Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Denis Podalydès
7.0
All Your Faces (2023)
ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုအစီအစဉ်များကို ပြစ်မှုကျူးလွန်သူများနှင့် သားကောင်များအကြား ဆွေးနွေးမှုများအတွက် ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများက ပံ့ပိုးပေးတဲ့လုံခြုံသောနေရာတစ်ခု ပေးခဲ့တယ်ပါဝင်သူများထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ Chloé , Grégoire၊ Nawelle နှင့် Sabine၊ ဖောက်ထွင်းမှုနှင့် လုယက်မှု သားကောင်များ၊ Nassim၊ Issa နှင့် Thomas တို့က အကြမ်းဖက် လုယက်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ပြစ်မှုကျူးလွန်သူများဖြစ်ကြတယ်သူတို့တွေ့ဆုံဆွေးနွေးတဲ့အခါ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie
All Your Faces (2023)
7.2
An Officer and a Spy (2019)
၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
An Officer and a Spy (2019)
6.6
The Da Vinci Code (2006)
The Da Vinci Code (2006) ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။ အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။ သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ ...
movie
The Da Vinci Code (2006)
2006
1080p HEVC
7.2
En Corps(Rise) (2022)
En Corps(Rise) (2022) ================ IMDb Rating - 7.2/10ဇတ်လမ်းလေးကတော့ ဘဲလေးကချေသည်လေးအဲလစ်မှာ စင်ပေါ်မှာဖျော်ဖြေနေတုန်းမှာ ခြေကျင်းဝတ်ဒဏ်ရာရသွားတယ်၊ အရင်ကတည်းကဒဏ်ရာဟောင်းကိုပဲသုံးခါလောက်ထပ်ဖြစ်တော့ ဆရာဝန်က ဘဲလေးအကကို နှစ်အနည်းငယ်လောက်နားဖို့ပြော လိုက်တာပေါ့၊ ငယ်ငယ်ကတည်းက ဘဲလေးအကကို ကလာတာ ရယ် ရူးသွပ်တဲ့စွဲလန်းမှုတွေကြောင့် ရပ်နားရမယ်လို့ကြားလိုက်ရတဲ့ စကားကသူ့အတွက်အတော်လေးစိတ်ဓာတ်ကျစေတယ်။အက မကရတဲ့အတွက်အခြားအလုပ်ကိုပြောင်းပြီးလုပ်မယ်လို့ စိတ်ကူးရင်းနဲ့ သူငယ်ချင်းဆဘရီနာနဲ့ဆက်သွယ်ဖြစ်တယ်၊ ဆဘရီ နာရဲ့ ချစ်သူက အနုပညာသင်တန်းတစ်ခုမှာစာဖိုမှူးလုပ်နေတာဆိုတော့ အဲလစ်လည်းလက်ခံလိုက်တယ်၊ဆေးကုနေရင်း အနုပညာသင်တန်းမှာ ခေတ်ပေါ်အကကိုတဖြည်းဖြည်းနဲ့လိုက်က ကြည့်တယ်၊ ဒဏ်ရာက တဖြည်းဖြည်းသက်သာတဲ့အတွက် ခေတ်ပေါ်အကအဖွဲ့ကိုဝင်ကရင်းနဲ့ စင်ပေါ်မှာပြန်လည်တင်ဆက်နိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြည့်ရှုပေးပါဦးလို့ပြောလိုက် ပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.2 GB) / (870 MB) / (514 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 57Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Tin Myo Lwin Encoder..........SWM
movie
En Corps(Rise) (2022)
2022
5.7
Deception (2021)
Deception (2021) =============ပြင်သစ်ကားတွေက အိမ်ထောင်ရေးဖောက်ပြန်တာကို အနုပညာဆန်ဆန် ဖန်တီးတဲ့နေရာမှာ စံထားလောက်တယ်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ အခု ''Deception'' ဇာတ်ကားလေးကလည်း ဒီလိုပါပဲ။ အိမ်ထောင်ရေး ဖောက်ပြန်တာကို ဇာတ်အိမ်တည်ပြီး အချစ်အကြောင်းကို လှလှပပရိုက် ပြသွားတဲ့ ဇာတ်လမ်းမျိုးပါ။ဒီကားရဲ့အဓိကဇာတ်ဆောင်ကတော့ ဖီးလစ်ပေါ့။ ဖီးလစ်က ဂျူး - အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့မယားငယ်အမျိုးသမီးလေးနဲ့အတူ ရုံးခန်းလေးထဲမှာ ပေါင်းသင်းနေထိုင်ပါတယ်။ ဒီအခန်းလေးထဲမှာပဲ ဒီအမျိုးသမီးနဲ့ တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ ဂျူးလူမျိုးမုန်းတီးရေးဝါဒီတွေအကြောင်းပြောကြတယ်၊ စာပေအကြောင်းတွေဆွေးနွေးကြတယ်။ တစ်ယောက်အပေါ်တစ်ယောက် သဝန်တို စိတ်မချတာတွေမရှိဘဲ စည်းမဲ့ဘောင်မဲ့ အချစ်ကိုခံစားကြတယ်။ ဇာတ်ကားတစ်ခုလုံးက အိမ်ထောင်ရေးဖောက်ပြန်မှု စည်းဘောင်တွေကျော်ပြီး အချစ်အကြောင်းဖန်တီးထားတာ ဖြစ်ပါတယ်။ အကယ်၍ အိမ်ထောင်ရေးကိစ္စတွေကိုသာ လျစ်လျှူရှုပြီး ကြည့်ခဲ့ရင် ဒီဇာတ်လမ်းလေးက အချစ်အကြောင်းကို လှလှပပလေး ပုံဖော်ထားတယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thar Htet ဖြစ်ပါတယ်)File Size..........(1.3 GB) / (565 MB) Quality............WebRip 1080p / 720p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator....... Thar Htet Encoder..........SWM
movie
Deception (2021)