Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daya Shankar Pandey
7
Dedh Bigha Zameen (2024)
Dedh Bigha Zameen (2024)"အဖေ့အမွေ တစ်ဧကခွဲမြေ"ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ IMDb rating မှာ 7/10 ရရှိထားတဲ့ 2024 ခုနှစ်ထွက် ဟိန္ဒူဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်ကားလေးကို Pulkit မှ ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ Pratik Gandhi နဲ့ Khushali Kumar တိုက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အသက် 28 နှစ်အရွယ် ဂျုံရောင်းဝယ်ရေးသမား အန်နီးလ်ဟာ သူရဲ့ အမေ ညီမနဲ့ အမျိုးသမီးဖြစ်သူတိုနဲ့ အတူတူနေပါတယ်။ တစ်ရက်မှာတော့ သူ့ညီမလေး နေဟာတစ်ယောက် မိသားစုအသိုင်းအဝိုင်းကောင်းက အစိုးရဝန်ထမ်းအလောင်းအလျာလေး အာဂျေးဆိုတဲ့ ကောင်လေးနဲ့ လက်ထပ်ဖို ဖြစ်လာတဲ့အခါမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့ ပိုင်ဆိုင်မှုလယ်ယာမြေကို ရောင်းချပြီး ညီမဖြစ်သူမင်္ဂလာပွဲမှာ သုံးဖို စီစဉ်ခဲ့ရပါတော့တယ်ဒါပေမဲ့လည်း ဒီမြေကို အာဏာပိုင်အရာရှိတစ်ယောက်က လုယူဖို ကြိုးစားတဲ့အချိန်မှာတော့ အန်နီးလ်တစ်ယောက် တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ခိုက်ရင်း ခြိမ်းခြောက်မှုတွေသာမက သစ္စာဖောက်မှုတွေပါ ရင်ဆိုင်လာရတဲ့အခါ..... ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးကြပါဦးရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM ...
movie
Dedh Bigha Zameen (2024)
2024
7.3
Main Atal Hoon (2024)
Main Atal Hoon (2024) (ကဗျာတွေချစ်တဲ့ နိုင်ငံရေးသမား)IMDb-7.3/10အိန္ဒိယသမိုင်းမှာ ရိုသေလေးစားခံရတဲ့ စာပေချစ်နိုင်ငံရေးသမားကြီး Atal Bihari Vijpayee ရဲ့ ဘဝအတ္ထုပ္ပတ္တိဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် လက်ရှိနိုင်ငံရေးသမားတွေ အတုယူလိုက်နာနိုင်ဖို့ ရည်ရွယ်ရိုက်ကူးထားကြပေမဲ့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်တာမို့ ကြည့်မိလို့မှားမဲ့ဇာတ်လမ်းထဲမပါနိုင်ပါဘူးသရုပ်ဆောင်ပိုင်းမှာလည်း ဝါရင့်သရုပ်ဆောင်ကြီး Pankaj Tripathi ကအဓိကသရုပ်ဆောင်ထားပါတယ်အတာလ်ဆိုတဲ့ကောင်လေးဟာ ဟိုးငယ်ငယ်လေးတည်းက ကဗျာတွေစာတွေချစ်တတ်ပြီး ကဗျာရွတ်ဖတ်ပွဲတွေမှာတက်ရွတ်ရင်း လူတွေအာရုံစိုက်နားထောင်ချင်လောက်အောင် အပြောအဟော ကောင်းသူလေးဖြစ်လာတယ် ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ မျက်စိရှေ့ဖြစ်လာတဲ့ မတရားမှုတွေအတွက် အကြမ်းမဖက်နည်းနဲ့ တုံ့ပြန်ရင်း နိုင်ငံရေးအကျဉ်းသားဘဝကနေ အမတ်လောင်းအဖြစ် ရွေးကောက်ပွဲတွေ ဝင်ယှဉ်ပြိုင်တဲ့အဆင့်ထိရောက်လာပါတယ်ကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်းမှာ မိသားစုချစ်ရသူတွေနဲ့ ဖြစ်ရတဲ့ကိစ္စတွေ ၊ ကဗျာတွေစာတွေချစ်တဲ့ နူးညံ့တဲ့နှလုံးသားနဲ့ ပြတ်ပြတ်သားသား ရဲရဲလျှောက်လှမ်းရတဲ့ နိုင်ငံရေးအတွေးတွေနဲ့ ယှဉ်ဆုံးဖြတ်ရတဲ့အချိန်တွေမှာ သူဘယ်လိုများရပ်တည်ရွေးချယ်ခဲ့မလဲ....အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…1.7GB / 818MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Main Atal Hoon (2024)
2024
5.2
Haseen Dillruba (2021)
Haseen Dillruba(2021)အိမ်ထောင်ရေးဆိုတာ သိပ်ကိုပါးလွှာတဲ့အပ်ချည်မျှင်လေးတစ်ချောင်းလိုပဲ အပ်ပေါက်လေးထဲဝင်ဖို့ အရမ်းဂရုစိုက်ရတာ မဟုတ်ရင် အပ်ချည်မျှင်လေးက ကွဲသွားရောတဲ့ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အရာရာလှတယ်လို့ပြောကြတယ်မဟုတ်လား အချစ်ဆိုတာ အပြစ်အနာအဆာတွေအားလုံးကို ပြည်ဖုံးကားချပေးနိုင်တဲ့ ခလုတ်တစ်ခုပါပဲ အဲ့လိုအချစ်တွေနဲ့ အခြေခံထားတဲ့အိမ်ထောင်ရေးဆိုတာကလည်း နွေးထွေးပြည့်စုံနေမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးဒါဆို အချစ်ကိုအခြေမခံထားတဲ့အိမ်ထောင်ရေးမျိုးဆိုရင်ရော????အမျိုးသမီးတွေရဲ့စိတ်ခံစားချက်က ခန့်မှန်းရခက်တယ်ဗျ ဒီဇာတ်ကားထဲက ရာနီကိုကြည့်ရင် ခင်ဗျားတို့သဘောပေါက်မှာပါ လွဲချော်မှုသေးသေးလေးကနေစခဲ့တဲ့ အရာတွေက ပြဿနာကြီးတစ်ခုဖြစ်လာခဲ့မယ်လို့ ရာနီလည်းမထင်ခဲ့သလို ခင်ပွန်းဖြစ်သူရက်ရှူးလည်း တွေးမိခဲ့မှာမဟုတ်ဘူး ဖြေရှင်းဖို့ကြိုးစားခဲ့တဲ့အချိန်မှာ အရာရာကနောက်ကျသွားခဲ့ပြီကိုး........ခံစားချက်တွေရှုပ်ထွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဆီပေါ်လာတဲ့ ပြဿနာအလျှိုလျှိုက ဖြေရှင်းဖို့သိပ်ကိုခက်ခဲလွန်းတယ် အစကတည်းကလွဲမှားနေခဲ့တဲ့ ဆက်ဆံရေးတစ်ခုက ကောင်းသောအဆုံးသတ်နဲ့ ရှိနိုင်ပါ့မလား??အိန္ဒိယမှုခင်းဇာတ်ကားကောင်းစောင့်မျှော်နေတဲ့သူတွေအဖို့တော့ အကြိုက်တွေ့စေမယ့် အသစ်စက်စက်ရုပ်ရှင်ကားကောင်းတစ်ကောင်းလို့ ပြောချင်ပါတယ်ဗျအညွှန်းကတော့ Amelia ဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့ Amelia နဲ့ Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။File size…2.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia and Thet Hnin Hsu Encoder ..... August
movie
Haseen Dillruba (2021)
2021