Channel Myanmar

David Wurawa

Spooks: The Greater Good (2015) MI 5 6.2
Spooks: The Greater Good (2015) MI 5 Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာ နာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့ လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကို ယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကို အမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကို Suspense အပြည့်နဲ့ရှုစားကြရမှာပါ။File size_(1.9GB)/(980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Spooks: The Greater Good (2015) MI 5

State of Consciousness (2023)
State of Consciousness (2023)  The Flash, The Walking Dead, 9-1-1 စတဲ့ Series တွေရဲ့ DirectorMarcus Stokes ရိုက်ကူးထားတဲ့ Thriller ဇာတ်ကားလေးတစ်ကားပါInto The Wild နဲ့ The Girl Next Door ထဲက မင်းသား Emile Hirsch အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Tatjana Nardone နဲ့ Kesia Elwin တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းကတော့ စတီဖင် ဟာ ကိုယ်ပိုင် စတိုးဆိုင်လေးနဲ့ ဆီပန့်ဆိုင်လေးဖွင့်ထားပြီးဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့ စစ်ပြန်ကြီးတစ်ယောက်ပေါ့ တစ်နေ့တော့ လူသတ်မှုတစ်ခုနဲ့ ထောင်ချောက်ဆင်ခံရပြီး ထောင်ထဲကိုသွားရမယ့်အစား ပြစ်ဒဏ်ပိုသက်သာရအောင်ဆိုပြီး စိတ်ဒဏ်ရာရပြီး စိတ်ရောဂါဖြစ်ဖူးတဲ့မှတ်တမ်းရှိဖူးတာကို အသုံးချပြီးတော့ စိတ်ကျန်းမာရေးဆေးရုံကိုသွားဖို့ သဘောတူညီချက်တစ်ခုလုပ်ခဲ့တယ်......ဆေးရုံမှာသူ့ကို ဒေါက်တာ ဖီဒါ က စိတ်ငြိမ်ဆေးတစ်လုံးထိုးပေးရာကနေ......အဖြစ်အပျက်တွေက အရှေ့ရောက်လိုက် အနောက်ရောက်လိုက်နဲ့....ဘယ်ဟာက အမှန်တကယ်၊ ဘယ်ဟာက ထင်ယောက်ထင်မှား၊ ဘယ်ဟာက ...
movie

State of Consciousness (2023)

Jack Strong (2014) 7.0
Jack Strong (2014) ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။   File size…  2.1 GB /  895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre .....   Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie

Jack Strong (2014)

2014