Channel Myanmar

Debra Gordon

Sorority Row (2009)
Sorority Row (2009)  Sorority Row ဟာ 1982 ရုပ်ရှင် The House on Sorority Row ရဲ့ Remake ဖြစ်ပြီးရှားရှားပါးပါးမူရင်းကိုလိုက်မှီတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ရော့စ်မန်းတက္ကသိုလ် Theta P Sorority ညီအစ်မတစ်စုဖြစ်တဲ့ Cassidy, Jessica, Ellie, Claire, Chugs နဲ့ Megan တို့ဟာ စီနီယာပါတီကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ချက်ဂ်ရဲ့မောင်ဖြစ်သူ ဂဲရတ်အပေါ်သူ့ရည်းစား မီဂန်နဲ့ပေါင်းပြီး ဇာတ်လမ်းဆင်ဟာသတစ်ခုလုပ်ပြီး စနောက်ရာကနေ မီဂန်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲအားလုံးတိုင်ပင်ပြီးတော့ မီဂန်အလောင်းကို မိုင်းတွင်းဟောင်းကြီးထဲပစ်ချဖျောက်ဖျက်ခဲ့ပြီးနောက်အားလုံး ဘာမှမဖြစ်သလိုပြန်နေခဲ့ကြပါတယ်။အဲ့ဒီဖြစ်ရပ်အပြီးနောက်ရှစ်လအကြာ သူတို့ရဲ့ကျောင်းဆင်းပွဲပါတီနေ့မှာတော့ ခေါင်းစွပ်ဘွဲ့ဝတ်စုံနဲ့မီဂန်ကိုသေဆုံးစေခဲ့တဲ့ တာယာတံတစ်ချောင်းကိုကိုင်ထားတဲ့လူသတ်သမားဟာ သူတို့အုပ်စုကိုအမှည့်ချွေပါတော့တယ်။ Horror ကားပီသစွာ Rated R ကိုယူထားတဲ့အတွက် သတ်ခန်းဖြတ်ခန်းတွေ ရှယ်ကြမ်းပါတယ်။ အမျိုးသမီးဆောင်ကိုအခြေခံပြီး ဗရုတ်ကျကျမိန်းကလေးငယ်တစ်စုဦးဆောင်တဲ့အတွက် အဖော်အချွတ်လေးတစ်ချို့လည်းပါပါသေးတယ်။ Slasher ကားကောင်းငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် Old but gold တစ်ကားပါပဲ။ File size…(1.7 GB)/(894 MB) Quality….Webrip ...
movie

Sorority Row (2009)

Cry_Wolf (2005) 5.8
Cry_Wolf (2005)  Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai
movie

Cry_Wolf (2005)