Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Deep Roy
8.3
Star Wars: Episode VI – Return of the Jedi (1983)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VI – Return of the Jedi (1983)
4K HEVC
6.0
Transformers: Revenge of the Fallen (2009)
Transformers 2007 ခုနှစ်က ဇာတ်ကားရဲ့ အဆက်အဖြစ်ဆက်လက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ..ပထမဇာတ်ကားက မင်းသား Shia LaBeouf ပဲ အပြောင်းအလဲမရှိ ပါဝင်ထားပြီးမင်းသမီး Megan Fox ကိုလဲ ညှို့အားပြင်းစွာဆက်လက်မြင်တွေ့ရမှာပါ။ထုံးစံအတိုင်း Autobots တွေရဲ့ တိုက်ပွဲဝင်ခန်းတွေကို ဦးစားပေးကြည့်ရှုရပါမယ်။(Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(7.3 GB)/(4.4 GB)/(1.7 GB) Quality….BluRay 4K HDR HEVC/1080p/720p HEVC Format…mkv/mp4 Duration….02:29:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Transformers: Revenge of the Fallen (2009)
2009
4K HEVCHDR
7.3
Corpse Bride (2005)
Corpse Bride (2005)IMDb - 7.3/10_____Rotten - 84% ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb Rating -7.3 ရရှိထားပြီး.... မြူးကြွတဲ့တေးသီချင်းလေးများ...Romanceဆန်တဲ့ပြကွက်လေးများနဲ့ ....အချစ်တို့ရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Movies ကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSE BRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ… ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်..... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလို့ခေါ်တဲ့ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု.....ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှတစ်ဦးတည်းသောသားလေး Victa... မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက်တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်...... ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး....တစ်ခါမှမမြင်ဖူးတဲ့သူကိုလက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ....Victa တစ်ယောက် လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကိုသေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာတစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့်ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ..Victaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ဘုမသိဘမသိပါသွားရရှာပေါတော့တယ်... တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့Victoriaတစ်ယောက်.... Victaပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး...Victoriaမိသားစုရဲံ စည်းစိမ်တွေကိုလိုချင်နေတဲ့ ...
movie
Corpse Bride (2005)
2005
6.2
How the Grinch Stole Christmas (2000)
How the Grinch Stole Christmas (2000) ငယ်ငယ်ကတော့ ခရစ္စမတ်နားနီးတဲ့ အပတ်မှာ ပုတက်တို့ Kidzone တို့လို ကာတွန်းစာစောင်တွေမှာ ခရစ္စမတ်ဇာတ်လမ်းလေးတွေ ထည့်တာကို ဖတ်ရင်း၊ Casper, Mickey Mouse, Winnie the Pooh တို့ရဲ့ ခရစ္စမတ်ကာလကားလေးတွေ၊ A Christmas Carol တို့ Home Alone တို့ Grinch တို့လို ခရစ္စမတ်ကားလေးတွေကြည့်ရင်း ဖြတ်သန်းဖူးခဲ့ကြတယ်မို့လား။ ခရစ္စမတ်ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပေမဲ့ မစိမ်းလှပါဘူး။ဒီဇာတ်လမ်းကတော့ ငယ်ဘ၀ကခရစ္စမတ်ကိုရော ငယ်ဘ၀ကိုရော Nostalgia ဖြစ်စေမယ့် ဇာတ်လမ်းပါ။၂၀၀၀ခုနှစ်မှာထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ခရစ္စမတ်ကားတွေရဲ့ အရသာအတိုင်းပါပဲ။ ခရစ္စမတ်ကားလေးပေမဲ့ မင်းသားက ဂျင်ကာရေး ဖြစ်တဲ့အပြင် ဆာအန်သိုနီဟော့ကင်းကလည်း Narrator အဖြစ် နောက်ခံစကားပြောပေးထားတယ်။ ဒါရိုက်တာကတော့ ၂၀၀၂မှာ A Beautiful Mind ရုပ်ရှင်နဲ့ ...
movie
How the Grinch Stole Christmas (2000)
2000
5.1
The Haunted Mansion (2003)
The Haunted Mansion (2003)အလုပ်ကြိုးစားတဲ့ ပျော်ရွှင်နေတဲ့ Evers မိသားစုက အိမ်ထောင်ဦးစီး Jim။ သူလုပ်တဲ့အလုပ်က အိမ်ခြံမြေပွဲစား။ ပွဲဖြစ်ရင် မျိုးမျိုးမြတ်မြတ် စားရတဲ့ လုပ်ငန်းပေါ့ဗျာ။ အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ရင်း ပိုက်ဆံတွေရလာပေမယ့် မိသားစုအပေါ် ပျက်ကွက်မှုတွေများလာလို့ အလျော်ပေးတဲ့အနေနဲ့ မိသားစုခရီးလေးထွက်လာတဲ့အခါ ငွေနောက်ကို အသည်းအသန်လိုက်တဲ့သူမို့ မိသားစုခရီးထွက်လာတာတောင် လုပ်ငန်းတစ်ခုလုပ်ဖို့ တစ်နေရာကိုလမ်းကြုံဝင်ခဲ့တယ်။သူရောင်းပေးရမယ့်အိမ်ကြီးက ဒေါ်လာ သန်းနဲ့ချီတန်တာမို့ ဘယ်လိုမှ မငြင်းဆန်နိုင်ပဲ အရောက်သွားချိန်မှာ ကံဆိုးမိုးမှောင်တွေဆက်တိုက်ကျရောက်လာပါတော့တယ်။ သရဲခြောက်တတ်တဲ့အိမ်ကြီးမှာ ဖြစ်လာသမျှ ပြဿနာတွေကို လိုက်လံဖြေရှင်းရင်း သားသမီးနဲ့ ဇနီးကို ကယ်တင်ဖို့ကြိုးစားရတဲ့ ပျော်ရွှင်စရာ မိသားစုကြည့် Fantasy ကားလေးပါ။ခေါင်းဆောင်မင်းသားဖြစ်တဲ့ Eddie Murphy ဆိုတာက အမေရိကန် ဟာသ သရုပ်ဆောင် စာရေးဆရာ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်တွေမှာ သိပ်ကို အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပြီး သရုပ်ဆောင်ဆုတွေ အများကြီး သိမ်းပိုက်နိုင်ခဲ့သူပါ။ ဟာသပညာရှင်အဖြစ်လည်း ...
movie
The Haunted Mansion (2003)
2003
6.7
Charlie and the Chocolate Factory(2005)
Charlie and the Chocolate Factory(2005)IMDb....6.7,,,,Rotten...82%ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်းသူ့ချောကလက်တွေကိုနှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ်အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်....ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကိုသူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်...ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ကြေညာခဲ့ပါတယ်..။ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲထင်ခဲ့ကြပါတယ်...စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်...စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ.... မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ..လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီးဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံံအောက်မှာ ထည့်သွင်းထားပါတယ်။၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ...
movie
Charlie and the Chocolate Factory(2005)
2005
8.0
Big Fish (2003)
IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie
Big Fish (2003)
2003
7.1
Star Trek Beyond (2016)
Star Trek Beyond (2016) IMDb - 7.1/10_____Rotten - 86% Star Trek Beyondကနဦးစွာ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ Director Justin Lin တစ်ယောက် ဒီဇာတ်ကားကို ရိုက်မယ်လို့ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အလွန်စိတ်ပျက်မိခဲ့တယ်။ Fast and Furious ကောင်က ကိုယ်တွေကြိုက်တဲ့ Star Trek ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ အခုလိုပြောလိုက်လို့စာဖတ်သူတို့ဘာမှ စိတ်မပူပါနဲ့။ တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။--------------------------------------------------------------------------------ကျွန်တော်တို့လွန်ခဲ့တဲ့ 3 နှစ်ခန့်လောက်ကို ပြန်သွားကြည့်ရအောင်ဗျာ။ Star Trek into Darkness က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဝင်ငွေ $467 Million နဲ့အောင်ပွဲခံနေတဲ့အချိန်ပေါ့။ တစ်ချို့ကတော့ သူတို့သဘောကျတဲ့ Khan ဇာတ်ကောင်ကို သရုပ်ဖော်တာ မကြိုက်လို့ဆိုပြီး အညံ့ဆုံး Star Trek ...
movie
Star Trek Beyond (2016)
2016
7.7
Star Trek Into Darkness (2013)
Star Trek Into Darkness (2013) IMDb - 7.7/10_____Rotten - 84% Star Trek into Darkness (သို့မဟုတ်) တစ်ကျော့ပြန် KhanStar Trek ဇာတ်ကားတွေမှာ အလွန်ကောင်းမွန်တဲ့ Villains တွေရှားတယ်။ The Next Generations တုန်းကတော့ လူဆိုးကြီး Q ရှိတယ်။ တစ်ခြားနာမည်ကြီး လူဆိုးမျိုးနွယ်တွေကတော့ Klingons တို့Romulans တို့Ferengi တို့တော့ရှိတာပေါ့။ အကောင်းဆုံး Villain ကိုပြပါဆိုရင် Khan တစ်ယောက်ပဲ ရှိမယ်ထင်တယ်။ ဒါကြောင့်လည်း J.J. Abrams ရဲ့ဒုတိယမြောက်ဇာတ်ကားတွင် ထိုဇာတ်ကောင်ကို ပြန်လည်အသက်သွင်းခဲ့တယ်။ The Wrath of Khan ဇာတ်ကားတုန်းက Khan သည် Spock ရဲ့အသက်ဇီဝိန်ကို ချွေနိုင်ခဲ့သည်အထိ တတ်စွမ်းနိုင်ခဲ့တယ်လေ။J.J. Abrams ဇာတ်ကားတွေရဲ့New Timeline မှာတော့ ...
movie
Star Trek Into Darkness (2013)
2013
7.9
Star Trek (2009)
Star Trek (2009) IMDb - 7.9/10_____Rotten - 94% Won 1 Oscar. Another 24 wins & 93 nominations ခေတ်သစ် Star Trek (တစ်နည်းပြောရရင် ကျွန်တော်တို့ခေတ်ရဲ့Star Trek)J. J. Abrams က 2009 နှစ်စပိုင်းလောက်မှာ Star Trek ရုပ်ရှင်တွေကို ပြန်လည်ဆန်းသစ် ရိုက်ကူးမယ်လို့သိရတော့ ကျွန်တော် စိတ်မဝင်စားခဲ့ဘူး။ ထိုအချိန်လောက်က ကျွန်တော်ဟာ Star Trek fan တစ်ယောက် မဟုတ်ခဲ့သလို J. J. Abrams ကိုလည်း ကြိုက်တဲ့ Directors စာရင်းထဲမှာ မရှိခဲ့လိုပဲ။ အမှန်ကို ဝန်ခံရမယ်ဆိုရင် 2009 တုန်းက ထွက်ရှိခဲ့တဲ့ Star Trek ဇာတ်ကားကို ပထမအကြိမ် ကျွန်တော်ကြည့်ခဲ့စဉ်က မကြိုက်ခဲ့ပေမဲ့ Star Trek into ...
movie
Star Trek (2009)
2009