Channel Myanmar

David Sparrow

The Santa Clause (1994)
The Santa Clause (1994)  Walt Disney ကရိုက်ကူးတဲ့ The Santa(1994) ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ခရစ္စမတ်ရောက်ဖို့ကလည်းလိုသေးတာမလို့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ခရစ္စမတ်အငွေ့အသက်လေးတွေကိုကြိုပြီးခံစားနိုင်မှာပါဇာတ်လမ်းလေးကတော့...... စကော့ကယ်လ်ဗင်နဲ့လော်ရာတို့မှာ ချာလီဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် ဒါပေမဲ့ သူတို့ဟာကွာရှင်းထားကြပြီး လော်ရာက နေးလ်ဆိုတဲ့သူနဲ့ နောက်အိမ်ထောင်ပြုထားပါတယ် ချာလီကိုတော့မိခင်ဖြစ်သူလော်ရာကပဲခေါ်ယူထားပါတယ် တစ်ရက် ခရစ္စမတ်အကြိုညမှာ လော်ရာဟာ သူ့ရဲ့လက်ရှိခင်ပွန်းဖြစ်သူနေးလ်ရဲ့မိဘတွေနဲ့ညစာသွားစားဖို့ရှိတာကြောင့် ချာလီလေးကို စကော့ဆီလာပို့ထားပါတယ်ကလေးသေချာမထိန်းတတ်တဲ့ စကော့ဟာ ချာလီကိုခရစ္စမတ်နဲ့ဆန်တာအကြောင်းပုံပြင်ဖတ်ပြပြီး ချော့သိပ်ပါတယ် အဲ့ညမှာပဲ ဆန်တာကလော့ကြီးဟာ အရုပ်လာပို့ရင်း သူတို့အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျလာပါတယ် အဲ့ပြုတ်ကျလာတဲ့ဆန်တာကလော့ကြီးရဲ့ဝတ်စုံကို စကော့တစ်ယောက်ဘုမသိဘမသိဝတ်ကြည့်မိရာကနေ ဆန်တာရဲ့တာဝန်တွေကိုယူရမလိုဖြစ်လာတဲ့အခါ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

The Santa Clause (1994)

Shall We Dance? (2004)
Shall We Dance? (2004) ၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်....ဇကာတင်ဆု ၇ ဆုရရှိထားပါတယ်...မင်းသားမင်းသမီးတွေကတော့ ရွှေရောင်ကမ္ဘာလုံးဆုရရှိထားတဲ့ မင်းသားကြီး Richard Gere နဲ့ မင်းသမီးတွေကတော့ Susan Sarandom နဲ့ Jennifer Lopez တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကြောင်းလေးပြောရရင်တော့ အမွေကိစ္စစီမံခန့်ခွဲပေးတဲ့ ရှေ့နေဖြစ်သူ ဂျွန်ကလက်ခ်ဟာ အိမ်ထောင်ကျခဲ့တာ နှစ် ၂၀ နီးပါကြာခဲ့ပါပြီ...သူဟာမိသားစုကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း သူကိုယ်တိုင်ကလည်းအလုပ်ရှုပ် မိန်းမဖြစ်သူကလည်းအလုပ်ရှူပ်သူတစ်ယောက်ဖြစ်လေတော့ နေ့စဉ်အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီလိုပုံမှန်ကိစ္စတွေကြား သူဟာပျင်းရိလာခဲ့ပါတယ်...ဆန္ဒမပြည့်ဝဖြစ်လာခဲ့ပါတယ် ဂျွန်ကလက်ခ် နေ့စဉ်အလုပ်ကအပြန် လမ်းမှာ မြင်တွေ့ရသူကတော့ ပေါ်လီနာဆိုတဲ့ကချေသည်မိန်းကလေးဖြစ်ပါတယ်...သူမဟာနေ့စဉ် မစ်စ်မစ်ဇီရဲ့အကသင်တန်းမှ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးကြည့်လေ့ရှိပါတယ်....ဂျွန်ကလက်ခ်ဟာပေါ်လီနာကိုတွေ့ပါများလာတဲ့အခါ မစ်စ်မစ်ဇီရဲ့အကသင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ဂျွန်ကလက်ခ် အကသင်တန်းတက်တော့ အိမ်ပြန်နောက်ကျလာတယ်....အပြုအမူတွေပြောင်းလာတယ်...ဒါကိုသတိထားမိတဲ့ မိန်းမဖြစ်သူဘယ်ဗာလီက စုံထောက်တစ်ယောက်ကိုငှားပြီး သူ့ယောက်ျားနောက်ကိုလိုက်ခိုင်းပါတော့တယ်....ဒီတော့ ဂျွန်ကလက်ခ်နဲ့ပေါ်လီနာတို့ကြားဘယ်လိုဖြစ်သွားမလဲ....မိန်းမဖြစ်သူဘယ်ဗာလီက ဂျွန်ကလက်ခ်အကသင်တန်းတက်နေမှန်းသိသွားတဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ....File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Shall We Dance? (2004)

Undercover Brother (2002) 5.9
Undercover Brother (2002) Undercover Brother (2002) ==================== IMDb Rating - 5.9/10အမေရိကားနိုင်ငံမှာ အာဖရိကန် - အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ် မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့ လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ "The Man" ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် "The Man" မှာလည်း သူထင်ထားသလို၊ ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာ ကြောင့်လဲဆိုတော့ "ဘရားသားဟုဒ်" လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်း တွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေး ကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်း စားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ် မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် "ဘရားသားဟုဒ်" အဖွဲ့အနေနဲ့ ဒီကိစ္စဟာ "The Man" ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် ...
movie

Undercover Brother (2002)

2002
Serendipity (2001) 6.8
Serendipity (2001) Serendipity (2001) ============== IMDb Rating - 6.8/10ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေး တစ်ယောက်ကို Bloomingdale ဆိုတဲ့ department store တစ်ခုမှာ စတွေ့ခဲ့မိပါတယ်။သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံ တည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာ သက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက် ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါ တော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာ တကယ်လဲရှိပါတယ်။ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခု ရှိတယ် Serenity လေ။ (Serenity ကို 'သက်ငြိမ်' လို့နာမည်ပေးခဲ့ ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ် ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင် လေးထာ၀ရပိတ်သွားခဲ့ပါပြီ)( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲ ရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာက သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက် ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ...
movie

Serendipity (2001)

2001
Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)

The Pacifier (2005) 5.6
The Pacifier (2005) The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက "ချိုလိမ်" ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ ...
movie

The Pacifier (2005)

2005
16 Blocks (2006) 6.6
16 Blocks (2006)  ဒီတစ်ခါ ထုံးစံအတိုင်းအဟောင်းထဲက ဇာတ်ကားကောင်းလေးတစ်ကားကိုပြန်ခံစားကြည့်ကြတာပေါ့မင်းသားကြီး Bruce Willis ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့ 16 Blocks ပါတဲ့ဗျာ IMDb 6.6 ဆိုတော့ အကြမ်းအားဖြင့်ကောင်းတဲ့စာရင်းထဲ ထည့်လို့ရပါတယ်ဇာတ်လမ်း အကျဉ်းကိုပြောရရင်တော့ အလုပ်ချိန်အပြည့်ဆက်တိုက်ဝင်ထားရလို့ ပင်ပန်းနေပြီဖြစ်တဲ့ စုံထောက် ဂျက်မိုစလေ တရားရုံးမှာ သက်သေသွားထွက်ဆိုပေးရမယ့်စကားအလွန်အင်မတန်မှ များလှသောအချုပ်သား အယ်ဒီသူထွက်ဆိုပေးရမယ့် အမှုကဘာလဲ ဘယ်လိုစွဲချက်တွေကို သက်သေထွက်ဆိုပေးရမှာလဲအချုပ်ခန်းနဲ့ တရားရုံးတို့ရဲ့ ၁၆ ဘလောက်သောအကွာအဝေးအတွင်းမှာ ဘာတွေဖြစ်မလဲ သူကရော ရုံးကိုအသက်ပါပြီး ရောက်နိုင်ပါ့မလား အရက်စွဲနေ ပင်ပန်းနေပြီးခြေထောက်တစ်ဖက် ဒါဏ်ရာကြီးနဲ့ စုံထောက်မိုစလေကရောအဲ့ဒီ့နေဟာ သူနားရမယ့် နေ့တစ်နေဖြစ်ခဲ့ပါ့မလားဇာတ်လမ်းစပြီး သိပ်မကြာခင်အချိန်မှာပဲ ရင်တစ်ဖိုဖိုနဲ့ နောက်ဆုံးပိုင်းအထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်  (ဘာသာပြန်သူ ကတော့ ကိုမင်းသက်ဦး ပါ )  File Size : (750 MB) and (300 MB) Quality : Bluray720p Running Time ...
movie

16 Blocks (2006)

2006