Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dawn Greenhalgh
6.2
(18+) Maps to the Stars (2014)
ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ ...
movie
(18+) Maps to the Stars (2014)
5.4
Antiviral (2012)
(IMDb 5.7 Rotten Tomatoes 65%ရထားတဲ့ Sci-fi Horror ကားတစ်ကားပါ) လူတွေက ကိုယ်ကြိုက်တဲ့ဆယ်လီတွေကို ဘယ်လောက်အတိုင်းအတာအထိစွဲလမ်းနိုင်ကြမယ်လို့ထင်လဲ။ သူတို့၀တ်သလိုလိုက်၀တ်စားမလား သူတို့နေထိုင်သလိုလိုက်နေထိုင်မလား ဒါမှမဟုတ် အဆုံးစွန်ထိတွေးကြည့်မယ်ဆိုရင် အဲဒီဆယ်လီနဲ့ ချွတ်စွပ်တူသွားအောင် ကိုယ့်ကိုကိုယ် ပလတ်စတစ်ဆာဂျရီလုပ်လိုက်မလားပေါ့။ ဒီကားထဲကလူတွေရဲ့ ဆယ်လီတွေအပေါ်စွဲလမ်းကြပုံကတော့ ဘယ်သူမှလိုက်မမီတဲ့အဆင့်တစ်ခုကိုရောက်ရှိလို့နေပါပြီ။ လူတွေက သူတို့စွဲလမ်းတဲ့ဆယ်လီတွေဆီမှာဖြစ်နေတဲ့ ရောဂါတွေကို လိုက်ခံစားချင်လို့ အဲဒီရောဂါတွေကိုလိုက်၀ယ်ကြပါတယ်။ ဒါကိုသိတဲ့ဆယ်လီတွေကလည်း သူတို့ဆီမှာရောဂါတစ်ခုဖြစ်တိုင်း အဲဒီရောဂါဗိုင်းရပ်စ်ပိုးကို ရောင်းစားကြပါတယ်။ဥပမာ- ဒီလူတစ်ယောက်က သူစွဲလမ်းနေတဲ့ဆယ်လီရဲ့နှုတ်ခမ်းမှာဖြစ်နေတဲ့ရေယုန်ကို တစ်ထပ်တည်းခံစားချင်လို့ ဆေးခန်းမှာလာပြီး အဲဒီဗိုင်းရပ်စ်ထိုးဆေးကို၀ယ်တယ်ပေါ့။ လူးကပ်စ်ဆိုတဲ့ဆေးခန်းကတော့ ဆယ်လီတွေမှာဖြစ်နေတဲ့ ရောဂါပိုးဗိုင်းရပ်စ်တွေကို ထိုးဆေးထဲထည့်ပြီးရောင်းနေတဲ့နေရာပါ။ ဆစ်မတ်ဆိုတဲ့လူကတော့ လူးကပ်စ်ဆေးခန်းမှာအလုပ်လုပ်နေသူပေါ့။ သူကဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ဘုန်းပြီး မှောင်ခိုဈေးကွက်မှာလည်း ပြန်ပြန်ရောင်းစားရင်း သူကိုယ်တိုင်လည်း ဒီထိုးဆေးတွေကိုခိုးသုံးနေတဲ့သူပါ။အဲဒီမှာ ရောဂါပိုး၀ယ်လိုအားအများဆုံးရထားတဲ့ ဟားနားဂရိုက်စ်ဆိုတဲ့ နာမည်ကြီးဆယ်လီဆီက ဗိုင်းရပ်စ်ထိုးဆေးကို ဆစ်မတ်တစ်ယောက် ခိုးသုံးပြီးနောက်ပိုင်းမှာတော့ ဟားနားလည်း အမည်ဖော်လို့မရတဲ့ရောဂါနဲ့သေဆုံးသွားခဲ့တဲ့အခါမှာ ဟားနားဂရိုက်စ်နဲ့နောက်ဆုံး ထိတွေ့ခဲ့ရတဲ့ ဆစ်မတ်ဟာ ...
movie
Antiviral (2012)
7.2
The Virgin Suicides(1999)
The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ...
movie
The Virgin Suicides(1999)