ်ယောက်ဖြစ်လို့နေပါတယ်.....ကျွန်တော်ငယ်ငယ်က အချစ်ဝတ္ထုစာအုပ်တွေငှားရင်ပဲဖြစ်ဖြစ်ဝယ်ရင်ပဲဖြစ်ဖြစ် အစပိုင်းနည်းနည်းဖတ်ကြည့်တယ် မင်းသားနဲ့မင်းသမီးက အစပိုင်းမှာ ရန်ဖြစ်နေရင်အာ့စာအုပ်ကိုယူလိုက်ပြီ တကျက်ကျက်ရန်ဖြစ်ရင်း သူတို့နှစ်ယောက်ဟာ ဘယ်လိုခံယူချက်တွေပဲထားထား နောက်ဆုံး နှလုံးသားရဲ့ လိုအင်ဆန္ဒကိုတော့ မဆန့်ကျင်နိုင်ရှာဘူး ....အဲ့ဒါမျိုးတွေဆို သိပ်သဘောကျတယ် စာရေးဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့နာမည်ကြီးလေရူးသုန်သုန်တောင် ဇာတ်ကောင် ၂ယောက်ရန်ဖြစ်နေတာမျိုးလေးတွေ့မှဖတ်ဖြစ်တယ် . ဘာဖြစ်လို့ကြိုက်တာလည်းဆိုတော့ မဖြေတတ်ဘူး..ခု out of sight လည်း သူတို့ ၂ယောက်ကအခြေအနေမတူ ရပ်တည်ချက်ခြင်းမတူကြဘူး ဒါပေမယ့်ဘဏ်ဓားပြကြီးက ထောက်လှမ်းရေးအရာရှိမလေးကိုမှကြွေသွားတယ်..သူတို့ ၂ယောက်လည်း ရန်တွေဖြစ်ကြတယ်..ဒီကားကြည့်မိတော့ငယ်ငယ်တုန်းကရင်ခုန်သံတွေပြန်အမှတ်ရတယ် ... လတ်ဆတ်နေတုန်းပဲ...ထောက်လှမ်းရေးအရာရှိမ ကလည်း JLOရဲ့လှသွေးအကြွယ်ဆုံးအချိန်ဆိုတော့ လိုက်ဖက်လှတယ်.. Crime အမျိုးအစားလည်းဖြစ်လေတော့ ကြည့်ရတာတော်တော်ကောင်းပါတယ် ကိုင်းပြိတ်သတ်ကြီးရေကျွန်တော်တို့လို လူမျိုးတွေရှိရင် ဒေါင်းကြည့်လိုက်ပါဦးဗျဘာသာပြန်ကတော့ Sherlock ပါ.....File Size…(853MB) and (350MB) Quality…BluRay ...
movie
Out of Sight(1998)
1998