Channel Myanmar

David Mitchell

The Reason I Jump (2020) 7.4
The Reason I Jump (2020) The Reason I Jump (2020)~ IMDb - 7.4/10, RT - 97%, Meta - 83% ~“I don’t have ADHD when I am out in the woods.” - David (Age 14)“ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။”Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ … “သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး ...
movie

The Reason I Jump (2020)

2020
Migration (2023) 6.8
Migration (2023) ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲတင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကိုထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခုဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်းအရာလေးပါ...။ဒီဘဲမိသားစု‌လေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲအမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ...။ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးကပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတိုသဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်...။ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်းမလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်...။ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာလမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်...။ File size…(4.6 GB)/ (1.54 GB) / 763 MB Quality…WEB-DL 4K HEVC/1080p 5.1CH  /   720p Format…mp4 Duration….1h 48m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Themes & TD
movie

Migration (2023)

4K HEVC
Greed (2019) 5.7
Greed (2019) England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က...
movie

Greed (2019)

Cloud Atlas (2012) 7.4
Cloud Atlas (2012) Cloud Atlas (2012) IMDb.....7.4,,,,Rotten...66%   Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie

Cloud Atlas (2012)

2012