Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Chandler
5.9
Hide and Seek (2005)
ဒီဇာတ်လမ်းကတော့ မိန်းမဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးတဲ့နောက်မှာ David တစ်ယောက် သူ့သမီးလေး Emily နဲ့ New York မြို့ကနေ စိတ်အပန်းဖြေဖို့ နယ်ဘက်ကို ရွှေ့ပြောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးလေး Emily မှာ Charlie လို့ခေါ်တဲ့ စိတ်ကူးယဥ်သူငယ်ချင်းတစ်ယောက် ပေါ်လာချိန်မှာတော့ ဖြေရှင်းလို့မရတဲ့ အဆန်းတကြယ်အဖြစ်အပျက်တွေ ပေါ်လာပါတော့တယ်။Charlie ဆိုတဲ့ စိတ်ကူးယဥ်သူငယ်ချင်းက Emily ရဲ့ စိတ်ရောဂါသက်သက်လား တကယ်ရှိနေတာလား၊ အံ့ဩစရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က Emily ကြောင့်ပဲလားဆိုတာကို ဇာတ်အိမ်လှည့်ကွက်တွေမျိုးစုံနဲ့ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာကြည့်ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie
Hide and Seek (2005)
6.0
Paper Heart (2009)
Paper Heart (2009) ============== IMDb Rating - 6.0/10" အချစ် " စကားလေး ၂လုံးတည်းနဲ့ တော်တော်ရှုပ်ထွေးတဲ့အရာပါ။ အချစ်ဆိုတာဘာလဲ၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားရင်ကော ဘယ် လိုသိနိုင်မလဲ၊ အစရှိတဲ့မေးခွန်းတွေအတွက် တိကျရေရာတဲ့ အဖြေ မရှိပါဘူး လူအမျိုးမျိုး အဓိပ္ပာယ်အဖုံဖုံပေါ့။ အချစ်ကြောင့်ပဲ လူတွေ ပျော်ရွှင်ကြည်နူးဝမ်းသာကြရသလို၊ အချစ်ကြောင့်ပဲ လူတွေ ဝမ်းနည်း ပူဆွေးကြေကွဲ ကြရပြန်ပါတယ်။ ဒါပေမဲ့ လူတိုင်းအချစ်နဲ့မကင်းနိုင် သေးပါဘူး။ အဲဒီအထဲမှာမှ ရှာလင်းရီလို့ခေါ်တဲ့ ကောင်မလေးတစ် ယောက်တော့ပါမနေခဲ့ပါဘူး။သူမက အချစ်ကိုလည်းမယုံသလို၊ တစ်စုံ တစ်ယောက်ကိုချစ်မိဖို့ကိုလည်း ခက်ခဲနေတဲ့သူပါ။ ဒီလိုနဲ့ " Paper Heart " လို့ခေါ်တဲ့ ဇာတ်ကားလေးဖြစ်တည်လာပါတော့တယ်။ဒီကားထဲမှာတော့ရှာလင်းရီတစ်ယောက် US ကိုပတ်ရင်း အချစ်ကို ယုံကြည်လာဖို့အတွက် လူအများစုဆီက အဖြစ်အပျက်တွေ၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက် ခံယူချက်တွေကို လိုက်လံမေးမြန်းရင်း သူ့ရဲ့ အချစ်ပေါ်ထားရှိတဲ့ အမြင်ကိုပြောင်းလဲဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ ရှာလီးရီတစ်ယောက် အဆုံးသတ်မှာ အချစ်ကိုယုံကြည်သွားမလား၊ သူကိုယ်တိုင်ကရော ချစ်ရသူတစ်ယောက်ကို တွေ့ရှိသွားမလားဆိုတာ ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File ...
movie
Paper Heart (2009)
2009