Channel Myanmar

Dayton Lummis

Spartacus (1960)
Spartacus (1960)  ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Spartacus (1960)

How to Marry a Millionaire (1953) 6.8
How to Marry a Millionaire (1953)  မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။ File size…(1.6 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

How to Marry a Millionaire (1953)