Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Debbie Reynolds
6.3
The Bodyguard (1992)
The Bodyguard (1992)IMdb Rating (6.3)မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။File size…(3.9 ...
movie
The Bodyguard (1992)
6.8
Heaven and Earth (1993)
Heaven and Earth (1993)အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War ...
movie
Heaven and Earth (1993)
1993
Fear and Loathing in Las Vegas (1998)
အားလုံးရဲ့အချစ်တော် ဂျွန်နီဒက်ပ်ရဲ့ Las Vegasမှာကြမ်းတဲ့ ရုပ်ရှင်လာပါပြီ။ ကျွန်တော်တို့တွေ အရမ်းကြိုက်ကြတဲ့ Spidermanသရုပ်ဆောင် တိုဘီမက်ဂွိုင်းယားလည်းပါဝင်အားဖြည့်ထားတဲ့အပြင် Cars animationမှာပါဝင်ခဲ့တဲ့ကက်သရင်း ဟယ်မွန်လည်းပါတော့ သိပ်ကိုကောင်းပေါ့။ ဂျွန်နီဒက်ပ်က ဒီကားနဲ့ Best Foreign Actorဆုကိုရထားပါသေးတယ်။ဇာတ်လမ်းကတော့ ရာအိုးဒု(ဂျွန်နီဒက်ပ်)က သတင်းစာပညာပါရဂူတစ်ယောက်ပါ။ သူ့မှာ သွားအတူတူ၊လာအတူတူ၊စားအတူတူ၊ဆေးအတူတူသုံးနေကြ ဒေါက်တာဂွန်ဇွန်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူငယ်ချင်း၂ယောက် သုံးစားနေကြတုန်း ဆိုင်ကယ်ပြိုင်ပွဲသတင်းသွားယူဖို့ Las Vegasဆီသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဆေးသမား၂ယောက် Las Vegasမှာ ဘာတွေမွှေကြမလဲ၊ ဘယ်လိုတွေဖြေရှင်းကြမလဲ၊ ဘယ်လိုတိုင်တွေပတ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Personallyအရဆိုရင် Story Buildပိုင်းဖြစ်တဲ့ ရှေ့ပိုင်းမိနစ်၃၀လောက်တော့ စမ်းတဝါးဝါးဖြစ်နေပင်မယ့် အဲ့နောက်ပိုင်းမှာတော့ ရုပ်ရှင်က ကြည့်ရတာတော်တော်ကောင်းပါတယ်။ ဆေးသမား၂ယောက် ဆေးမူးပြီး တိုင်ပတ်ကြတာတွေ ပလပ်ကျွတ်နေတာတွေနဲ့ကို တစ်ခါတလေရယ်ရတဲ့အခန်းလေးတွေပါပါသေးတယ်။ ညဘက် Beerလေးသောက်ရင်း ဆေးလိပ်လေးဖွာရင်းနဲ့ chillရင် အတော်ကိုကောင်းဖို့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။File size…(2.83GB) / (1.5GB) / (761.39MB) Quality…. Web 1080P ...
movie
Fear and Loathing in Las Vegas (1998)
6.1
Rugrats in Paris: The Movie (2000)
Rugrats In Pairs 2000 IMDb 6.1 ဒီတစ်ခါတော့ ဒီကလေးတစ်သိုက်က တောထဲရော လူသူကင်းမဲ့တဲ့ကျွန်းပေါ်ပါရောက်သွားတာမျိုးမဟုတ်ဘဲ ပဲရစ်မြို့ကြီးကိုရောက်သွားတာပါ အလုပ်မှာအမှားဖြစ်သွားတာကြောင့် ReptarLandရဲ့ တာဝန်ရှိသူက ချက်ကီရဲ့အဖေကိုလှမ်းခေါ်ပြီး အမှားပြင်ဆင်ခိုင်းပါတယ်ချက်ကီမှာအားလုံးသိကြတဲ့အတိုင်း အမေမရှိပါဘူး တခြားကလေးတွေလိုမိခင်ရဲ့နွေးထွေးကြင်နာမှုကိုမခံရဘဲ ဖခင်နဲ့ပဲကြီးပြင်းလာတဲ့ချက်ကီလေးတစ်ယောက်ပဲရစ်မြို့ကြီးမှာတစ်ယောက်တည်းအထီးကျန်နေရာက သူငယ်ချင်းတွေကကြည့်မနေနိုင်တော့ဘဲ မေမေသစ်ရှာပေးမယ်ဆိုပြီး အကောင်အထည်ဖော်ပါတော့တယ်ဖြစ်ချင်တော့ ReptarLandရဲ့ တာဝန်ရှိသူ ကိုကိုးကလည်းကလေးချစ်တဲ့အထက်အရာရှိကို သူလည်း ကလေးအဖေတစ်ယောက်နဲ့ယူတော့မှာဖြစ်ကြောင်းလိမ်လည်လိုက်ရာက အထက်လူကြီးကမင်္ဂလာပွဲအထိလာကြည့်ပြီးမှ လုပ်ငန်းတွေဆက်လက်တွဲသွားမယ်ဆိုပြီး ပြောလာတာကြောင့် အကြပ်ရိုက်နေချိန် ...တစ်ဖက်မှာလည်းမေမေသစ်လိုချင်နေတဲ့ချက်ကီနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ကလေးမချစ်တတ်တဲ့ကိုကိုးနဲ့ ချက်ကီတို့ကလေးတစ်သိုက်ရဲ့ ဗရုတ်ကျတဲ့အလွဲတွေနဲ့ ရယ်မောစရာကာတွန်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed by Yunni File size…1.7GB / 900MB Quality…1080p Bluray AAC 5.1Ch / 720p Format…mp4 Duration….1h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Rugrats in Paris: The Movie (2000)
2000
8.3
Singin’ in the Rain (1952)
Singing in the Rain (1952) IMDb (8.3) / Rotten Tomatoes (100%) / Metacritic (99%) ဒီရုပ်ရှင်နာမည်ကို မကြားဖူးကြရင်တောင် Good Morning ပေါင်မုန့်ကြော်ငြာသီချင်းကိုတော့ အားလုံးကြားဖူးကြမှာပါ။ ဟုတ်ပါတယ်၊ အဲ့ဒီသီချင်းဟာ ဒီ Singing in the Rain ရုပ်ရှင်ကနေ ကော်ပီကူးထားတာပါ။ ၁၉၅၂ က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ၁၉၂၇ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး အသံတိတ်ရုပ်ရှင်ကနေ အသံပါဝင်လာတဲ့ရုပ်ရှင်ခေတ်ကို ပြောင်းလဲသွားတဲ့ ဟောလိဝုဒ်ပတ်ဝန်းကျင်အကြောင်းကို အဓိက ရိုက်ကူးပြထားတဲ့ Musical ကားတစ်ကားဖြစ်ပါတယ်။Singing in the Rain ရုပ်ရှင်မှာတော့ အောင်ခြေသိမ်းသဝကနေ နိုင်ငံကျော်မင်းသားကြီးဖြစ်လာတဲ့ ဒွန်လော့ခ်ဝုဒ်နဲ့ နာမည်ကျော်မင်းသမီးကြီး လီနာလာမွန့်၊ ဒွန်ရဲ့အခင်ဆုံးသူငယ်ချင်း ကော့စမိုအပြင် ဒွန်နဲ့လာမွန့်ကြားရောက်ရှိလာတဲ့ ကေသီတို့ ပါဝင်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်ကြီးတွေက အသံတိတ်ရုပ်ရှင်ခေတ်တုန်းက စကားပြောချင်ရာပြောပြီး အက်တင်တွေကိုလဲ ...
movie
Singin’ in the Rain (1952)
1952