Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Strathairn
6.9
Memphis Belle (1990)
အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ်Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Action, Drama, War Subtitle….Myanmar ...
movie
Memphis Belle (1990)
Twisted (2004)
ဂျက်စီကာ(Ashley Judd)က ကင်းလှည့်ရဲအဖြစ်ကနေ လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာနကို ရာထူးတိုးပြောင်းရွှေ့သွားပြီး သိပ်မကြာခင်မှာပဲ သူမ ပထမဆုံးကိုင်ရတဲ့ လူသတ်မှုက သူနဲ့ တစ်ချိန်က One Night Stand သဘောမျိုး ပတ်သက်ခဲ့ဖူးတဲ့သူ တစ်ယောက် သတ်ခံရတာ ဖြစ်နေပါတယ်။ ဂျက်စီကာရဲ့ မိဘတွေက သူ ခြောက်နှစ်သမီး အရွယ်လောက်မှာတည်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီးတော့ သူ့ဖခင်ရဲ့ တွဲဖက်ဟောင်းဖြစ်တဲ့ ဂျွန် (Samuel L. Jackson) က သူမကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာပါ။ဂျွန်က လက်ရှိမှာ ရဲချုပ်ကြီး ဖြစ်တဲ့အတွက် ဂျက်စီကာရဲ့ ရာထူးတိုးမှုကို မနာလိုတဲ့သူတွေကလည်း ရှိနေပါတယ်။ သူမအနေနဲ့ လူသတ်မှုကို သူမရဲ့ တွဲဖက် မိုက်ခ် (Andy Garcia) နဲ့ အတူ စုံစမ်းနေတုန်းမှာပဲ နောက်ထပ် လူသတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာပြီး သတ်ခံရသူတိုင်းက သူမနဲ့ One Night ...
movie
Twisted (2004)
6.2
UFO (2018)
ဒီစကြ၀ဠာကြီးထဲမှာ သက်ရှိဆိုလို့ ကျွန်တော်တို့ လူသားတွေပဲရှိနေတယ်လို့ ယုံကြည်နေကြတဲ့ လူတွေရှိသလို တခြားဂြိုလ်ကဂြိုလ်သားတွေလိုမျိုး သက်ရှိတွေလည်း ရှိနေဦးမယ်ဆိုပြီးယုံကြည်တဲ့ လူတွေအများကြီး ရှိနေပါတယ်။အဲ့ဒါကတော့၂၀၂၄ ခုနှစ်အထိ ရောက်လာခဲ့တာတောင် အဖြေမပေါ်သေးတဲ့ငြင်းခုံစရာ ကိစ္စရပ်တစ်ခု ဖြစ်နေတုန်းပါပဲ။သေချာရေရာတဲ့အဖြေတွေ မထုတ်နိုင်သေးသလို ဂြိုလ်သားတွေနဲ့ ပတ်သတ်ပြီးကြားခဲ့ဖူးတဲ့ ဟိုသတင်းဒီသတင်းတွေလည်း ရှိပါသေးတယ်။အဖြေမထုတ်နိုင်ရသေးတဲ့ အဓိကအကြောင်းပြချက်တွေထဲမှာအစိုးရတွေက အဲ့လိုသတင်းတွေ ထွက်လာရင်ချက်ချင်းဖုံးဖိတတ်တာမျိုးကလည်း အဓိကဖြစ်နေပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ညနေ ၄ နာရီ ၁၅ လောက်မှာချီကာဂိုအိုဟဲလေဆိပ်အပေါ်မှာUFO(ပန်းကန်ပြားပျံ)တွေ့ခဲ့ရတယ်လို့ဆိုတဲ့အဖြစ်အပျက်အကြောင်းကိုအသေးစိတ်ပြန်လည် ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ UFO ပဲဖြစ်ပြီး IMDbRating 6.2 အထိရရှိထားပါတယ်။ဒဲရက်ဆိုတဲ့ တက္ကသိုလ်က သင်္ချာကြောင် ကျောင်းသားတစ်ယောက်က တစ်နေ့မှာတော့ အထက်မှာပြောခဲ့တဲ့ UFOတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ပြီး ကျောင်းစာတွေကိုပစ်ကာ အဲ့ဒီအကြောင်းကို လိုက်လံစုံစမ်းပါတော့တယ်။အစိုးရကတော့ အဲ့ဒီတွေ့ရှိခဲ့ရတဲ့အရာက ဒရုန်းတို့ လေယာဉ်ပျံတို့လို့ပြောပြီး လိုက်ဖုံးဖိနေသလောက် သူကတော့သူ့ရဲ့သင်္ချာဉာဏ်ကြီးရှင်ဦးနှောက်နဲ့ လိုက်လိုက်ဖော်နေတော့တာပါပဲ။ကျောင်းစာတွေအပြင် ကောင်မလေးနဲ့ သူငယ်ချင်းတို့ကိုပါပစ်ထားပြီး နေ့မအိပ်ညမအိပ်ကြိုးစားခဲ့တဲ့ ရလာဒ်တွေကသူလိုချင်တဲ့အတိုင်း ...
movie
UFO (2018)
6.6
Godzilla: King of the Monsters (2019)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Godzilla: King of the Monsters (2019)
2019
4K HEVC
6.4
Godzilla (2014)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Godzilla (2014)
2014
4K HEVC
7.1
The Whistleblower (2010)
၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာLarysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး RachelWeisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်းDynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲအရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ...
movie
The Whistleblower (2010)
6.3
The Uninvited (2009)
The Uninvited (2009) ================= IMDb - 6.3/10ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး ...
movie
The Uninvited (2009)
6.5
The River Wild (1994)
The River Wild (1994)~ IMDb - 6.5/10, Rotten Tomatoes - 57% ~ဒီကားလေးကတော့ Adventure Thriller ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ဆိုရင်လည်း Mamma Mia တို့၊ The Devil Wears Prada တို့လိုကားတွေနဲ့ထင်ရှားတဲ့ ဂန္ထဝင်မင်းသမီးကြီး Meryl Streep နဲ့ Thriller ဇာတ်ကားနဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့ Kevin Bacon တို့ဆိုတော့ အရွေးမမှားလောက်စေမယ့်ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ သားအမိသားအဖသုံးယောက် အပျော်တမ်းလှေစီးထွက်လာရင်း လမ်းမှာ သူစိမ်းနှစ်ယောက် ဒုက္ခရောက်နေတာကိုတွေ့လို့ကူညီကြပါတယ်။ ဒါပေမဲ့ အဲဒီသူစိမ်းနှစ်ယောက်က သာမန်လူတွေမဟုတ်ဘဲ ဓါးပြတိုက်ပြီးပြေးလာတဲ့သူတွေဖြစ်နေပါတယ်။ နောက်တော့ သူတို့ရဲ့အသက်ကိုရန်ရှာလာတဲ့နောက်မှာ သူတို့သုံးယောက် တောတောင်အထဲ မြစ်လယ်မှာ မြစ်အန္တရာယ်ကတစ်ဖက် လူဆိုးတွေအန္တရာယ်ကတစ်ဖက် ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ရင်တဖိုဖို စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie
The River Wild (1994)
1994
7.4
Good Night, and Good Luck (2005)
ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
Good Night, and Good Luck (2005)
7.0
We Are Marshall (2006)
Huntingtownဆိုတဲ့ မြို့ငယ်လေးမှာ Marshallလို့အမည်တွင်တဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ ကျောင်းကိုယ်စားပြု American Footballအသင်းဖြစ်တဲ့ The Herd ပြိုင်ပွဲဝင်ချိန်တိုင်း မြို့သူမြို့သားတွေဟာ မြို့လုံးကျွတ်အားပေးခဲ့ကြပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်။ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကလည်း မြို့ရဲ့ဂုဏ်သိက္ခာအတွက် အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ကံကြမ္မာဆိုးဟာ HuntingTownနဲ့ Marshallအတွက် ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြိးတစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ဒီနာကျင်ကြေကွဲရတဲ့ ဒဏ်ရာတွေကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ခံလူထုဟာ ဘောလုံးအသင်းကို ဘယ်လိုဆက်ပြီး တည်တံ့အောင်ကြိုးစားကြမလဲ၊ မိုင်၃၀၀ကျော်အဝေးက နည်းပြဂျက်လန်ရေးကရော Marshallနဲ့ ဘယ်လိုများရေစက်ဆုံလာမလဲ။We are Marshallလို့ ကြွေးကြော်လိုက်တိုင်း သူတို့ရဲ့နာကျင်ဆုံးရှုံးမှု၊ အသင်းသားစိတ်ဓာတ်၊ အချင်းချင်းတန်ဖိုးထားမှု၊ လက်မလျှော့တဲ့ စိတ်အားထက်သန်မှု တွေကို ခံစားမိစေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။၂၀၀၆ခုနှစ်က ထွက်ရှိခဲ့ပြီး ၁၉၇၀ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထက်ပိုတဲ့ ဒီရုပ်ရှင်မှာ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့ The Wedding Planner,How to ...
movie
We Are Marshall (2006)
6.5
The Second Best Exotic Marigold Hotel (2015)
The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံရေးအကြောင်းတွေ၊ ...
movie
The Second Best Exotic Marigold Hotel (2015)
2015
8.0
The Bourne Ultimatum (2007)
The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie
The Bourne Ultimatum (2007)
4K HEVC
6.6
The Bourne Legacy (2012)
The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie
The Bourne Legacy (2012)
4K HEVC
6.5
The Spiderwick Chronicles (2008)
The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က ...
movie
The Spiderwick Chronicles (2008)
2008
Sneakers (1992)
IMDb - 7.1 Rotten tomatoes - 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ...
movie
Sneakers (1992)
7.2
Fracture(2007)
Fracture(2007)**************IMDb...7.2ဆရာကြီးတွေဖြစ်တဲ့ Anthony Hopkins နဲ့Ryan Gosling တို့ အဓိကပါဝင်ထားတဲ့အပြင်ဇာလမ်းကလည်း ရှယ်ကြီးဆိုတော့ကား...ထက်မြက်ထူးချွန်လွန်းတဲ့ လူတစ်ယောက်ဟာရာဇဝတ်သားဖြစ်သွားခဲ့ရင် ဘယ်လောက်အန္တရာယ်များသွားနိုင်မလဲ...လေယာဉ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားတဲ့ တက်ဒ်ခရောဖော့ဆိုတဲ့လူကြီးမှာမိန်းမငယ်ငယ်ချောချောလေးတစ်ယောက်ရှိတယ် သူ့မိန်းမဟာ စုံထောက်တစ်ယောက်နဲ့ဖောက်ပြန်နေတာကိုလည်းသူသိတယ်... ဒီလိုနဲ့တစ်ညမှာတော့ သူ့မိန်းမကိုသေနတ်နဲ့ပစ်သတ်လိုက်တယ်... ဒါပေမဲ့ ပေါ်တင်ပဲ "ငါ့မိန်းမကို ငါပစ်သတ်လိုက်ပြီ သက်သေပြနိုင်ရင်ပြကြ" တဲ့....တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးရှေ့နေအဖွဲ့ဆီရောက်နေတဲ့ဝီလီယမ်ဆိုတဲ့ရှေ့နေတစ်ယောက်ရှိတယ် ဒီရှေ့နေလေးကပဲ ဉာဏ်ကြီးရှင်ရာဇဝတ်သားကြီးနဲ့ တရားခွင်မှာသွားရင်ဆိုင်မိတဲ့အခါမှာတော့... File Size :(1.9GB) (638 MB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Fracture(2007)
7.1
Where the Crawdads Sing (2022)
Where the Crawdads Sing (2022)~ IMDb rating - 7.1/10 ~Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာတော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ ...
movie
Where the Crawdads Sing (2022)
2022
5.4
The Devil Has a Name (2019)
ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ မှုခင်း ဒရာမာလေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ စက်ရုံကြီးတွေရဲ့ လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်မှာ ထိခိုက်မှုတွေဖြစ်တဲ့အကြောင်းကိုအခြေခံထားပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ရေတွေအဆိပ်သင့်စေတဲ့အတွက် ဧရာမကုမ္ပဏီကြီးကို တရားစွဲတဲ့ လယ်သမားကြီးတစ်ယောက်အကြောင်းပေါ့။ လယ်သမားကြီးကိုအမှုရှုံးဖို့နည်းမျိုးစုံဖိအားပေးပုံတွေ၊ လယ်သမားကြီးဘက်က မျိုးစုံ ရုန်းကန်ရပုံတွေကို စိတ်လှုပ်ရှားစရာ ပြသထားတာဖြစ်ပါတယ်။ကြည့်လိုက်ပါဦး။File size…(1.57GB)/(787Mb)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TainHlwar
movie
The Devil Has a Name (2019)
6.1
American Pastoral (2016)
American Pastoral (2016) ================== IMDb Rating - 6.1/10၁၉၈၀၊ ၁၉၉၀ ဖွားတွေ အရမ်းသဘောကျခဲ့ကြရတဲ့ အလှဘုရင်မတစ်ပါး (သို့) ဂျန်နီဖာကော်နယ်လီ။ Star Wars ရုပ်ရှင်ကားတွေနဲ့ရုပ်ရှင်ကားပေါင်းများစွာအပြင် Harley Queen 2020 မှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောကြီး အီဝမ်မက် ဂရက်ဂေါ။ I am Sam 2001၊ Coraline 2009 ရုပ်ရှင်ကားတွေမှာပါဝင်ခဲ့၊ အသံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဒါကိုတာဖန်းနင်း။ ဒီတော့ အခုကားဟာ ဒီနာမည်ကျော်သုံးယောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ။အမေရိကန်/ ဗီယက်နမ်စစ်ပွဲခေတ်ကို အခြေတည်ထားပြီး အောက်ခြေအမေရိကန် ပြည်သူတွေကို အထက်ကလူတွေက ပြန်ငုံ့မကြည့်တဲ့အခါ အောက်ခြေက အမေ ရိကန်ပြည်သူတွေ ဘယ်လိုတွန်းကန်တော်လှန်ကြလဲဆိုတဲ့ အငွေ့အသက်တွေပါတဲ့ ရုပ်ရှင်ကားပေါ့။ ချောပေ့၊ ခန့်ပေ့ ပျိုတိုင်းကြိုက်ပါပေ့ဆိုတဲ့ ဆွိဒ်ဆိုတဲ့ကောင်လေးနဲ့ နယူးဂျာစီမယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ဒေါင်းလိုလှတဲ့ ဒေါင်းဆိုတဲ့အမျိုး သမီးလေး။ ဒီလိုနှစ်ယောက်က မွေးဖွားလာတဲ့ မယ်ရီဆိုတဲ့ကလေးမလေး။ ဒီတော့ ဇာတ်လမ်းဟာ ဘယ်လိုကနေ ဘယ်လို ဘယ်ကိုဇာတ်ကွေ့သွားမယ်၊ ဘာတွေဟာ ဇာတ်ရှိန်တတ်တာတေွ ဖြစ်လာမလဲ၊ ဇာတ်ရှုပ်ဇာတ်ထွေးတွေနဲ့ ကြုံတဲ့အခါ ...
movie
American Pastoral (2016)
2016
8.3
L.A. Confidential (1997)
L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie
L.A. Confidential (1997)
1
2
Next