Channel Myanmar

David Scicluna

The Dive (2023) 5.6
The Dive (2023)  ဦးဆုံးအနေနဲ့ ဒီရုပ်ရှင်လေးဟာ 2020ခုနှစ်ထွက် Breaking Surfaceဆိုတဲ့Swedish movieလေးကို english movieအဖြစ်ပြန်ရိုက်ကူးထားတာပါ...။ ဇာတ်လမ်းလေးကတော့မေ နဲ့ ဒရူးဆိုတဲ့ ညီအစ်မနှစ်ယောက် နယ်ဝေးက ကမ်းခြေလှလှလေးတစ်ခုဆီပင်လယ်ရေငုပ်ထွက်ကြတယ်ပေါ့...။တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာလည်းကြာ၊ အတူရေမငုပ်ဖြစ်တာလည်းကြာဆိုတော့ နှစ်ယောက်သား စိတ်လျှော့လက်လျှော့နေနေမိတာပေါ့...။ဒီလိုရေငုပ်နေရင်းနဲ့ ကံခေပြီး အစ်မဖြစ်သူ မေ ဟာ ပြဿနာတစ်ခုနဲ့ကြုံပါလေရော....။ရေအောက်မှာ တစ်ခုခုဖြစ်လို့ အပေါ်ပြန်မတက်နိုင်သရွေ့ ပထမဆုံး ကြုံရတဲ့ဒုက္ခကအောက်စီဂျင်ပါပဲ...။နောက်ပြီးတော့ အချိန်ပါ...။ အချိန်တစ်ရွေ့ရွေ့ကုန်လာလေ အသက်ဘေးနီးလာလေ၊အခြားအန္တရာယ်အစုံတိုးလာလေပါပဲ....။ဒီတော့ ဒီညီအစ်မနှစ်ယောက် အသက်ဘေးကလွတ်အောင် ဘယ်လိုဆုံးဖြတ်ချက်မှန်မှန်ချကြမလဲ...၊ ဘယ်လိုရုန်းကန်ကြမလဲတွေ့ရမယ့်အပြင်ဇွဲမလျှော့ကြတဲ့ညီအစ်မနှစ်ယောက်ကြားက သံယောဇဥ်မေတ္တာတရားကိုပါ မြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်...။  File size…1.86GB / 685MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Dive (2023)

Luzzu (2021) 7.1
Luzzu (2021) Luzzu (2021) မြန်မာစာတန်းထိုး ဇာတ်လမ်းအညွှန်း******************************************* Luzzu ဆိုတာကတော့ မြေထဲပင်လယ်ဒေသမှာရှိတဲ့ မော်လ်တာကျွန်းလေးတွေက ငါးဖမ်းလှေလေး‌တွေကိုခေါ်တာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ ငါးဖမ်းလှေတစ်ခုအရင်းပြုပြီး ဘဝတည်ဆောက်နေရတဲ့ တံငါသည်မိသားစုလေးအကြောင်းကိုရိုက်ပြထားဝာာပါ။ ဇာတ်လမ်းအကျဉ်း ...ဂျက်စ်မာ့ဆိုတဲ့ တံငါသည်လေးဟာ ‌နို့စို့အရွယ် သားလေးတစ်ယောက်ရဲ့ ဖခင် ဖြစ်ပါတယ်။ သူ ပင်လယ်ထဲ ငါးဖမ်းထွက်နေတဲ့အချိန်မှာ ဇနီးဖြစ်သူဟာလည်း စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးဝင်လုပ်နေရတာကြောင့် ကလေးလေးကိုတော့ အိမ်နီးချင်းအိမ်တစ်ခုမှာ အပ်ထားခဲ့ရပါတယ်။မိဘတွေနဲ့ အတူမနေရတဲ့ နို့စို့ကလေးလေးဟာ အာဟာရလိုအပ်ချက်တွေရှိလာခဲ့ပြီး ကြီးထွားမှု နှေးကွေးတဲ့ ရောဂါတစ်ခု ခံစားလာရပါတယ်။ဒီအချိန်မှာ တံငါသည်နဲ့စားပွဲထိုးတစ်ယောက်ရဲ့ဝင်ငွေဟာ သူတို့ရဲ့ ရင်သွေးလေးကို ကယ်တင်နိုင်စွမ်း မရှိတဲ့အခါမှာ သူတို့ကိုယ်တိုင် မကောင်းတဲ့အလုပ်လို့ သတ်မှတ်ထားတဲ့ အလုပ်တွေကိုပါ ဝင်ရောက်လုပ်ကိုင်ပြီး ခက်ခဲစွာရုန်းကန်ရပုံကို ရိုက်ကူးထားဝာာပါ။ IMDb Rating လည်းမြင့်ပြီး ဇာတ်လမ်းအသွားအလာဟာ The Pursuit of Happiness လိုမျိုး ဖခင်တစ်ယောက်ရဲ့ရုန်းကန်ရပုံကို အသားပေးရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ)  File ...
movie

Luzzu (2021)

2021