Channel Myanmar

David Gere

War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
Secrets at the Museum (2023)
Secrets at the Museum (2023)  Secrets at the Museum ဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mystery & thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်နာတာလီဟာ သူမရဲ့ဖခင်ဖြစ်သူ Robert နဲ့ ဝေးကွာနေတဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိသားစုဟာ ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ Freeman ပြတိုက်ကို ပိုင်ဆိုင်ထား‌ပေမယ့်လည်း သူမရဲ့ဘဝကို သူမရဲ့ ချစ်သူဖြစ်သူ ပန်းချီဆရာ Alex အပါအဝင် လူတိုင်းကို လျှို့ဝှက်ထားဖို့အတွက် သူမရဲ့ ကွယ်လွန်သူ မိခင်ရဲ့ အမည်ကိုပဲ အသုံးပြုခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။Natalie ရဲ့ဖခင်သေဆုံးသွားတဲ့အခါမှာတော့ သူမဖခင်ရဲ့လက်ထောက်ဖြစ်သူ Derek ရဲ့အကူအညီနဲ့ သူမဟာ Freeman ပြတိုက်ကို ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ တစ်စုံတစ်ယောက်က မူရင်းပန်းချီကားတွေကို ခိုးယူပြီး အတုတွေနဲ့ အစားထိုးနေတာကို နာတာလီကသိရှိလာခဲ့ပါတယ်။ အဲ့တာအပြင် သူမအဖေရဲ့ အချိန်မတိုင်မှီသေဆုံးမှုကို သံသယဝင်ရင်း အမှန်တရားကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။အမှန်တရားကို ...
movie

Secrets at the Museum (2023)

Johnny & Clyde (2023)
Johnny & Clyde (2023) Johnny & Clyde (2023)ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလို Megan Fox လည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။အဲဒီကာစီနိုကို ဦးစီးတဲ့လူက ...
movie

Johnny & Clyde (2023)

2023
Rocky Balboa(2006) 7.1
Rocky Balboa(2006)  လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p ...
movie

Rocky Balboa(2006)

Junkyard Dogs (2022) 5.4
Junkyard Dogs (2022) Junkyard Dogs (2022) ================Dog person တို့ အကြိုက်တွေ့စေမယ့် ပါပီလေးတို့ဇာတ်လမ်းလေး လာပါပြီ။ဟူဒီနီ ဆိုတဲ့ ခြံစောင့်ခွေးလေးက ပိတ်ထားတဲ့တံခါးတွေ မှန်သမျှကို ရအောင်ဖွင့်တတ်တဲ့ ဆူဘီဗန်အိမ်က ဆရာကြီးတစ်ကောင်ပေါ့။ သူ့မိတ်ဆွေတွေကတော့ အိုင်းစတိုင်း လို့ခေါ်တဲ့ ဉာဏ်ပြေးပြီး အနံ့ခံ ကောင်းတဲ့ ခွေးမလေးတစ်ကောင်ရယ်၊ ဂျက်ပေါ့ လို့ခေါ်တဲ့ အကောင် ကြီးကြီး ခွေးတစ်ကောင်ရယ်ပါ။ ပျော်စရာလိန်းရပ်ကွက်လေးကို စောင့်ရှောက်နေကြတဲ့ ခွေးလေးတွေ ဖြစ်ပြီး၊ သူတို့ ရပ်ကွက်ကို သိပ်ချစ်ကြတဲ့ကောင်လေးတွေဖြစ်ပါတယ်။တစ်နေ့မှာ ထောင်ကထွက်လာတဲ့ ဂျင်မီ နဲ့ ခရက်ရှာတို့နှစ်ယောက် စာပို့ သမား အယောင်ဆောင်ပြီး ဟူဒီနီတို့ ရပ်ကွက်ကို ဓားပြတိုက်ဖို့ ကြံစည် လာကြတယ်။ ဒါတွေကို မထင်မှတ်ဘဲ သိသွားတဲ့ ဟူဒီနီက သူ့သခင်ဖြစ်တဲ့ မိုနီကာကို သတိပေးပေမယ့် မိုနီကာက မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေပြီး သတိ မထားမိခဲ့ပါဘူး။ ဟူးမန်းမကို ပြောမရတဲ့အခါမှာ ရပ်ကွက်ကို ကယ်တင်ဖို့ ဟူဒီနီတို့ အုပ်စု ဉာဏ်နီဉာဏ်နက်တွေ ထုတ်ကြပါတော့တယ်။ထောင်ထွက်လူဆိုးတွေနဲ့ ဂျလည်ခွေးတစ်သိုက် ဉာဏ်ချင်းပြိုင်သုံးရတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဟူးမန်းတွေ အနိုင်ရမလား အာဝုတို့ အနိုင်ရမလား စောင့်ကြည့်ရမယ့် ...
movie

Junkyard Dogs (2022)

2022
Burial Ground Massacre(2021) 7.8
Burial Ground Massacre(2021) မှော်ပညာကိုယုံကြည်တဲ့ အင်ဒီးယန်းမြေပေါ်မှာ အခြေချနေထိုင်ကြတဲ့အခါ အရာရာကသတိထားစရာပါ။တစ်ခုခုမဆင်ခြင်မိတာနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်က မတွေးဝံ့စရာပါပဲ။ အဲ့ဒီလိုမှော်ပညာနဲ့ ကျိန်စာတိုက်ထားတဲ့လက်စွပ်လေးက လာဆန်တို့မိသားစုရဲ့စံအိမ်ထဲမှာ ရှိနေပါတယ်။“အိပ်ရာဝင်ပုံပြင်ကို ယုံကြည်ရင် ကျိန်စာတွေကိုလည်း ယုံကြည်ရမယ်တဲ့....”ကျိန်စာသင့်လက်စွပ်ကိုမှအသက်ပြန်သွင်းဖို့ လိုချင်နေတဲ့ လူတစ်စုကလည်း ရှိနေပါသေးတယ်။လာဆန်တို့မိသားစုက မျိုးနွယ်စုခေါင်းဆောင် ကြိုးပေးခံခဲ့ရတဲ့မြေပေါ်မှာ နေထိုင်ခဲ့တာ တော်တော်ကြာပါပြီ။အိမ်မှာ မိဘတွေမရှိတုန်း ချေ့စ်လာဆန်တစ်ယောက် သူငယ်ချင်းတွေခေါ်ပြီး ပါတီပေးရင်းနဲ့ လုံးဝတားမြစ်ထားတဲ့သူ့အဖေရဲ့စာဖတ်ခန်းကို လူငယ်သဘာဝ ရအောင်ဝင်ကြည့်ပြီး ကျိန်စာသင့်လက်စွပ် ကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။လက်စွပ်ကလည်း အစွမ်းတွေပြ၊ လက်စွပ်ကိုလာယူတဲ့သူကလည်း တစ်ဖြေးဖြေးချင်း လာဆန်တို့ရဲ့စံအိမ်ကို ချဉ်းကပ်လာတဲ့အခါ....လက်စွပ်ရဲ့ကျိန်စာတွေနဲ့ လက်စွပ်ကိုလိုချင်တဲ့လူသတ်သမားရဲ့လက်ထဲကနေ လာဆန်တို့သူငယ်ချင်းတစ်စုဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်စွပ်ရဲ့သမိုင်းကြောင်းကရော ဘာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်တော့နော်...  File size…1.6GB / 801MB / 491MB Quality…1080p WebRip / 720p / 480p Format…Mp4 Duration….1h 40min Subtitle….Myanmar subtilte (Hard Sub) Encoder….YK Translated by JoJoVa and HAW
movie

Burial Ground Massacre(2021)

2021
Revolutionary Road (2008) 7.3
Revolutionary Road (2008) Revolutionary Road (2008)IMDb - 7.3/10_____Rotten - 67%   Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်...ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။-------------------------------------------Revolutionary Road အား ဆင့်ပွားခံစားခြင်း==============================ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး ...
movie

Revolutionary Road (2008)

2008