Channel Myanmar

Dayu Wijanto

Bu Tejo Sowan Jakarta (2024) 6.2
Bu Tejo Sowan Jakarta (2024)  ဒီတစ်ခါကတော့ အင်ဒိုနီးရှားဟာသကားလေးနဲ့ မိတ်ဆက်‌ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့တယ်ဂျိုတို့မိသားစုမှာ မိခင်ဖြစ်သူကတော့ရွာထဲကအမျိုးသမီးခေါင်းဆောင်လို့ ဆိုရမလားပဲ။အိမ်ထောင်သည် အမျိုးသမီးတွေကို ဦးဆောင်ပြီးတစ်နှစ်တစ်ခါခရီးထွက်မယ့် အကြောင်းတိုင်ပင်နေကြတယ်။ဘယ်မြို့ကဘယ်လိုကောင်းကြာင်း တစ်ယောက်တစ်ပေါက်တိုင်ပင်နေတုန်းမှာ သားဖြစ်သူတက်ဒီကဂျာကာတာမြို့ကနေ ပြန်လာတယ်။အနေဝေးနေတဲ့ သားအိမ်ပြန်ရောက်တော့ တစ်မိသားစုလုံးပျော်ကြတာပေါ့။ ရောက်တဲ့နေ့မှာပဲ တက်ဒီကသူအိမ်ထောင်ပြုတော့မယ့်အကြောင်းပြောပြတယ်။ အဖေဖြစ်သူကသဘောတူပေမယ့် အမေဖြစ်သူကတော့ သူသားနဲ့လက်ထပ်မယ့်သူကလူမျိုးမတူတဲ့ တရုတ်လူမျိုးဖြစ်နေတော့ သူ့အပေါင်းအသင်းဘေးပတ်ဝန်းကျင်က ဝေဖန်မှာကိုမခံနိုင်လို့သဘောမတူဘူးဖြစ်နေတယ်။ မနက်ဈေးထွက်ဝယ်တော့ တက်ဒီကသူအမေနောက်ကိုမသိမသာလိုက်သွားပြီး သူ့အမေအပေါင်းအသင်းတွေကို သူစေ့စပ်တော့မယ်ဖြစ်ကြောင်း သူ့စေ့စပ်ပွဲကဂျာကာတာမြို့မှာလုပ်မယ့်အကြောင်း လိုက်မယ်ဆိုရင်လည်းစီစဉ်ပေးနိုင်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့....  File size…2.40GB / 1.07B Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Bu Tejo Sowan Jakarta (2024)

A Moon Hangs Above the Graveyard (2015) 8.2
A Moon Hangs Above the Graveyard (2015) A Moon Hangs Above the Graveyard (2015)၁၉၇၃ခုနှစ်ကအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုရုပ်ရှင်ကားလေးကို တင်ဆက်ပေးပါရစေ။နယ်မြို့လေးတစ်ခုက ဆာဘာ၊ ဆာဟတ်နဲ့ တီဂေါ်ရ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်။သူတို့ သုံးယောက်ထဲက ဂျကာတာမှာနေပြီး အောင်မြင်နေတဲ့သူငယ်ချင်း ဆာဘာကို အားကျစိတ်နဲ့ ရည်မှန်းချက်ကိုယ်စီထားပြီး ဂျကာတာမြို့ကြီးကို ဆာဟတ်နဲ့ တီဂေါ်ရ်တက်လာခဲ့ပါတယ်။ တီဂေါ်ရ်က နယ်မှာတုန်းကလိုင်းကားမောင်းတဲ့သူ။ မြို့ကျရင် ဘာပဲလုပ်ရလုပ်ရ ချမ်းသာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့။ ဆာဟတ်ကတော့ အောင်မြင်တဲ့စာရေးဆရာ ဖြစ်ချင်သူတစ်ယောက်။ သူပို့လိုက်တဲ့စာမူ အရွေးချယ်ခံရရက်နဲ့ စာအုပ်ထုတ်မပေးတဲ့ စာအုပ်တိုက်ဆီကို အကြောင်းစုံသိရအောင်သွားတဲ့အချိန် စာအုပ်တိုက်ပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့တွေ့ပြီး ချစ်မိသွားခဲ့ပါတယ်။ရည်မှန်းချက်ကိုယ်စီနဲ့တက်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် မြို့ကြီးပြကြီးကဘ၀ဟာ သူတို့ထင်သလောက် မလွယ်ကူလှဘဲ တံလျှပ်ကိုရေထင်ပြီး အလိုက်မှားမိတဲ့ ရွှေသမင်တွေလို သင်္ချိုင်းပေါ်မှာလင်းတဲ့လကို စိတ်ကူးတွေယဉ်နေရင်း သင်္ချိုင်းထဲမှာရှိနေတဲ့အဖြစ်ကိုသိလိုက်ရပြီးတဲ့နောက်မှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.5GB | 752MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

A Moon Hangs Above the Graveyard (2015)

2015
Sesuai Aplikasi / Fit in the App (2018) 6.1
Sesuai Aplikasi / Fit in the App (2018) Sesuai Aplikasi (2018) IMDb 6.1/10ဒီကားလေးကတော့ Tiktok မှာ trend ဖြစ်ခဲ့တဲ့ အင်ဒို သီချင်းလေး "အကို ဆရာ ဒါမူကြိုကျောင်းဆရာ" ဆိုတဲ့ ဇာတ်ဝင်တေးသီချင်းလေးပါတဲ့ ဇာတ်ကားကောင်းလေးပါ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဘဝကို ထင်ဟတ်အောင်ရိုက်ကူးထားပြီး ဟာသလေးတွေနဲ့ပေါင်းဆက်လိုက်တော့ ကြည့်ရတာ ကြည်နူးစရာပါ အင်ဒိုကားလေးဖြစ်တော့ ဇာတ်လမ်းဇာတ်ကွက်တွေက အရှေ့တောင်အာရှဆန်တယ် ဇာတ်လမ်းလေးကတော့ ပရက်စ် နဲ့ ဒူရက်စ် ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က Delivery ပို့ရတဲ့ ကောင်လေးနှစ်ယောက်ပေါ့ နှစ်ယောက်သား အိမ်ချင်းကပ်ရပ်နေကြပြီး ရိုးသားကြိုးစားပြီးမိသားစုကို ရှာဖွေကျွေးနေခဲ့ရာကနေ ဘဝရဲ့လောကဓံတွေတစ်ခုပြီးတစ်ခုရင်ဆိုင်လာရချိန်မှာတော့ သူတို့တွေ ဘယ်လိုရုန်းကန်လှုတ်ရှားကြလဲဆိုတာ ကြည့်ရှုအားပေးလို့ရပါပြီ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို အဓိကထားပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ မိသားစုနဲ့ အတူတူကြည့်မယ်ဆိုလဲ သင့်တော်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.3GB | 620MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Sesuai Aplikasi / Fit in the App (2018)

2018
I Need You Baby (2022) 5
I Need You Baby (2022) I Need You Baby [2022] ( IMDb 5/10 )ဘီနိုနဲ့ ကတ်သီတို့ လက်ထပ်ပေါင်းသင်းခဲ့ကြတာဟာ ၅နှစ်တာသက်တမ်းထဲ ဝင်ရောက်လာခဲ့ပါပြီ... သူတို့ချင်းနားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြပေမယ့် ကတ်သရဲ့မိဘတွေကတော့ တောင်းဆိုမှုတစ်ခုကို သူတို့လင်မယား ညားကတည်းက ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြတာပါ... အဲ့ဒါကတော့ သူတို့ မြေးချီရရေးပဲဖြစ်ပါတယ်...၅နှစ်အတွင်း ဗိုက်ကြီးသံလုံးဝမကြားမိသေးတာကြောင့် ကတ်သီ့မိဘတွေက ဩစတြေးလျကနေ အင်ဒိုနီးရှားထိ ပြန်လာပြီး ကတ်သီကလေးမမွေးမချင်း တစ်အိမ်ထဲအတူ နေကြမယ်လို့ ရာဇသံပေးလာပါတော့တယ်... ဒီလိုနဲ့ မိဘစကားကို မကျော်လွှားနိုင်တဲ့ ကတ်သီဟာ နှစ်ပေါင်းများစွာ ကြာရှည်လာပြီဖြစ်တဲ့ ပြဿနာကို ဖြေရှင်းမှကို ရတော့မယ့်အရေး စိုက်လာပါတော့တယ်... ကတ်သီတို့ လင်မယား ဟန်ဆောင်ဗိုက်ကြီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ကလေးတစ်ယောက်မွေးစားဖို့လည်း စီစဉ်ထားပါတယ်... အရာရာဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာပေမယ့် ရပ်ကွက်ထဲမှာ သူတို့လင်မယားနဲ့ ရုပ်ချင်းဆင်တဲ့ လသားအရွယ်ကလေးတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ကြရာကနေ ဒီကလေးကို မဖို့ ကတ်သီတို့ လင်မယားတိုင်ပင်ကြပါတော့တယ်... တရားဥပဒေနဲ့ မလျော်ညီသော်ငြား ကတ်သီတို့ဟာ ကလေးထိန်းဂျူဝီကို အကြပ်ကိုင်ပြီး ကလေးကို ငှားရမ်းပါတော့တယ်... ဒီအဖြစ်ကို ကလေးမိဘတွေ သိသွားမှာလား... ကတ်သီ့မိဘတွေကရော ကတ်သီတို့ဖုံးကွယ်ထားတာကို မသိရှိဘဲ ...
movie

I Need You Baby (2022)

2022
Perempuan Bergaun Merah (2023) 5.6
Perempuan Bergaun Merah (2023) Perempuan Bergaun Merah (2022)IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူ ကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။ အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီး ခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File ...
movie

Perempuan Bergaun Merah (2023)

2023
Ghost Writer (2019) 6.6
Ghost Writer (2019) Ghost Writer (2019)နာရာ ဆိုတဲ့တက်သစ်စ စာရေးဆရာမလေးဟာ မိဘတွေဆုံးပါးသွားလို့ မောင်လေး ဒါတို ကို ကျောင်းထား ပေးနိုင်ဖို့ ရုန်းကန်ကြိုးစားနေသူပါ။ ထုတ်ဝေသူဘက်ကလည်း သူ့စာမူအသစ်တွေကို လက်မခံတာ ကြာလာပြီမို့ အိမ်ငှားခသက်သာတဲ့ အိမ်တစ်လုံးကို မောင်လေးဒါတိုနဲ့ အတူပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာပါတယ်။ဒါပေမယ့် လည်း သူပြောင်းလာတဲ့ အိမ် အသစ်ဟာ လူသေထားဖူးတဲ့ အိမ်အိုအိမ်ဟောင်းကြီး ဖြစ်နေတာကိုတော့ သူမသိပါဘူး။ ဒီအိမ်မှာ သူ့ကို မလိုလားတဲ့သူတွေ ကြိုရောက်နေတာကို သူသိလိုက်တဲ့အချိန်မှာတော့ ...ခြောက်ခြား စရာတွေ၊ ဆွတ်ပျံ့ကြည်နူးစရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့် နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။ ခံစားမှုရသမျိုးစုံကို တစ်ကားတည်းနဲ့ အစုံကြည့်ချင် ရင်တော့ အင်မတန် တန်ပါတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။)File Size          : ...
movie

Ghost Writer (2019)

2019
Janin 2020 4.6
Janin 2020 Fetus (2020) အင်ဒိုနီးရှားသရဲကားဆိုတော့ ထုံးစံအတိုင်း အရမ်းကြောက်ဖို့ကောင်းတယ်နော် ဒီဇာတ်လမ်းအကျဥ်းလေးကတော့ ရန်ဒူနဲ့ ဒီနာဆိုတဲ့ လင်မယားနှစ်ယောက်ဟာ လက်ထပ်ပြီးတော့ ကိုယ်ဝန်ရလာပါတယ် ကိုယ်ဝန်လေးလလောက် ရောက်လာတော့ ဒီနာနဲ့ကလေးကိုပစ်မှတ်ထားပြီး သရဲက လိုက်နှောင့်ယှက်တယ် အစကတော့ သရဲခြောက်တဲ့အိမ်မှာ နေမိတယ်လို့ ထင်နေခဲ့ပေမယ့် နောက်ပိုင်းမှာ အိမ်ကြောင့်မဟုတ်ဘဲ တစ်စုံတစ်ခုကြောင့် လိုက်‌နှောင့်ယှက်နေမှန်း သိလိုက်ရတယ် သရဲလိုက်ခြောက်နေရခြင်းရဲ့နောက်ကွယ်မှာ ဘာအကြောင်းအရာများရှိနေလို့လဲ ? ကလေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ Translated by Paxton Encoded by : Thit San Khant Quality : 1080p and 720p Size :  962MB and 526MB Duration : 1h 25mins Translator : Paxton Encoder : Thit San Khant 1080p ~ Userdrive / Yandex / Megaup / Yoteshin (962MB) 720p ~  Userdrive / Yandex ...
movie

Janin 2020

2020
One Day We’ll Talk About Today (2020) 8.0
One Day We’ll Talk About Today (2020) " တစ်နေ့ ကျ ငါတို့ အားလုံး ဒီနေ့အကြောင်းကို ပြန်ပြောဖြစ်ကြအုံးမယ် " ခုတလော ရုပ်ရှင်ကောင်းကောင်း မကြည့်ရတာ ကြာပြီ ရုပ်ရှင်ငတ်နေတာပေါ့လေ ဒီလို နဲ့ Netflix က အာရှ ရုပ်ရှင်တွေထဲ အင်ဒိုနီရှား နဲ့ မလေးရှား ရုပ်ရှင်တွေ လိုက်မွှေ ကြည့်မိတယ် အဲ့ဒီ ထဲက မှ ဒီရုပ်ရှင်ကားကို ကြည့်မိတဲ့ အချိန် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတယ် ရုပ်ရှင်က ဘာမှ သိပ်မဟုတ်ဘူး ထင်ရတယ် ရိုးရိုးရှင်းရှင်းလေး ပါ ဒါပေမဲ့ အဲ့ဒီရိုးရှင်းတာကိုက ကိုယ်တွေကို ရင်ခုန်စေတာပဲ... ဒီရုပ်ရှင်ကတော့ အချစ် နဲ့ ပတ်သက်တာပါ ရိုမန့် မဟုတ်ပါဘူး မိသားစု အချစ်ပါ ဇတ်လမ်းထဲမှာတော့ မိသားစု ၅ ယောက်ပေါ့ အဖေ အမေ နဲ့ သားကြီး သမီးလတ် သမီးငယ် မိသားစု တစ်ခု အကြောင်းပေါ့ သားကြီးက အန်ကာဆာ တဲ့ သမီးလတ် က အော်ရိုရာ သမီးငယ်လေးကတော့ အာဝမ် ဒီမိသားစု က အင်ဒိုနီရှားနိုင်ငံရဲ့ မွတ်စလာမ် မိသားစု ကို ပြထားတယ် သေချာ ဘာသာရေးတွေ လူမျိုးရေးတွေ ဖယ်ပြီး ...
movie

One Day We’ll Talk About Today (2020)

2020
They Who Are Not Seen(2017) 7.4
They Who Are Not Seen(2017) They Who Are Not Seen(2017)IMDb...7.4(unicode)ဆာရာဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်ကထဲက ထူးခြားတဲ့စွမ်းရည်တစ်ခုပိုင်ဆိုင် ထားတယ်...လူမှန်းသိတတ်စအရွယ်မှာတင် သေသူတွေရဲ့ ဝိညဉ်တွေ နာနာဘဝတွေ ကို မြင်ရတယ်...နေရာတကာမှာ နာနာဘာဝတွေကိုမြင်ရဖန်များလာတော့ သူ့အတွက် သိပ်မထူးဆန်းသလိုတောင်ဖြစ်လာတယ်....တစ်ခါတစ်ရံတော့ အသေဆိုးနဲ့ သေသူတွေရဲ့ ပုံစံမျိုးစုံကိုတွေ့မြင်ချိန်မှာတော့ သွေးပျက်မတတ် ကြောက်လန့်မိတာပေါ့.....ဒီအကြောင်းတွေကို မိခင်ဖြစ်သူကိုပြောပြတော့လည်း သဘာဝလွန်ဆိုတော့ ယုံကြည်ပေးခဲ့ခြင်းမရှိ...နောက်ပိုင်းဘယ်လောက်ဆိုးလည်းဆိုရင် အခန်းတွင်းမှာတင် ဝိညဉ်ပေါင်းစုံက အပြည့်ရောက်နေတတ်တယ်...သူတို့ကြည့်ရတာ ဆာရာဆီက အကူအညီတွေလိုအပ်လို့ ပြောပြချင်နေပုံပဲ...တခြားကလေးတွေထက် ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတဲ့ ဆာရာကို နားလည်ပေးတဲ့ကောင်လေးသူငယ်ချင်းတစ်ယောက်တော့ရှိတယ်....ဒီသူငယ်ချင်းလေးကြောင့်ပဲ သူမ အတွက် နက်ဖြန်ဆိုတာကို ဖြတ်သန်းဖို့အားရှိနေပုံပဲ..တစ်နေ့တော့ သူ့သူငယ်ချင်းကောင်လေးဟာ ကျောင်းမလာခဲ့ဘူး...အဲ့ဒီညမှာပဲ သူ့အိပ်ခန်းထဲကို ကောင်လေးသူငယ်ချင်းရောက်လာတယ်... ထူးဆန်းစွာပဲ လက်ပင်းကို ဓားနဲ့အလှီးခံလိုက်ရသလို သွေးတွေပန်းထွက်လာပြီး ပျောက်ကွယ်သွားတယ်...ဆာရာအတွက် အချစ်ရဆုံးသူငယ်ချင်းရဲ့ နိမိတ်ပြပုံဟာ တကယ့်ကိုသွေးပျက်ဖွယ်ရာပါပဲ...ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...ဒီ Horror ကားက သရဲ တစ္ဆေတွေကို နောက်ဆုံးမှပြပြီး စိတ်ဝင်စားအောင်လုပ်တာမျိုးမဟုတ်ဘူး..Jump Scare ပုံစံမျိုးတွေလည်း ချောက်လှန့်တာမဟုတ်ဘူး...စစချင်း သရဲပုံစံမျိုးစုံတွေပြပြီး သိပ်မထူးဆန်းသလို ပြသထားတယ်..သို့ပေမယ် တဖြည်းဖြည်း တစ်စိမ့်စိမ့်ထိတ်လန့်ကြောင့်ရွံလာတာမျိုး... ကြာလေ ဘာဆက်ဖြစ်မလဲ လန့်လည်းလန့် ဆက်လည်းကြည့်ချင်တဲ့ Horror အမျိုးအစားပါ...ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်....(zawgyi)ဆာရာဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်ကထဲက ထူးခြားတဲ့စွမ်းရည်တစ်ခုပိုင်ဆိုင် ထားတယ်...လူမှန်းသိတတ်စအရွယ်မှာတင် သေသူတွေရဲ့ ...
movie
