Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Debi Mazar
5.5
Down the Rabbit Hole (2024)
Down the Rabbit Hole ကတော့ ၂၀၂၄ မေလ ၁ ရက်မှာအသစ်ထွက်ရှိထားတဲ့မက္ကဆီကိုရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။ဟာသ၊ ဒရမ်မာအမျိုးအစားဖြစ်ပြီး ရုပ်ရှင်ရဲ့နာမည်အတိုင်းယုန်တွင်းထဲကိုဝင်သွားမှ ထူးခြားဆန်းပြားတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ၁၀ နှစ်သားကလေးငယ်တစ်ယောက်ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုစတင်ရိုက်ကူးပြထားပြီး ဆက်ကြည့်သွားရင်းနဲ့မှ မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဖခင်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေ၊ ရက်စက်မှုတွေကိုတို့ရှ်ထလီဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့ရှု့ထောင့်ကနေကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း*************** မြို့ပြင်ကခမ်းနားတဲ့နန်းတော်ကြီးတစ်ခုထဲမှာကြီးပြင်းလာတဲ့၁၀ နှစ်သားလေးတို့ရှ်ထလီဟာ ဖခင်ကအလိုလိုက်ခံထားရသူဖြစ်ပြီးလိုတာတလိုက်တိုင်းရရှိနေခဲ့ပါတယ်။တိရစ္ဆာန်ချစ်တဲ့တို့ရှ်ထလီအတွက် ဖခင်က ကိုယ်ပိုင်တိရစ္ဆာန်ရုံတစ်ခုတည်ဆောက်ပေးထားသလို သားငယ်ပါးစပ်ကဟလိုက်တဲ့အရာတိုင်းကို မဖြစ်ဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။ကိုယ်ပိုင်တိရစ္ဆာန်ရုံမှာ ရှားပါးတိရစ္ဆာန်တွေကိုပိုင်ဆိုင်ထားရတာတောင်မှ အာဖရိကရေမြင်းငယ်လေးတွေကိုမှအရူးအမူးလိုချင်နေတဲ့တို့ရှ်ထလီအတွက် ဖခင်ဖြစ်သူကအာဖရိကအထိတောင်လိုက်ပို့ပေးခဲ့တာပါ။ ဒါပေမဲ့ တို့ရှ်ထလီဟာနန်းတော်ကြီးရဲ့အပြင်ကိုထွက်ခွင့်မရှိသလို အမှန်တရားတချို့ကိုလည်း သိခွင့်မရှိခဲ့ပါဘူး။ တကယ်တော့ တို့ရှ်ထလီရဲ့ဖခင်ဟာမက္ကဆီကိုရဲ့အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တွေထဲကတစ်ဦးဖြစ်ပါတယ်။ သားဖြစ်သူအပေါ်မှာနူးညံ့ကြင်နာသလောက်တခြားသူတွေအတွက်တော့ တို့ရှ်ထလီရဲ့ဖခင်က ရက်စက်ကြမ်းကြုတ်သူတစ်ဦးပါ။ တစ်ဖြည်းဖြည်းကြီးပြင်းလာတဲ့တို့ရှ်ထလီဟာစူးစမ်းလိုစိတ်လည်းပြင်းပြလာတာကြောင့်ဖခင်ရဲ့ရာဇဝတ်ဂိုဏ်းအကြောင်းကိုလည်း နည်းနည်းချင်းသိရှိလာခဲ့ပါတော့တယ်။ File size…1.91 GB / 829 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Down the Rabbit Hole (2024)
5.4
The Tuxedo (2002)
ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie
The Tuxedo (2002)
6.3
The Only Living Boy in New York (2017)
The Only Living Boy in New York (2017) ============================= IMDb Rating - 6.3/10မြို့တစ်မြို့ရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲ နယူးယော့ခ်မြို့ကြီးမှာ နေထိုင်ရင်း ဘဝအဓိပ္ပာယ်ကို ရှာ ဖွေနေသလို၊ မြို့ရဲ့ဝိညာဉ်ပျောက်ဆုံးနေပြီလို့ စွပ်စွဲနေတဲ့ သောမတ် ဝက်ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။ သောမတ်ဟာ ချမ်းသာတဲ့ သူ့မိဘတွေရဲ့ ဝေးရာမှာနေထိုင်ရင်း သူ စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနေရင်းဘဝကို ပျင်းရိဖွယ် ဖြတ်သန်းနေတာပါ။ သူ့ဘဝမှာက ချစ်ရတဲ့သူဆိုလို့ မီမီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့လည်း ထင်နေတဲ့သူပါ။ဒါပေမယ့် သောမတ်တစ်ယောက် သူ့အဖေ အီသန် ဖောက်ပြန် နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေနဲ့ ဖောက်ပြန်နေ တဲ့ ဂျိုဟန်နာဆိုတဲ့ အမျိုးသမီးကို လိုက်ချောင်းရင်း ပျင်းစရာ သူ့ဘဝကြီးအပြောင်းအလဲဖြစ်လာပုံကို Plot Twist လေးတွေနဲ့ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.26 GB) / (449 MB) Quality............WEB-RIP 1080p / ...
movie
The Only Living Boy in New York (2017)
2017
The Kill Room (2023)
The Kill Room (2023) ============ Comedy , ThrillerSamuel L.Jackson နဲ့ Ethan Hawke သမီး Maya တို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်ဂေါ်ဒန်လို့ခေါ်တဲ့ ဆင်မြူရယ်ဂျက်ဆင်က နယူးဂျာစီမှာ စားသောက်ဆိုင်ဗန်းပြပြီး မူးယစ်မှောင်ခိုတွေလုပ်နေတဲ့ လူမိုက်ကြီးပေါ့... ဒါပေမယ့် တစ်နေ့သူ့ရဲ့ မသမာတဲ့ ငွေတွေကို ငွေကြေးခဝါချပြီး...တရားဝင်သုံးလို့ရတဲ့ ငွေဖြူအဖြစ်ပြောင်းလဲဖို့ လိုအပ်လာပါတယ် အဲ့ဒီမှာ သူသွားတွေ့လိုက်တာက ပန်းချီပြခန်းတစ်ခုပါပဲ..... ကားရောင်းအဝယ်လုပ်ပြီး ဗန်းပြရင်တောင်..ကားတစ်စီးရဲ့တန်ဖိုးနဲ့ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို IRS ခေါ် အခွန်ဌာနက လူတွေက သိပြီး အမှုပတ်သွားနိုင်ပါတယ်... ဒါပေမယ့် အနုပညာပစ္စည်းဖြစ်တဲ့ ပန်းချီကားတွေဆိုတာက ...တစ်ချပ်ကို သိန်းချီ သန်းချီဆိုလည်း တန်ကြေးရှိနိုင်ပြီး ဗန်းပြလို့ကောင်းပြီး ငွေဖြူပြောင်းပေးနိုင်တဲ့ အကောင်းဆုံး လမ်းကြောင်းတစ်ခုပဲ ဒါကို မြင်သွားတဲ့ ဂေါ်ဒန်ကသူ့တပည့် ရက်ဂျီကို ပန်းချီကားတစ်ချပ် ဆွဲချင်သလို ဆွဲခိုင်းပါတယ်... ရက်ဂျီကလည်း လက်တည့်စမ်းလိုက်တာ..သူဆွဲလိုက်တဲ့ ပန်းချီကားက ကမ္ဘာ့အနှံ့က ပန်းချီကားစုဆောင်းသူတွေ ထိပ်ထိပ်ကြဲသူဌေး မီလီယံနာကြီးတွေအထိ နာမည်ကြီးပြီး...သတင်းစာ မီဒီယာတွေကတောင် ဆောင်းပါးတွေ ရေးကုန်ပါတယ်... ဒီအတွက် ...
movie
The Kill Room (2023)
2023
Entourage(2015)
ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie
Entourage(2015)
7.9
The Insider(1999)
The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie
The Insider(1999)
1999
6.7
Empire Records (1995)
Empire Records (1995)~ IMDb - 6.7/10, VUDU - 4.5/5 ~Empire Records ဆိုတဲ့ ဆိုင်တစ်ဆိုင်မှာ ဆယ်ကျော်သက်အလုပ်သမားလေးတွေနဲ့ သက်လတ်ပိုင်းမန်နေဂျာတစ်ယောက်ဟာ ပျော်ရွှင်လွတ်လပ်စွာ အလုပ်လုပ်ကြပါတယ်။ တစ်ညမှာ မန်နေဂျာ Joe Reeves ဟာ ဆိုင်က Lucas ဆိုတဲ့ကောင်လေးကို ညဆိုင်ပိတ်ဖို့မှာပြီး ထားခဲ့ပါတယ်။ Lucas ဟာ သူတို့ဆိုင်ဟာ Music Town ဆိုတဲ့ Industry တစ်ခုအောက်ကိုရောက်တော့မယ့်စာချုပ်တစ်ခုကို တွေ့တဲ့အခါမှာ ဒါကိုကယ်တင်နိုင်ဖို့ ရှိတဲ့ပိုက်ဆံ 9000 ကို Casino ရုံမှာ သွားပွားပါတော့တယ်။ ဒါပေမယ့်အကုန်ရှုံးပြီး ပိုခက်ခဲတဲ့အခြေအနေတစ်ခုကိုရောက်သွားပါတယ်။လွတ်လပ်တဲ့ သူတို့ရဲ့ဆိုင်လေးကို အုပ်ချုပ်သူအသစ်ရဲ့အောက်မှာ တင်းကျပ်တဲ့စည်းကမ်းတွေဖြစ်လာမယ့်အရေးကို မလိုလားတာကြောင့် သူတို့ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ 24 နာရီတစ်ရက်တာကို ရိုက်ပြထားတဲ့ဒီဇာတ်ကားထဲမှာ လူငယ်တွေဟာကိုယ်ရေးကိုယ်တာ ပြဿနာမျိုးစုံတွေနဲ့အတူ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို 1990 ဝန်းကျင် ...
movie
Empire Records (1995)
1995
5.6
Be Cool (2005)
ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie
Be Cool (2005)
7.6
Collateral(2004)
Collateral(2004)မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max...ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားခဲ့တယ် ...သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်ကအဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်....သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ...သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်...မျက်မြင်သက်သေလိုဖြစ်နေတဲ့ Maxတစ်ယောက် ခရီးသည်ကြေးစားလူသတ်သမား ရဲ့အကြပ်ကိုင်မှုတွေနဲ့အတူရာဇဝတ်မှုတွေမှာ ပါဝင်လာရပါတော့တယ်။နောက်ပိုင်းသူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ။နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ် တို့ရဲ့လိုက်ဖက်ညီလှတဲ့သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။Imdb Rating 7.6Rotten Tomatoes 86%ရထားတဲ့ Collateral (2004)ကို CM ပရိသတ်ကြီးအတွက်ခရစ်စမတ်ကာလလေးမှာတင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအညွှန်းရေးသားပေးသူကတော့ Aye Mon Kyaw ဖြစ်ပါတယ်File Size…(900MB) and (340MB) Quality…BluRay 720p Format…mp4 Duration…01:55:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie
Collateral(2004)
2004
6.5
Jungle Fever 1991
Unicodeဒီရုပ်ရှင်ကတော့ မင်းသားကြီး ဝီစလီစနိုက် နဲ့ ဆမ်မြူရယ်ဂျက်ဆန်တို့ နုစဉ်အခါက ရိုက်ထားတဲ့ ဒရာမာ ကားလေးပါ။ ဒီရုပ်ရှင်လေးက အိမ်ထောင်ရေးပညာပေး ဖြစ်သလို ဆေးစွဲနေတဲ့လူတစ်ယောက်ရဲ့ မိသားစုကို ဒုက္ခပေးပုံအစုံစုံကိုလည်း ပြထားသလို၊ ဆေးသမားတစ်ယောက်က ဆေးသုံးနိုင်ဖို့ ဘယ်လောက်ထိ လိမ်နိုင်ပတ်နိုင်မလဲဆိုတာလည်း တွေ့မှာပါ။ ဇာတ်သိမ်းကတော့ မကောင်းဘူးဆိုတာ တွေ့မှာပေါ့။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မာသာဖာကာကြီး ဆမ်မြူရယ်ရဲ့ မှတ်ကျောက်တစ်ခုလို့ပြောလို့ရပါတယ်။ ဆမ်မြူရယ်တစ်ယောက် ဆေးစွဲပြီးမြောင်းထဲရောက်ခဲ့တဲ့ ဘဝကနေ ဆေးဖြတ်ပြီးခါစမှာပဲ ဒီရုပ်ရှင်မှာ ဆေးသမားအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။ အဲဒီအတွက်ပဲ သူအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာလည်း ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလူမည်းအမျိုးသား ဖလစ်ပါက ချစ်ရတဲ့ဇနီးနဲ့ ကလေးနဲ့ အိမ်ထောင်ရှင်ကောင်း တစ်ဦးပေါ့။ တစ်ရက်မှာ သူ့ရဲ့အတွင်းရေးမှူး လူဖြူမလေး အန်ဂျီနဲ့ ဖောက်ပြန်မိသွားတယ်။ ဒီသတင်းက အကြောင်းကြောင်းနဲ့ သူ့အိမ်သူ ဒရူးဆီ ပေါက်သွားတဲ့နောက် အိမ်ပေါ်ကနေ နှင်ချခံရတယ်။ အဲဒီကာလက လူဖြူလူမည်း ...
movie
Jungle Fever 1991
8.7
GoodFellas(1990)
GoodFellas(1990)အညြွန္း *********************** IMDb...8.7,,,,Rotten....96% (unicode)IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀) စာရင်းထဲမှာပါတယ်....တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်..ဒါရိုက်တာMartin Scorsese ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ... အော်စစကာ တစ်ဆုရရှိခဲ့ပြီး အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်...ဒီကားကို အညွှန်းမရေးပါရစေနဲ့... ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ... ခံစားကြည့်လိုက်ပါဦးဗျို့..ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်......(zawgyi)IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀) စာရင်းထဲမှာပါတယ်....တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်..ဒါရိုက်တာMartin Scorsese ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ... အော်စစကာ တစ်ဆုရရှိခဲ့ပြီး အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်...ဒီကားကို အညွှန်းမရေးပါရစေနဲ့... ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ... ခံစားကြည့်လိုက်ပါဦးဗျို့..ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်......File Size : (1.12 GB) and (407 MB) Quality : Blu-Ray 720p Format…mp4 Duration…02:26:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
GoodFellas(1990)
1990
5.4
Batman Forever (1995)
ကျွန်တော်က Bruce Wayneပါ။ ဂေါ်သမ်ရဲ့ သူဋ္ဌေးသားလေး တစ်ယောက်ပေါ့။ ဂေါ်သမ်မြို့ရဲ့ သန်းခေါင်ယံမှာ ပျံသန်းနေတတ်တဲ့ လင်းနို့တစ်ကောင်လည်း ဟုတ်တယ်။ ဒါလည်း ဘောစိမို့ ပျံနိုင်တာပါ။ ဝတ်စုံတွေက ဈေးကြီးတယ်ဗျ။ တစ်ချို့နေ့တွေမှာ ဆင်းရဲသားတွေလို စက်ဘီးပေါ်မဟုတ်ပဲ ဈေးကြီးပေးဝယ်လို့တောင်မရတဲ့ BatMobile ပေါ် ကြေကွဲနေခဲ့တယ်။ သေလွန်ခဲ့ပြီးသော မိဘတွေအကြောင်းကို ဆွေးရင်းပေါ့။ ကျွန်တော့် အတိတ်ကို ကျွန်တော် ခြေရာကောက်ကြည့်တယ်။ ကျွန်တော် လက်စားချေချင်စိတ်ကို အစပြုပြီး ကျွန်တော်ရဲ့ Batman ဖြစ်တည်မှုက အစပြုခဲ့တယ်။ ကျွန်တော်လည်း လူသားပဲလေ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ လူတွေကို ဘယ်ရွေ့ ဘယ်မျှအထိ ကယ်မနေရဦးမလဲ။ ကျွန်တော်လည်း မယားတရူးချင်သေးတယ်လေ။ မိန်းမတစ်ယောက်နဲ့ ဇိမ်လေးနဲ့ နှပ်... ဘော်ကြော့နေနေကြည့်ချင်သေးတယ်။ အတိတ်ဆိုတာ ပလိပ်(Police)လိုပါပဲ..လုပ်ဖူးတဲ့မကောင်းမှုတွေဆိုတာ ထပ်ကြပ်မကွာလိုက်လာတတ်တယ်။ ကျွန်တော် ကိုယ့်နေရာကိုယ်မနေပဲ ရန်သွားစထားခဲ့တဲ့ လူဆိုးတွေဟာ ကျွန်တော် အေးဆေးမနေရအောင် လုပ်ပြန်တယ်။ ထားပါ ထားပါ..ဇာတ်သိမ်းကိုခင်ဗျားတို့သိပါတယ်... အဆုံးမှာတော့ စူပါဟီးရိုးကားပီပီသသ စော်လေးကိုပစ်ပြီး အထီးကျန်ဟီးရိုးကြီးလုပ်ရဦးမှာပဲမလား။ ရုပ်ရှင်ပဲလေ..ကျွန်တော်ကလည်း Mtvရိုက်တဲ့ ဖိုးလပြည့် ပရဟိတလုပ်တဲ့ Bruce ...
movie
Batman Forever (1995)
1995
6.2
Wonder Wheel (2017)
ဒီတစ်ခါတော့ တိုက်တန်းနစ်မင်းသမီးကြီး Kate Winslet ရဲ့ ဒရမ်မာကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ wonder wheel ဆိုတဲ့ကားပါIMDb rating 6.2 ထိရထားပါတယ်1950 လောက်က ကိုနီကျွန်းမာ ချားမောင်းတဲ့သူရဲ့ မိန်းမ အရင်ကမင်းသမီးလုပ်ခဲ့ဖူးသူ အသက် ၃၉ နှစ်အရွယ်ဂျင်နီနဲ့ သူ့ဘဝအကြောင်းကို ပြဇာတ်ဘာသာရပ်နဲ့ မာစတာဘွဲ့ရဖို့ ကြိုးစားနေတဲ့ အသက်ကယ်သမားမစ်ကီက ဇာတ်ကြောင်းပြောတဲ့ ပုံစံမျိုးလေးနဲ့ ရိုက်ကူးထားတာပါဂျင်နီ့မှာ အရင်အိမ်ထောင်ကနေပါလာတဲ့ သားတစ်ယောက်ရှိပါတယ်သူကတော့ မီးရှို့တတ်တဲ့ အကျင့်ရှိပြီး ပြသနာခဏခဏရှာတတ်ပါတယ် ဂျင်နီကိုယ်တိုင်က ပထမအိမ်ထောင်မှာ ဖောက်ပြန်ခဲ့လို့ ယောကျ်ားဖြစ်သူကထားခဲ့ခံရပြီး အလုပ်ပြုတ်လို့ စားပွဲ ထိုးလုပ်နေရတာပါသူ့ရဲ့နောက်ယောကျ်ားချားမောင်းသမားကလည်း မိန်းမသေ သမီးက လူဆိုးအဖွဲ့ကလူနဲ့ ထွက်ပြေးသွားလို့ အရက်စွဲ ပြီး ဘဝပျက်နေချိန်မှာ ဂျင်နီနဲ့တွေ့ပြီး လက်ထပ်ဖြစ်ကြတာပါသူတို့အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် မှီတည်နေရင်း မပျော်ရွှင်ဖြစ်နေသူက ဂျင်နီပါ တစ်နေ့တော့ အသက်ကယ်သမား မစ်ကီနဲ့ တွေ့တဲ့အခါ ...
movie
Wonder Wheel (2017)
2017