Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David J. Curtis
A Very Vermont Christmas (2024)
ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်က A very Vermont Christmas ဖြစ်ပြီး ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိထားတဲ့ Romance/ Familiy ဇာတ်ကားလေးတစ်ခုပါ။ ဘီယာနှစ်သက်သူများ ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစုဘီယာလုပ်ငန်းတွေကို အခြေတည်ပြီး ခရစ္စမတ် အငွေ့အသက်တွေ ထုံမွှန်းထားတဲ့ မိသားစုနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ဗားမွန့်က နှင်းလျှောစီးစခန်းမြို့လေးဖြစ်တဲ့ Maple Glen မှာ Mongul Joe's ဆိုတဲ့ ဘီယာဆိုင်နဲ့ ဘီယာချက်ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူ Joe တည်ထောင်ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီးဖြစ်သူ Joy က အမေဖြစ်သူနဲ့အတူ ဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အင်အားကြီး ဘီယာကုမ္ပဏီတွေရဲ့ စျေးကွက်လက်ဝါးကြီး အုပ်မှုကြောင့် တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်းလေးတွေ ...
movie
A Very Vermont Christmas (2024)
7.3
Little Women (1994)
အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie
Little Women (1994)
The Maiden Heist (2009)
ဒီတစ်ခါမှာတော့ 2009 ခုနှစ်ကထွက်ရှိထားတဲ့ The Maiden Heist ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားထဲမှာ ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman,Christopher Wlaken နဲ့ William H Macy တို့ကအဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့ ရော်ဂျာရယ် ချားလ်စ်ရယ် ဂျော့ဂျ်ရယ်ဆိုတဲ့ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့လူသုံးယောက်ဟာ ပြတိုက်တစ်ခုကလုံခြုံရေးဝန်ထားတွေပါ သူတို့တွေဟာ အဲ့ပြတိုက်မှာရှိတဲ့အနုပညာလက်ရာတစ်ခုစီကိုစွဲလမ်းနေကြတာကြောင့် အခုချိန်ထိအနားမယူပဲတာဝန်ထမ်းဆောင်နေကြတာပါ ရော်ဂျာနဲ့ချားလ်စ်က ပန်းချီကားတစ်ခုစီကိုစွဲလန်းနေကြပြီး ဂျော့ဂျ်ကတော့ ရုပ်ထုကြီးတစ်ခုကိုစွဲလမ်းနေပါတယ် ဒါပေမဲ့ တစ်ရက်မှာ သူတို့အလုပ်လုပ်နေတဲ့ပြတိုက်က ဒိန်းမတ်မှာရှိတဲ့ပြတိုက်တစ်ခုနဲ့သဘောတူညီမှုရသွားပြီ ဒီကအနုပညာလက်ရာအချို့ကို ဒိန်းမတ်ကိုရွှေ့ပြောင်းဖို့ဖြစ်လာပါတော့တယ် ကံဆိုးချင်တော့ သူတို့စွဲလမ်းနှစ်သက်နေတဲ့အနုပညာလက်ရာသုံးခုလုံးရွှေ့ပြောင်းမယ့်စာရင်းထဲပါလာတဲ့အခါ...........သူတို့ရဲ့စွဲလမ်းမှုတွေကို အဝေးကိုရောက်မသွားအောင်သူတို့ဘာလုပ်ကြမလဲ အသက်အရွယ်ရလာမှ သူတို့နှစ်သက်တဲ့အနုပညာလက်ရာတွေတခြားနိုင်ငံကိုရောက်မသွားအောင် သူတို့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုကြည့်ရှုခံစားရမှာပါဒီဇာတ်ကားလေးမှာ ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်လမ်းလေးကလည်းကောင်း ဟာသနှောပြီးရိုက်ကူးထားတာကြောင့် အပျင်းပြေစေမယ့်ရုပ်ရှင်တစ်ကားပါ File size…(1.6 GB)/(850 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Maiden Heist (2009)
6.5
The Skeleton Key (2015)
The Skeleton Key (2015) ================== IMDb Rating - 6.5/10ကယ်ရိုလိုင်းအဲလစ်စ်ဟာငယ်ရွယ်တဲ့သူနာပြုကျောင်းဆင်းတစ်ယောက် ဖြစ်ပြီး ဖခင်သေဆုံးချိန်မှာ အနားမှာမရှိခဲ့၊ပြုစုခွင့်မရခဲ့တဲ့အတွက်နောင် တရနေတဲ့သူ၊ အဲ့ဒီစိတ်တွေဖြေဖျောက်ဖို့အဖော်မဲ့နေတဲ့သက်ကြီးရွယ်အို တွေကိုပြစုတဲ့အလုပ်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်၊ သူအလုပ်ဝင်နေတဲ့အဖွဲ့ အစည်းဟာ ငွေနောက်ပဲလိုက်ပြီး လူနာတွေကိုဂရုမစိုက်ဘူးလို့ယူဆခဲ့ချိန်မှာ ဝေးလံတဲ့ဒေသတစ်ခုမှာ ထီးထီးကြီးရှိနေတဲ့ အိမ်အိုကြီးတစ်လုံးထဲက ဆရာဝန် လက်လျှော့လိုက်ပြီဖြစ်တဲ့အဘိုးကြီးတစ်ယောက်ကိုပြုစုဖို့အလုပ်ကိုလက်ခံ ဖြစ်ခဲ့ပါတယ်။ အဘိုးကြီးရဲ့ဇနီးဖြစ်သူက ရှေးရိုးစွဲပြီး သူ့ကိုကြည်ပုံမရပေမယ့် ခေါင်းမာမာနဲ့ရှေ့ဆက်တိုးရင်းကနေ အိမ်ကြီးရဲ့ဘယ်တုန်းကမှမဖွင့်ခဲ့ဖူးဘူးဆိုတဲ့ လျှို့ဝှက်အခန်းတစ်ခုကိုသွားဖွင့်ကြည့်ရာကနေ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေစတင် လာခဲ့ပါတော့တယ်။ဒီအိမ်ကြီးရဲ့မူလပိုင်ရှင်တွေဟာ ဘဏ်လုပ်ငန်းရှင်သူဌေးတွေဖြစ်ပြီး သူတို့အိမ်က အစေခံလင်မယားဟာ စုန်းအတတ်ကို သူတို့သားသမီးတွေကိုသင်ကြားပေးနေ တာကိုမိခဲ့တဲ့အတွက် လင်မယားနှစ်ယောက်လုံးကို မီးရှို့သတ်ပစ်ခဲ့တယ်လို့ သူသိ ရပါတယ်။ အဲ့ဒီလင်မယားနှစ်ယောက်ရဲ့တစ္ဆေဟာ ဒီအိမ်ထဲမှာ မင်းမူခြောက်လှန့် နေဆဲဖြစ်တဲ့အတွက် အိမ်ထဲမှာ မှန်တွေတစ်ချပ်မှမထားရဲဘူးလို့ အဘွားကြီးက ပြောပြခဲ့ပေမယ့် သူတစ်ဇွတ်ထိုးဆက်လက်စုံစမ်းခဲ့ချိန်မှာတော့ ပိုမိုကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တွေက သူ့ကိုစောင့်ကြိုနေပါတော့တယ်။Rom/com နဲ့ Drama တွေအရိုက်များတဲ့ မင်းသမီး Kate Hudson ရဲ့ရှားရှားပါးပါး Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jumpe scare တွေအသံနဲ့ခြောက်လှန့် တာတွေထက် ဇာတ်လမ်းဇာတ်အိမ်နဲ့လှည့်ကွက်တွေကိုအသားပေးထားတဲ့၊ အစကနေ အဆုံးထိ ထိုင်ရာမထချင်လောက်အောင် ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.42 GB) / (573 MB) Quality............BLU-RAY ...
movie
The Skeleton Key (2015)
2005
8
The Holdovers (2023)
The Holdovers (2023)~ IMDb - 8/10, RT - 96%, Meta - 82% ~တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It's a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို... နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ...
movie
The Holdovers (2023)
2023
8.0
Little Women (2019)
unicodeဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီးရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee ...
movie
Little Women (2019)
5.6
R.I.P.D. (2013)
R.I.P.D. (2013)_____IMDb - 5.6/10 ဒီကားကတော့ ၁၉ ၉ ဝ ကျော်ကထွက်ရှိခဲ့တဲ့ Man In Black နဲ့ပုံစံတူတဲ့ကားဖြစ်ပါတယ်... Deadpool မင်းသားဖြစ်တဲ့ Ryan Reynolds ကရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့လက်တွဲဖော်လုပ်ကြံမှု့ကြောင့် စစ်ဆင်ရေးတစ်ခုမှာသေဆုံးသွားခဲ့ပါတယ်... သူသေဆုံးသွားတဲ့အချိန်မှာ သူ့ကို R.I.P.D လို့ခေါ်တဲ့ Rest In Peace Department ကနေ သူ့ကို အမှု့လိုက်ဖို့အတွက်ပြန်လည်ဆင့်ခေါ်လိုက်ပါတယ်... R.I.P.D ရဲ့အမှု့တွေကတော့ ငရဲပြည်ကနေလွတ်လာတဲ့ လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးနှိမ်နင်းရတာပဲဖြစ်ပါတယ်... ဒီလိုလိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့ အကောင်တွေ ကမ္ဘာမြေပြင်ကို ကျလာမှာကို နောက်ဆုံးမှာတော့ တားဆီးရပါတော့တယ်.... သူတို့ဟာ တကယ့်လူ့ဘဝထဲကိုဝင်တဲ့ အခါ လက်ရှိရုပ်သွင်ပြင်နဲ့ဝင်ရတာမဟုတ်ပဲနဲ့ သူတို့ရဲ့ ID Card မှာပါတဲ့ ရုပ်နဲ့ဝင်ရပါတယ်... ဒါကြောင့် သူများတွေအမြင်မှာတော့ သူတို့ဟာ တခြားပုံဖြစ်နေတတ်ပါတယ်.. အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အိမ်မှာနေရင်းပိတ်ရက်မှာအပျင်းဖြေဖို့အတွက် သင့်တော်တဲ့ကားဖြစ်ပါတယ်... File Size : (760 MB) Quality : BluRay 720p Running Time : 1hr 36min Format : Mp4 Genre : Action,Adventure,Comedy Encoded by Moe ...
movie
R.I.P.D. (2013)
2013