Channel Myanmar

David O'Kelly

The Prince & Me (2004) 5.8
The Prince & Me (2004) ဒီဇာတ်ကားကတော့ မင်းသားတစ်ပါးနဲ့ လယ်သူမလေးတစ်ယောက်အကြောင်းRomanceဆန်ဆန်ရိုက်ထားတဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ ဒိန်းမတ်နိုင်ငံရဲ့မင်းသားဖြစ်တဲ့ အက်ဗက်ဟာ အလိုလိုက်ခံထားတဲ့သူပီပီ အပျော်အပါးအသောက်အစားများစွာလုပ်ပြီး မကောင်းသတင်းတွေ သတင်းစာထဲမှာပါပါလာကာ တော်ဝင်မိသားစုကိုအရှက်ရအောင် ခဏခဏလုပ်တဲ့သူပေါ့။တစ်နေ့မှာတော့ သူဟာတီဗွီအစီအစဉ်တစ်ခုကနေ အမေရိကရဲ့ကောလိပ်ကျောင်းသားဘဝဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်းမြင်လိုက်ရပြီးတဲ့အချိန်မှာ ထိုကောလိပ်သို့တခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးတက်ဖို့သွားပါတော့တယ်။ အဲဒီကျောင်းမှာပဲ နယ်ကတက်လာတဲ့ကောင်မလေး "ပေ့ခ်ျ မော်ဂန်"နဲ့တွေ့တဲ့အခါမှာတော့ အမြဲဆိုးခဲ့တဲ့မင်းသားလေးတစ်ယောက် အချစ်အစွမ်းကြောင့် တဖြည်းဖြည်းနဲ့လိမ္မာပြီး အားကိုးထိုက်သူဖြစ်လာတာကို Comedyနဲ့ Romanceရောပြီး ရိုက်ပြထားပါတယ်။ File size…(2.2 GB) / (1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson  
movie

The Prince & Me (2004)

The Illusionist (2006)
The Illusionist (2006)  မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Illusionist (2006)

Last Holiday (2006) 6.6
Last Holiday (2006) Last Holiday (2006) ================ IMDb Rating - 6.6/10The Secret Life of Bees, Girls' Trip, Hustle စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက် ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင် ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင် ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ် လို့ ပြောလို့ရပါတယ်။၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Miss Georgia Berd - နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြော ရရင်‌တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်း ဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့် သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့ အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ...
movie

Last Holiday (2006)

2006
Dungeons & Dragons (2000)
Dungeons & Dragons (2000) Dungeons & Dragons (2000)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။~ ဇာတ်လမ်းအကျဉ်း ...
movie

Dungeons & Dragons (2000)

2000