Channel Myanmar

Deborah Geffner

MaXXXine (2024) 6.8
MaXXXine (2024) MaXXXine (2024) Pearl (2022) X (2022)နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး ...
movie

MaXXXine (2024)

4K HEVC
Under the Silver Lake (2018) 6.8
Under the Silver Lake (2018) Under the Silver Lake (2018)IMDb Rating (6.5)ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ...ဒါပေမယ့် မဟုတ်ပါဘူး။ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးကA24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် ...
movie

Under the Silver Lake (2018)

2018
Infestation (2009) 5.8
Infestation (2009)  ကူပါ ဆိုတဲ့ကောင်လေးက ဘဝကို ပေါ့ပေါ့နေ ပေါ့ပေါ့စားနေတတ်တဲ့ ကောင်လေးဖြစ်ပါတယ်။ အလုပ်တောင်မှ သူ့အဖေက ရှာပေးလို့ အလုပ်ရပြီး အလုပ်ရတာတောင် အလုပ်ထဲမှာ ရုံးက တခြားဝန်ထမ်းတွေနဲ့ ရေလားဝါးလား နေတတ်တဲ့ လူဖြစ်ပါတယ်။တစ်ရက်မှာ ကူပါ သူဌေးနဲ့ စကားပြောနေတုန်း အသံတစ်ခုကြားလိုက်ပြီး မေ့လဲသွားပါတော့တယ်။ သတိပြန်ရတဲ့အချိန်မှာ ကမ္ဘာကို ပိုးကောင်ကြီးတွေက အုပ်စိုးထားပြီး လူတွေကိုလည်း ပိုးအိမ်ထဲထည့်ထားပြီး ဖမ်းထားပါသေးတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တဲ့ ကူပါ တစ်ယောက် အသက်ရှင်ဖို့ ဘယ်လိုကြိုးစားမလဲ။ ပိုးကောင်ကြီးတွေ ရန်ကနေ ဘယ်လိုထွက်ပြေးကြမလဲ၊ ပိုး​ကောင်ကြီးတွေကို ဘယ်လိုသတ်ကြမလဲ ဆိုတာကို Character developmentတွေနဲ့အတူ ရင်သက်ရှု့မောဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။2009ခုနှစ်က ရုပ်ရှင်တစ်ခုအတွက် CGIက ကြည့်လို့အဆင်ပြေတဲ့ထဲပါပြီး ဇာတ်လမ်းဇာတ်သွားကလည်း ကြည့်လို့ကောင်းပါတယ်။ အကောင်တွေပါပြီး Survival ပုံစံမျိုးကို ကြည့်ရတာ နှစ်သက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါလို့ ပြောရင်း reviewကို ...
movie

Infestation (2009)