Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David O'Hara
Horizon: An American Saga – Chapter 1 (2024)
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ ...
movie
Horizon: An American Saga – Chapter 1 (2024)
6.2
The Devil’s Own (1997)
အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie
The Devil’s Own (1997)
6.7
Wanted (2008)
Wanted (2008)IMDb Rating (6.7) / Rotten Tomatoes (71%)တစ်ခုခုကို ဝေ့ဝိုက်ပစ်တော့မယ်ဆိုရင် Wanted ထဲကလိုလို့ ဆိုကြတဲ့အထိ Wanted ရုပ်ရှင်ကားကို ကျည်ဆံဝေ့ပစ်တဲ့ဇာတ်ကားအဖြစ်လူသိကြပါတယ်။ လူတိုင်းမှတ်မိကြတယ်ဆိုရအောင်လဲ တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေချည်းပဲကိုး။ Morgan Freeman , Angelina Jolie , James McAvoy, Chris Pratt တို့လိုသရုပ်ဆောင်တွေနဲ့ အထူးအဆန်းတော်ကီတွေနဲ့ အထူးအဆန်းဇာတ်လမ်းဇာတ်ကွက်နဲ့ တကယ့်အမှတ်ရစရာဇာတ်ကားပါပဲ။ဇာတ်လမ်းကတော့....Spoiler Alert....ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ ... ဖော့(စ်) ...
movie
Wanted (2008)
4K HEVC
4.1
Deus (2022)
Deus (2022) ==========ကမ္ဘာကြီးပျက်စီးကိန်းဆိုက်ရောက်တော့မယ့်အခြေအနေမှာ လူသားတွေက နေထိုင်ဖို့ နေရာအသစ်တစ်ခုကိုလိုက်ရှာရပါတောတ့ယ်။ အဲဒီနေရာအသစ်ကို လိုက်ရှာဖို့အတွက်တာဝန်ပေးခံထားရတဲ့ အာခီလီအဖွဲ့သားတွေဟာ စကြာဝဠထဲမှာ ဂြိုဟ်စက်ဝန်းဆိုတဲ့ နေရာကိုစူးစမ်းဖို့သွားခဲ့ကြပါတယ်။ ဒါပေမယ့် ဂြိုဟ်စက်ဝန်းနဲ့ တဖြည်းဖြည်းနီးလာချိန်မှာတော့ ထူးဆန်းတဲ့ကိစ္စတွေဖြစ်လာပါတော့တယ်။အဲဒီဂြိုဟ်စက်ဝန်းက ဘာလဲ၊ အဲဒီဂြိုဟ်ကြီးထဲမှာ ဘာတွေရှိနေတာလဲ၊ အဲဒီဂြိုလ် ကြီးကိုရောက်သွားတဲ့အချိန် သူတို့ဘာတွေထပ်ရင်ဆိုင်ရမလဲ၊ လူသားတွေအတွက်ရော နေထိုင်ရာနေရာအသစ်တစ်ခုရှာတွေ့နိုင်မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Phway Cherry ဖြစ်ပါတယ်)File Size..........(850 MB) / (350 MB) / (200 MB) Quality............Web-DL 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Sci-Fi Translator.......Moe Phway Cherry Encoder..........SWM
movie
Deus (2022)
2022
6.4
Contraband (2012)
Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie
Contraband (2012)
2012
7.7
Harry Potter and The Deathly Hallows: Part 1 (2010)
Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie
Harry Potter and The Deathly Hallows: Part 1 (2010)
2010
4K HEVC
7.3
The Professor and the Madman (2019)
The Professor and the Madman (2019)============================IMDb Rating - 7.3/10တစ်ခေတ်တစ်ခါက A+စတားတွေဖြစ်ခဲ့တဲ့ ခုထိလည်း နာမည်မကျသေးတဲ့ ရှောင်ပန်းန်နဲ့ မယ်ဂစ်ဆွန်တို့ အဓိကသရုပ်ဆောင်ထားတဲ့ကားပါ။ဇာတ်အိမ်ကတော့ 19ရာစုအလယ်မှာ ပထမဆုံး အောက်စ်ဖို့ဒ်အဘိဓာန်ကို ရေးသားတည်းဖြတ်ခဲ့တဲ့ အကြောင်း ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်းပါပဲ။ အဘိဓာန်တစ်အုပ်ရဖို့ ဘယ်လိုဘယ်ပုံ ခက်ခဲတယ်ဆိုတာကို ကောင်းကောင်းကြီး ပြထားတယ်။နာမည်နဲ့အတော်လိုက်ပါတယ်။ ကိန်းကြီးခန်းကြီးစကားလုံးတွေ အရူးစကားတွေ အပြည့်နဲ့ပါပဲ။ သမိုင်းဒရာမာပေမဲ့ တင်ပြပုံ အရမ်းရှင်းမနေပါဘူး။သမိုင်းတွေ ဒိုကူတွေ စိတ်၀င်စားတဲ့လူတွေ ကြိုက်မယ့် ရုပ်ရှင်ပါပဲ။ မင်းသားကြီး ၂ယောက်ရဲ့ သရုပ်ဆောင်ကွက်တွေကို မြင်ရတာနဲ့တန်တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။File Size - (2.2 GB)/(1.17 GB)/(700 MB) Quality – BluRay- (1080p) / (720p) / (480p) Duration - 2hrs 4min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama Translator – WiRa Aung Encoder ...
movie
The Professor and the Madman (2019)
2019
6.1
Cowboys & Aliens (2011)
Cowboys & Aliens (2011)==================IMDb Rating - 6.1/10 - Voting - 206,241#Unicodeဒီကားကတော့ ၂၀၁၁ မှာ ထွက်ထားခဲ့တဲ့ Western Theme ဂြိုလ်သားဇာတ်ကားပါ။ James Bond မင်းသားDaniel Craig ၊ ကြာပွတ်မင်းသားလို့ ကျွန်တော်တို့တွေ သဘောကျခဲ့တဲ့ Indiana Jones မင်းသား မင်းသားကြီးHarrison Ford နဲ့ ကျပ်ပြားစေ့မျက်နှာနဲ့ လှတဲ့ မင်းသမီး Olivia Wilde တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဂြိုလ်သားတွေက ကမ္ဘာကို သိမ်းပိုက်ဖို့လာတာကို မင်းသားတို့ လူတစ်စုက တားကြတဲ့ဇာတ်လမ်းပေမဲ့ Western ပုံစံလေးကတော့ အမြင်ဆန်းတာပေါ့ဗျာ။ IMDb Rating ကတော့ 6.1/10 ရထားတယ်ဗျ။ဂြိုလ်သားကားကြည့်ချင်ပေမဲ့ အမေရိကန်စစ်တပ်နဲ့ပဲ တိုက်နေလို့ ကြည့်ရတာပျင်းနေတဲ့သူတွေ ကောင်းဘွိုင်တွေနဲ့ဂြိုလ်သားတွေချတာကို ကြည့်လို့ရသွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie
Cowboys & Aliens (2011)
2011
6.5
Cold Pursuit (2019)
ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။ကီးဟိုးမြို့ရဲ ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှှန်ပါပဲ...File Size : (974 MB) & ( 355 MB)Quality : 1080p HC HDRIPRunning Time : 1 hr 59 minFormat ...
movie
Cold Pursuit (2019)
2019
8.5
The Departed (2006)
IMDb (8.5)....Rotten Tomatoes (90%) ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြောရအောင်။တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။The Departed (2006) (IMDb Rating 8.5/10) ဆိုတဲ့ကားးပါ။မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (IMDb Rating 8.1/10) ဆိုတာပါ။ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ ကြည့်မိပါတယ်…ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကို နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာကလည်း ဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် ...
movie
The Departed (2006)
2006
6.0
Doomsday (2008)
သိပ္ပံ စိတ်ကူးယဉ် အက်ရှင် ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Reaper Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် အကြောင်းရိုက်ကူးထားတာပါ။ ဒီဗိုင်းရပ်စ်ဟာဆိုရင် စကော့တလန်နိုင်ငံမှာ စတင်ပျံ့နှံ့ပြီး လူထောင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ဗြိတိန် အစိုးရဟာ ဒီကိစ္စကို ထိန်းချုပ်ဖို့ အတွက် အသက်ရှင်ကျန်နေတဲ့ သူတွေကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး တံတိုင်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ် ရောဂါကူးစက် ခံထားရသူတွေနဲ့ မကူးစက်ခံထားရသေးတဲ့သူတွေကို ခွဲခြားထားခဲ့ရောဂါကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၃၀ ခန့်ကြာပြီးတဲ့ နောက် လန်ဒန်မှာ နောက်တစ်ကြိမ် ဒီဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအချိန်မှာ အစိုးရဟာဆိုရင် ယခင်ကူးစက်ခံခဲ့ရတဲ့ နေရာမှာ ဖြေဆေးနဲ့ ပတ်သတ်တာ ရှိနေတယ် ဆိုတာ သတင်း ရရှိခဲ့ပါတယ် အဲ့အတွက် မေဂျာ အီဒင် ဆင်ကလဲယား ဦးဆောင်တဲ့ အဖွဲ့ကို ဖြေဆေးကိစ္စ အတွက် ကမ္ဘာကြီးနဲ့ သီးသန့်ခွဲထားတဲ့ နေရာ ကို စေလွှတ်ပါတော့တယ်….. ဒီလို နှစ်ပေါင်းများစွာ လူသားတွေနဲ့ ကင်းကွာနေတဲ့ ရောဂါ ကူးစက် ခံရတဲ့ ...
movie
Doomsday (2008)
2008
8.1
Hotel Rwanda (2004)
Hotel Rwanda (2004) IMDb - 8.1/10______Rotten - 91%ဒီကားလေးက IMDB 8.1/10 ရရှိထားပြီး 1990 ကာလပိုင်းကရဝမ်ဒါနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အဆိုးရွားဆုံးလို့သတ်မှတ်ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးတစ်ခုကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန် Historical Dramaဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ စက်ဆုပ်ရွ့ံ့ရှာဖွယ်ကောင်းတဲ့ လူသားမဆန်မှုတွေကိုကြည့်ပြီးအသိတရား ရရှိစေမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းမကြည့်ခင်Rwanda နိုင်ငံရဲ့ Hutu နဲ့ Tusti တွေအကြောင်းနည်းနည်းသိထားမှ ကြည့်ရတာ ပိုအသက်ဝင်ပါလိမ့်မယ်။Rwanda နိုင်ငံကို ဘယ်လ်ဂျီယံတွေအုပ်ချုုပ်စဉ်က Rwanda နိုင်ငံသားတွေကိုလူမျိုးနှစ်စုခွဲခဲ့ပါတယ်။ နှာခေါင်းရှည်ရှည်နဲ့အသားဖြူဖြူ ရုပ်သန့်သန့်ကောင်တွေကို Tusti တွေအဖြစ် သတ်မှတ်ပြီးတော့အုပ်ချုပ်ရေးပိုင်းမှာ အလုပ်တွေခန့်ပြီး နေရာပေးခဲ့ပါတယ်။အဲဒီကတည်းကအခွဲခြားခံ Hutu တွေဟာ ဘယ်လ်ဂျီယံအစိုးရနဲ့တစ်ပါတည်း Tusti တွေကိုပါမုန်းတီးစိတ်ဝင်သွားကြတာပါ။ ဘယ်လ်ဂျီယံတွေ အာဏာပြန်လွှဲချိန်ကျတော့Hutu တွေဆီ အာဏာလွှဲအပ်လိုက်ရတာနဲ့ ခေတ်အဆက်ဆက်အဖိနှိပ်ခံ Hutu တွေဟာ Tusti တွေကို အခဲမကျေဘဲရက်ရက်စက်စက် လက်စားချေဖို့ လုပ်ကြတာဖြစ်ပါတယ်…1990 လို ...
movie
Hotel Rwanda (2004)
2004