Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dawn Didawick
Christmas with the Kranks (2004)
ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Christmas with the Kranks (2004)
7.4
Erin Brockovich(2000)
Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်းဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie
Erin Brockovich(2000)