Channel Myanmar

Dennis Cockrum

Paparazzi (2004)
Paparazzi (2004) Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ...ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ...ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ...သူဟာမိသားစုကိုအလေးထားသူပါ....ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်....အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်...တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်.... ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ... ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Paparazzi (2004)

Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016
Murder by Numbers (2002) 6.1
Murder by Numbers (2002) Murder by Numbers (2002)မင်းသားချော Ryan Gosling ငယ်ရွယ်စဉ်အခါကရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ryan Gosling အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Michael Pitt, Ben Chaplin နဲ့ Sandra Bullock တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Barbet Schroeder ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချက်(Ryan Gosling)ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောနဲ့ ကျောင်းမှာလည်းလူသိများတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဂျက်စတင်ဟာ လိုချင်တာအားလုံးရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့အတွက် ဘဝကြီးကိုအပြည့်အဝခံစားဖို့အတွက် လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတူတူကြံစည်ကြပါတော့တယ်။သူတို့ဟာသူတို့ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက်အမှုကို ပြီးပြည့်စုံအောင်စီစဉ်ခဲ့ပေမယ့် ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ကြီးကတ်ဆီမေဝဲသာကတော့ ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်တာကြောင့် သူတို့ရဲ့အမှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို လှည့်ကွက်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။)File Size          : 3.4GB, 917MB, ...
movie

Murder by Numbers (2002)

Gangster Squad 6.7
Gangster Squad Gangster Squad (2013)_____IMDb - 6.7/10    ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie

Gangster Squad

2013