Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Verrey
6.7
Sixty Six (2006)
ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie
Sixty Six (2006)
6.5
Napoleon (2023)
Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie
Napoleon (2023)
2023
4K HEVC
5.6
The Secret Garden (2020)
The Secret Garden (2020)~ IMDb - 5.6/10, Rotten Tomatoes - 67% ~လောင်ရတဲ့ဇာတ်ကားတွေခဏနားပြီး Healing ဖြစ်တာလေးတွေရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Frances Hodgson Burnett ရဲ့ဂန္ထဝင်ဝတ္ထု The Secret Garden ကို အမျိုးမျိုးပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေထဲကမှ နောက်ဆုံးထွက်ထားတဲ့ ၂၀၂၀ ဗားရှင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ ခင်မင်မှုသံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာကိုလှပစွာပုံဖော်ထားပြီး သာယာတဲ့ရှုခင်းလေးတွေနဲ့ ကြည့်ရတာနွေးထွေးပြီးစိတ်အေးချမ်းစေမှာအမှန်ပါပဲ။ဇာတ်လမ်းကတော့ ကျိန်စာသင့်နေတယ်လို့ယုံကြည်ထားကြတဲ့ ယော့ခ်ရှိုင်းယားမြက်ခင်းလွင်ပြင်ထဲက မစ်ဇယ်ဝိတ်စံအိမ်တော်ကြီးရယ် စံအိမ်တော်ကြီးကိုအသစ်ရောက်လာတဲ့မေရီဆိုတဲ့ကောင်မလေးရယ်ကို အခြေတည်ထားတာပါပဲ။ မေရီ့အတွက်နေရာသစ်ဆိုပေမယ့် စံအိမ်ကြီးနဲ့ကျ ဆယ်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲမှာကစားရင်း လျှို့ဝှက်မှော်ဥယျာဥ်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာ စံအိမ်တော်ကြီးနဲ့ မှော်ဥယျာဥ်ရဲ့လျှို့ဝှက်ချက်တွေဟာလည်းတဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating ...
movie
The Secret Garden (2020)
2020
6
Bridget Jones: The Edge of Reason (2004)
Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလားဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie
Bridget Jones: The Edge of Reason (2004)
2004