Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Oyelowo
A Sound of Thunder (2005)
2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို ...
movie
A Sound of Thunder (2005)
8.6
Interstellar (2014)
Interstellar (2014) IMDb - 8.6/10_____Rotten - 72% Won 1 Oscar. Another 43 wins & 148 nominations 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် ...
movie
Interstellar (2014)
2014
BluRay DS4K HEVC
5.7
The Book of Clarence (2023)
ပိတ်ရက်လည်းနီးပြီဆိုတော့ အခွီဓာတ်လေးလည်းပါရမယ်ပေါကားကြီးလည်း မကြိုက်ဘူးဆိုသူတွေအတွက်Biblical comedyလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သမ္မာကျမ်းစာက အသုံးအနှုန်းတွေများတဲ့ကားလေးဆိုတော့အမှားပါခဲ့ရင် မေတ္တာရှေ့ထား သည်းခံပေးကြဖို့ တောင်းဆိုရင်းနဲ့ပဲဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ကလဲရန့်စ်ဆိုတာ ရွာထဲကပြဿနာအိုးငမွှေထိုး သူခိုး ကြမ်းပိုးတစ်ယောက်၊ ညိုကီတို့တောင် တချီတချီထထလုပ်ချင်တဲ့ဝိစိုက်ရောင်းတဲ့အလုပ်ကို အကောင်အထည်ဖော်ထားတဲ့သူပေါ့။မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့သူဟာ ခရစ်တော်ကိုမယုံကြည်တဲ့ ဘာသာမဲ့ အပယ်ခံလည်း ဖြစ်နေပါသေးသတဲ့။ဒီလိုနဲ့တစ်နေ့မှာ ကံလေးများတက်မလားဆိုပြီး မယ်ရီဆိုတဲ့စော်လေးနဲ့ ရထားပြိုင်မောင်းရာက ချော်တောငေါ့ပြီးရှုံး၊ငွေတိုးချေးစားတဲ့ ဂျေဒဒိုင်ယာဆိုတဲ့ ရက်စက်တဲ့နေရာမှာနှစ်ယောက်မရှိတဲ့ဘဲကြီးဆီမှာ အကြွေးတင်သွားပါတော့တယ်။ရက် ၃၀ အတွင်းအကြွေးမဆပ်ရင် လည်ကုပ်နားဝဲနေတဲ့ဂျေဒဒိုင်ယာရဲ့ဓားကိုလည်းကြောက်ရ၊ တသက်လုံး ရုန်းကန်ခဲ့ရတဲ့အမေ့ကိုလည်း အိမ်ကောင်းကောင်းနဲ့ထားချင်၊ နှလုံးသားထဲကချစ်ဦးသူဖြစ်တဲ့ ဂျေဒဒိုင်ယာရဲ့ညီမလေး ဗာရီယာနဲ့လည်းအကြောင်းပါချင်တဲ့ ကလဲရန့်စ်တစ်ယောက် သူငယ်ချင်းတစ်စုနဲ့ဘူရှိန်းဘိန်းရှူရင်းနဲ့ အတွေးပေါက်သွားပါသတဲ့။ ဒါကတော့သူ့ကိုယ်သူ ယေရှုရဲ့ ၁၃ ယောက်မြောက် တမန်တော်မေရှိယအဖြစ်ခံယူပြီးတော့ လှူစာကမ်းစာတွေကို တစ်ဝစားလို့ အကြွေးပါဆပ်ပြီးလူချမ်းသာလုပ်မယ်ဆိုတဲ့ ဘုရားစူးအတွေးလေးပါပဲ။ဘာသာမဲ့မှသည် ဘုရားသခင်ရဲ့တမန်တော်လုပ်မယ့် ရွှေဉာဏ်တော်နဲ့သူ့ရဲ့အတွေးကို အကောင်အထည်ဖော်ဖို့ ခရီးထွက်လာတဲ့ ကလဲရန့်စ်တစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူရှုစားလိုက်ရအောင်ပါ.... File size…2.73 GB / 1.11 ...
movie
The Book of Clarence (2023)
5.5
Role Play (2023)
The Big Bang Theoryထဲက ပန်နီရဲ့ အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အမ်မီဆိုတာ သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်ဖက်မှာတော့ ဖုံးကွယ်ထားတဲ့ဘ၀တစ်ခုရှိနေခဲ့ပါတယ်။ အမ်မီတို့ ဇနီးမောင်နှံဟာ သူများတွေအတွက် စံပြစုံတွဲဖြစ်ကြပေမဲ့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်စကြင်စကလို စိတ်လှုပ်ရှားမှုနည်းလာတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အချင်းချင်း သူစိမ်းတွေအဖြစ်ဟန်ဆောင်ကာ ဟိုတယ်ဘားမှာ မတော်တဆတွေ့တဲ့ပုံနဲ့ ရိုးပလေးလုပ် သိုင်းချဖို့တိုင်ပင်စီစဉ်လိုက်ကြပါတယ်။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘဲ ဟိုတယ်ဘားမှာ တခြားတစ်ယောက်ပုံစံ ရုပ်ဖျက်ထားတဲ့ အမ်မီဆီကို သူစိမ်းယောက်ျားတစ်ယောက် ချဉ်းကပ်လာတဲ့အခါမှာတော့...။ဒီရုပ်ရှင်လေးဟာ သိုင်းကားမဟုတ်ပေမဲ့ ပန်နီလေးရဲ့ ကြွကြွရွရွ ငွားငွားစွင့်စွင့်အလှတွေကို မကြာခဏမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းကလည်း အက်ရှင် သည်းထိတ်ရင်ဖိုကို ပုံစံကျကျနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(868 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle ...
movie
Role Play (2023)
7.5
Selma (2014)
၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်းခွဲခြားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်ရပ်ကွက်တွေ လူမည်းမဝင်ရတဲ့ စားသောက်ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူးကန် စာသင်ကျောင်းနဲ့ ဘတ်စ်ကားတွေအထိ လူဖြူတွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကားပေါ်ကလူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ လူဖြူသီးသန့်ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကားရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကားဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa Park က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ရာမှ Montogomery ဘတ်စ်ကားသပိတ်ကြီးပေါ်ပေါက်လာပြီး သမိုင်းဝင် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) ပေါ်ပေါက်လာပါတော့တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင်ကတော့ ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစကို ဒေါက်တာမာတင်လူသာကင်း ...
movie
Selma (2014)
7.6
Rise of the Planet of the Apes (2011)
RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေပြန်တင်ဆက်ပေးလိုက်ပါတယ်။ Andy Serkis နဲ့ James Franco တို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီးဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကိုကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာအကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်မျောက်ဝံတွေ အားလုံးကို စုစည်းပြီးလွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ပုန်ကန်လာပါတော့တယ်။ File size… 6.3 GB / 1.7 GB / 935MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Action , Adventure Subtitle…. Myanmar ...
movie
Rise of the Planet of the Apes (2011)
2011
4K HEVC
7.0
Jack Reacher (2012)
Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie
Jack Reacher (2012)
2012
4K HEVC
7.6
The Last King of Scotland (2006)
~~IMDb 7.6, Rotten Tomatoes 87%~~အော်စကာဆုတစ်ဆု နဲ့အခြားဆုပေါင်း ၄၀ ကျော်ဆွတ်ခူးထားပြီး ဆန်ကာတင်စာရင်းပေါင်း ၃၀ကျော်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား The Last King Of Scotland.သရုပ်ဆောင်များအနေနဲ့ James McAvoy ကဇာတ်ဆောင်မင်းသားအဖြစ်၊ နာမည်ကြီးလူမည်းသရုပ်ဆောင်တွေထဲတစ်ယောက်ဖြစ်တဲ့ Forest Whitaker ကဗီလိန်မင်းသားအဖြစ် နဲ့ ကိုယ်တွေရဲ့ British မင်းသမီးကြီး Gillian Anderson တို့စသဖြင့်များစွာပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းပုံစံကတော့ နီကိုးလတ်စ်(James McAvoy ) က ဆရာဝန်ဘွဲ့ရပြီး စွန့်စားမှုလေးတစ်ခုလုပ်ချင်လို့ ရောက်ချင်ရာရောက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကိုမျက်လုံးမှိတ်လက်ထောက်ရွေးခဲ့ပါတယ်။ သူကျသွားတာကတော့ ယူဂန်ဒါဖြစ်ပြီး အဲ့နောက်ယူဂန်ဒါမှာအကျိုးပြုဆရာဝန်လေးလာလုပ်ပါတော့တယ်။ယူဂန်ဒါမှာ အဲ့အချိန် သမ္မတဟောင်းအိုဘိုတီပြုတ်ပြီး ဗိုလ်ချုပ်အာမင်(Forest Whitaker ) က သမ္မတလုပ်နေတာပါ။ အစပိုင်းကတော့ထုံးစံအတိုင်း လေထဲတိုက်အိမ်ဆောက်အာလုပ်ကတိတွေနဲ့ ပြည်သူ့ ယုံကြည်မှုကို ဖြားယောင်းခဲ့ပါတယ် ၊နောက်ပိုင်းမှာတော့ ဆန့်ကျင့်သူတွေကို ရှင်းလင်းသုတ်သင်ရင်း တိုင်းပြည်အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်.....နီကိုးလတ်စ်ကတော့အကြောင်းတိုက်ဆိုင်သွားပြီးအာမင်ရဲ့မိသားစုဆရာဝန်ဖြစ်သွားရာကနေဇာတ်လမ်းကိုdramatic ဆန်အောင်ထည့်ထားပါတယ်။ ဒီရုပ်ရှင်က အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို ...
movie
The Last King of Scotland (2006)
5.7
96 Minutes (2011)
96 Minutes (2011) ==============ဥပဒေကျောင်းသူလေး ကာလေ၊ အချစ်ရေး ကံခေတဲ့ လီနာ၊ ဂန်းစတားတစ်ယောက်ဖြစ်ချင်တဲ့ ဂျစ်ကန်ကန် ကယ်ဗင်၊ ကယ်ဗင်နဲ့ပေါင်းပေမဲ့ ဂန်းစတားဘဝရောက်မသွားချင်တဲ့ ဒရေး။ သူတို့လေးယောက်ရဲ့ ကံကြမ္မာက ၉၆ မိနစ်အတွင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်လမ်း မျိုးပဲဖြစ်ပါတယ်။ကယ်ဗင်က ဂျစ်ကန်ကန်လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် သူဖြစ်ချင်တဲ့ ဂန်းစတားအဖွဲ့ဝင်ဖြစ်ဖို့ ကားခိုးလိုက်တဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ သူ့ရဲ့ဆုံးဖြတ်ချက်က လူလေးယောက်ရဲ့ ဘဝအပေါ် ဘယ်လောက်သက်ရောက်မှုဖြစ်သွားမလဲ။ အဲဒါ တွေကို မတူညီတဲ့ရှုထောင့်လေးခုကနေ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing, June တို့ ဖြစ်ပါတယ်)File Size..........(740 MB) Quality............BLU-RAY 1080p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Khant Sett Naing, June Encoder..........SWM
movie
96 Minutes (2011)
2011
7
A Most Violent Year (2014)
A Most Violent Year (2014)အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size : 923MB, 387MB, 240MB Quality ...
movie
A Most Violent Year (2014)
2014
8.1
The Help (2011)
IMDb Rating (8.1)အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာRatingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်....Review Crd File size…(3.9 GB)/(1.2 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:26:35 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie
The Help (2011)
2011
7.2
The Butler (2013)
2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လိုဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB) / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Butler (2013)
6.6
See How They Run (2022)
ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ )File Size__(GB) ...
movie
See How They Run (2022)
5.9
Red Tails (2012)
Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie
Red Tails (2012)
2012
7.3
Lincoln (2012)
Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေလောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie
Lincoln (2012)
2012
4.9
The Water Man (2021)
The Water Man (2021)"မျှော်လင့်ချက်"စကားလုံးသေးသေးလေးပါပဲ။ ဒါပေမဲ့ အင်အားကြီးမားလွန်းတဲ့အရာပေါ့...မျှော်လင့်ချက် ဆိုတာမရှိရင် ဘာမှမအောင်မြင်နိုင်သလို မျှော်လင့်ချက် ပြင်းထန်ရင်လည်း အံ့ဩစရာကောင်းလောက်အောင်ကို မထင်ထားမိတာတွေ ဖြစ်တတ်ပါတယ်။Water Man (ရေလူသား ) လို့ခေါ်ဆိုကြပါတယ်... "မသေနိုင်တဲ့လူသား" ဆိုပြီး နာမည်ကြီးနေတဲ့ ဒဏ္ဍာရီလူသားတစ်ဉီးပါ။သူကတော့ အခုချိန်ထိ သေဆုံးသွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့အလောင်းကို မရမက လိုက်ရှာနေတဲ့သူပေါ့.. သူ့မှာရှိတဲ့ ကျောက်တုံးလေးက သေရာကနေပြန်ရှင်လာအောင် လုပ်နိုင်တဲ့အစွမ်းရှိလို့တဲ့။ အဲ့ဒါကြောင့်ပဲ သူတောင် သေရာကနေ ပြန်ရှင်လာခဲ့တာပါ။ရေလူသားရှိတဲ့ မြို့ထဲကို ဂန်းနားတို့မိသားစု ပြောင်းလာတာမကြာသေးပါဘူး။ ဂန်းနားအမေက တကယ်တော့ နောက်ဆုံးအဆင့်ကင်ဆာကုထုံး ခံယူနေရတဲ့သူပါ။ မကြာခင်သေတော့မယ့်သူပေါ့။ အမေဖြစ်သူ သေဆုံးမှာကို လက်မခံနိုင်တဲ့ ဆယ်ကျော်သက်ဂန်းနား တစ်ယောက် လမ်းသရဲမလေး ဂျို နဲ့ပေါင်းမိပြီး ရေလူသား ကိုရှာဖွေမယ့် အစီအစဉ်ဆွဲပါတော့တယ်။ဆယ်ကျော်သက်တွေရဲ့ စွန့်စားချင်စိတ်၊ စိတ်ကူးယဉ်စိတ်၊ ဖြူစင်တဲ့စိတ်ဓါတ်အပြည့်နဲ့ တောထဲဝင်သွားကြတဲ့ ဂန်းနား နဲ့ ဂျို ...
movie
The Water Man (2021)
6.2
Peter Rabbit 2: The Runaway (2021)
Peter Rabbit 2: The Runaway (2021)==========================IMDb Rating - 6.2/10 ဒရမ်သမားလေး ယုန်ပီတာကို မှတ်မိကြသေးလား??? ဒုတိယကားလေးကိုလည်း စောင့်နေကြမှန်းသိလို့ CM ကတင်ဆက်ပေးလိုက်ပါပြီနော်...အိမ်ပြေးပီတာ.. ပီတာအိမ်ပြေးတစ်ယောက် ဒီဇာတ်လမ်းမှာလည်း ပြေးရပြန်ပါပြီ။ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ပီတာလေးက အရာရာကိုပေါ့ပေါ့လေးပဲပြောပေမယ့် ပေါ့ပေါ့လေးတော့ မခံစားတတ်ပါဘူး။ အဓိကကတော့ ပီတာရဲ့ မတည့်အတူနေ မစ္စတာမဂ်ဂရက်ဂေါ ကြီးက အခုထိ ပီတာ့အပေါ် အမြင်စောင်းနေတုန်းပါပဲ ။ စောင်းဆို ပီတာကလည်း ဘယ်တော့မှအတည့်မနေဘူး.. လုပ်လိုက်ရင် တလွဲကြီးပဲ🤣ပထမကားမှာ အီစီကလီဖြစ်ခဲ့တဲ့ ဘီ နဲ့ မဂ်ဂရက်ဂေါက အခုတော့လက်ထပ်ပြီး ယုန်လေးပီတာအကြောင်းကို စာအုပ်ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ရဲ့ အောင်မြင်ချက်ကတော့ ဘီ ကို ဒုတိယအုပ်ရေးဖို့ ကမ်းလှမ်းခံရပြီး ယုန်လေးပီတာကို ဗီလိန် အဖြစ်ရေးဖို့ အကြံပြုပါတော့တယ်။ ဒါကို ဘယ်သူမှမကန့်ကွက်တဲ့အပြင် ပီတာက ဗီလိန်နဲ့ပိုတူတယ်လို့တောင် ဝိုင်းပြီးပြောကြဆိုကြနဲ့ယုန်ဖြူစင်တာ ယုန်ပဲသိတယ်လေ😥ဝေဖန်ဒဏ်တွေ ...
movie
Peter Rabbit 2: The Runaway (2021)
2021
6.0
Chaos Walking(2021)
Chaos Walking(2021)အညွှန်း**************************မင်းသားကတော့ တွမ်ဟော်လန်ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံစွန့်စားခန်း ရုပ်ရှင်ကားကြီးဖြစ်ပါတယ်....။ တော့ဒ် ဟီးဝစ်ဟာ ကမ္ဘာသစ်မှာ အခြေချနေတဲ့ လူသားတွေထဲက အငယ်ဆုံး ကောင်လေးတစ်ယောက်ပါ။အဲဒီ ကမ္ဘာသစ်ရဲ့ ထူးခြားချက်က လူတွေရဲ့ အတွေးတွေက အသံတွေပုံရိပ်တွေအဖြစ် ခေါင်းထဲက ထွက်ပေါ်နေတာပါပဲ။ဒီတော့ တစ်ယောက်ကို တစ်ယောက် လိမ်ဖို့ အတော်ခက်ပါတယ်။ပြီးတော့ နောက်ထပ်ထူးခြားတာက မိန်းမ တစ်ယောက်မှ မရှိတော့တာပါ။အဲဒီဂြိုလ်ရဲ့ စပက်ကယ်ဆိုတဲ့ ဂြိုလ်သားတွေက မိန်းမတွေအားလုံးကို သတ်ဖြတ်ခဲ့လို့ပါပဲ။တစ်နေ့မှာတော့ လူသားတွေပါတဲ့ ယာဉ်တစ်ခု အဲဒီဂြိုလ်ပေါ် ပျက်ကျလာပြီး မိန်းမတစ်ယောက် အသက်ရှင်ကျန်နေခဲ့တဲ့အခါ.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတော့ Littleneo ပဲဖြစ်ပါတယ်.... File Size : (2.1GB) and (936MB) Quality : HEVC5.1CH,WEB-DL720p Format…mp4 Duration…01:30:00 Genre : Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie
Chaos Walking(2021)
HEVC 1080p 5.1
5.6
The Midnight Sky (2020)
The Midnight Sky (2020)===================IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင်အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင်တဲ့သူတစ်ယောက်ပါ။ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ်ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်းကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့်အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ်တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်ကအခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် ...
movie
The Midnight Sky (2020)
2020
6
Come Away 2020
889ခုနှစ်ကရေးဖွဲ့ခဲ့တဲ့ The Stolen Child ကဗျာကိုနောက်ခံထားပီးရိုက်ထားတဲ့ COME AWAY ဆိုတဲ့ဇာတ်ကားလေးကကလေးတွေရဲ့အိပ်မက ်ကမ္ဘာအကြောင်းကိုစိတ်ကူးယဥ္ပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်ဆောင်ကလေးမောင်နှမတွေ ဖြစ်တဲ့ဒေးဗစ် ပီတာနဲ့ အဲလစ် ၃ယောက်ထဲမှာမှအဲလစ်ကnarratorအဖြစ်နဲ့ပါ၀င်ထားတာပါအဲမောင်နှမ၃ယောက်က နယ်စွန်နယ်ဖျားကဆင်းရဲတဲ့မိသားစုလေးကဖြစ်ပီးသူတို့အဖေကတော့လက် မှုပညာရှင်တစ်ယောက်ပါ အေးချမ်းနေတဲ့သူတို့မိသားစုလေးဆီကိုရောက်လာတဲ့ဂယက်ကတော့ ဒေးဗစ်ကို Bristlemoss ကျောင်းကိုပို့ပေးမဲ့ကလေးတွေရဲ့အဒေါ် အယ်လီနာရဲ့အကြံပါပဲ အဲကိုသွားခါနီးဆဲဆဲမှာပဲဒေးဗစ်ရဲ့မျော်လင့်မထားတဲ့သေခြင်းတ ရားနဲ့ကြုံကြိုက် မိပါတယ်ပီတာနဲ့ အဲလစ်ရဲ့ရင်ထဲကနက်ရှိုင်းတဲ့ဒဏ်ရာတွေရှိလာသလိုကလေးတွေရဲ့အိပ်မက ်ကမ္ဘာလေးကလဲ သူတို့ရဲ့လက်တကမ်းအလိုမှာရှိနေတာပါအရွယ်ရောက်ကြီးပြင်းချင်တဲ့ဆန္ဒရှိကြပေမဲ့ ဒုက္ခအားလုံးကင်းေ၀းမဲ့အိပ်မက ်ကမ္ဘာလေးကိုဘယ်သူသွားနိုင်မလဲဆိုတာရသမြောက်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:30:00 Genre … Adventure, Fantasy, Dram Subtitle….Myanmar Subtitle (Hardsub) Translated by Zora Yang
movie
Come Away 2020
1
2
Next