Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Sullivan
6.7
Primer (2004)
Primer (2004) Genre – Drama, Sci-fi, Thrillerအင်ဂျင်နီယာ သူငယ်ချင်း ၄ ယောက်ဟာ လုပ်ငန်းတစ်ခုမှာ အတူတူလုပ်ကိုင်လျက်ရှိပြီးလုပ်ငန်းပြင်ပ အားတဲ့အချိန်လေးမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂိုထောင်လေးထဲကိုယ်ပိုင် တီထွင်ဖန်တီးမှုလေးတစ်ခု လုပ်နေကြတာပါ။ အင်ဂျင်နီယာ အခက်အခဲ ပြဿနာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ဒီစက်ပစ္စည်းလေးဟာ တစ်ခုခုထက် ပိုမိုထူးခြားသာလွန်နေတဲ့အရာတစ်ခု ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ဒီ ၄ ယောက်ထဲက ဒီအကြံရဲ့ မူလပိုင်ရှင်လို့ ပြောရမယ့် သူငယ်ချင်း ၂ ယောက်က ဒါကိုတခြားလူတွေမသိအောင် လျှို့ဝှက်စမ်းသပ်ကြပြီးတော့ တစ်ယောက်ယုံကြည်မှုအပေါ်ကိုတစ်ယောက်က မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမယ့်သိပ္ပံအင်ဂျင်နီယာအကြောင်း ဦးစားပေးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ File size… 1.7 GB / 892 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Drama/Sci-Fi/Thriller Subtitle…. Myanmar Subtitle (Hard ...
movie
Primer (2004)
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)
5.9
M.F.A.(2017)
M.F.Aဆိုတာက "Master of Fine Arts"၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီးဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်းရိုက်ကူးထားတာပါ....။နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာအပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး....။တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက်သဘောကျမိသွားတယ်ပေါ့....။ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကိုပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော....။ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်းမျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့....။ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးကသူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်....။တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်းအကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ.....နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကိုစီးမျှောကြည့်ရှုလို့ရပါပြီ....။ File size…1.56GB / 644MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
M.F.A.(2017)
7.7
Argo (2012)
ARGO ==== ARGO ရုပ်ရှင်ဟာ ၁၉၇၉-၈၀ မှာဖြစ်ခဲ့တဲ့ အီရန်တော်လှန်ရေးအတွင်း သံရုံးက လွတ်မြောက်အမေရိကန်သံရုံးဝန်ထမ်း ၆ ယောက်ကို ကယ်ထုတ်တဲ့အကြောင်းကိုရိုက်ပြထားတဲ့ဇတ်ကားပါ။၁၉၇၉ မှာ အီရန်နိုင်ငံတွင်းတော်လှန်ရေးဖြစ်ခဲ့ပါတယ် တော်လှန်ရေးအတွင်းမှာ အမေရိကန်သံရုံးကိုသိမ်းပြီး အီရန်ဘုရင်ဟောင်း ရှားကိုနိုင်ငံခိုလှုံခွင့်ပေးထားရာကနေပြန်လွဲပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီသံရုံးအသိမ်းခံရချိန်မှာ လွတ်သွားတဲ့ သံရုံးဝန်ထမ်း ၆ ယောက်ကိုကယ်ဖို့ စီအိုင်အေကလူတွေ ကြိုးစားကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ARGO ကို အောက်တိုဘာ ၁၂ ရက် ၂၀၁၂ ခုနှစ်မှာထွက်ခဲ့ပြီးတော့ ဇတ်လိုက်မင်းသား Ben Affleck ကိုယ်တိုင်ရိုက်ကူးထားပြီး ထုတ်လုပ်သူကလဲ Ben Affleck နဲ့ George Clooney ကြီးတို့ပါပဲ။ ဒီဇတ်ကားဟာ ၈၅ ကြိမ်မြောက်အကယ်ဒမီမှာ nominations ၇ ခုဝင်ပြီး ဆု သုံးခုရခဲ့ပါတယ် (Best Picture, Best Adapted Screenplay, and Best Film Editing) အဲ့နောက် Golden Globe Award မှာလဲ Best Motion Picture – Drama ...
movie
Argo (2012)
2012
6.5
The Informer (2019)
ဒီကားကတော့ မူးယစ်အရောင်းအဝယ်ခေါင်းဆောင်ကိုဖမ်းဖို့အကွက်ချရာကFBIနဲ့NYPDရဲ့အရှုပ်ထဲမှာပိတ်မိသွားတဲ့ထောင်ထွက်လူသတ်သမားရဲ့အကြောင်းကိုရိုက်ကူးထားတာပါကိုစလိုဆိုတဲ့သူဟာလူသတ်မှုနဲ့ထောင်နှစ်နှစ်ဆယ်ကျနေပေမယ့်FBIကသူ့ကိုထောင်ကနေထုတ်ပေးပြီးဘိန်းအရောင်းအဝယ်ခေါင်းဆောင်ကြီးကိုဖမ်းဖို့သူလျှိုအဖြစ်စေလွှတ်ပါတော့တယ်ဒါပေမယ့်လည်းသူသူလျှိုအဖြစ်လုပ်နေတုန်းမှာပဲNYPDရဲတွေဘက်ကလည်း သူလျှိုတစ်ယောက်လွှတ်ရင်းအဲဒီရဲအသတ်ခံလိုက်ရတာနဲ့ပဲ ကိုစလိုတစ်ယောက်အမှုပတ်ပါတော့တယ်သူ့ကိုဘိန်းခေါင်းဆောင်ကသူနေခဲ့တဲ့ထောင်ထဲပြန်ပို့ပြီးဘိန်းအရောင်းအဝယ်တွေလုပ်ခိုင်းလိုက်တယ်အဲဒါကိုFBIကလည်း မကူညီပဲထောင်ထဲထိသွားခိုင်းပြီးအဲဒါတွေဖြန့်ဖြူးတဲ့လူတွေကိုပါထပ်ရှာခိုင်းတော့တယ်တစ်ဖက်မှာလည်း NYPDဘက်ကသူတို့ရဲအသတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီးကိုစလိုနောက်ကိုလိုက်နေတဲ့အချိန်ဖြစ်နေတယ်ကိုစလိုတစ်ယောက်ထောင်ထဲပြန်ဝင်ခဲ့ရပြီးFBIခိုင်းသလိုလုပ်ပေးခဲ့ပေမယ့်FBIဘက်က ကတိပေးထါးတဲ့အတိုင်းကိုစလိုကိုထောင်ကပြန်ထုတ်မပေးတဲ့အခါကိုစလိုတစ်ယောက်ထောင်ထဲကလူမိုက်တွေရောNYPDဘက်ကလွှတ်တဲ့လူတွေရောတစ်ဖက်မှာလည်းမိန်းမနဲ့ကလေးကိုတွေ့ရဖို့ ထောင်ကနေထွက်ဖို့ရောဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကိုကြည့်ရမယ့်တကယ့်ဇာတ်ကားကောင်းတစ်ကားပါIMDb6.5ရထားတဲ့အပြင် ဇာတ်ကားကလည်းတစ်ကားလုံးဇာတ်ရှိန်ကျမသွားတဲ့တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File Size : ( 1 GB , 391 MB )Quality : WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
The Informer (2019)