Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Calder
7.5
Perfume: The Story of a Murderer (2006)
Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ ...
movie
Perfume: The Story of a Murderer (2006)
8.1
Rush (2013)
Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie လေးကို recommend ပေးပါရစေ။ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ်ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။သူတို့ကပြိုင်ဘက်တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။Nikiကတော့ ပုံရိုးပြီး ...
movie
Rush (2013)
5.7
Queen of the Desert (2015)
Queen of Desert (2015)ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ...
movie
Queen of the Desert (2015)
2015
7.4
Superman I (1978)
Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie
Superman I (1978)
1978
5.2
The Mummy: Tomb of the Dragon Emperor (2008)
ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie
The Mummy: Tomb of the Dragon Emperor (2008)
2008
5.8
The Trick (2021)
၂၀၀၉ ခုနှစ်မှာ East Anglia တက္ကသိုလ်က Climate Research Unit(CRU)ရဲ့ဆာဗာအဖောက်ခံရပြီး ဝန်ထမ်းတွေရဲ့အီးမေးလ်တွေပေါက်ကြားလာခဲ့ပါတယ်။Climategateလို့ ခေါ်ကြတဲ့ အဆိုပါဖြစ်စဉ်ရဲ့နောက်ဆက်တွဲကိုခံလိုက်ရတဲ့လူကတော့ CRUရဲ့ဒါရိုက်တာ Climatologist ဖြစ်တဲ့ Phillips Jonesပဲဖြစ်ပါတယ်။လူအားလုံးကသူ့ကိုဝေဖန်တိုက်ခိုက်လာကြပြီး သူ့ရဲ့ဘဝတစ်ခုလုံးရောသိပ္ပံပညာရပ်နယ်ပယ်ပါ အန္တရာယ်ရှိလာခဲ့ပါတယ်။ဒီလိုအခြေအနေကို Phillips တစ်ယောက် ဘယ်လိုဖြတ်ကျော်မှာလဲ........Based on True story ဇာတ်လမ်းဖြစ်ပြီး လေ့လာမှတ်သားစရာတွေများကာနေပူလိုက်မိုးရွာလိုက်နဲ့ပြောင်းလဲနေတဲ့ရာသီဉတုအပေါ်မှာ ပိုပြီးသတိပြုလာစေမယ့် စိတ်ဝင်စားစရာကောင်းတဲံ့ ဇာတ်ကားတစ်ကားပါ။ File Size : (1.7 GB) & (900 Mb) Quality : Webrip 1080p & 720p 5.1 CH Running Time : 1:29:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub)| Genre : Thriller Translated by Chit Tee Encoded by Mr.Anderson
movie
The Trick (2021)
6.4
[James Bond] The World Is Not Enough (1999)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ တတိယမြောက်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားရဲ့ Bond Girl နှစ်ယောက်ဖြစ်တဲ့ Sophie Marceau နဲ့ Denise Richards နှစ်ယောက်လုံးကတော့အရွယ်ကောင်းနဲ့ကွက်တိပါပဲ...တော်တော်လေးဆွဲဆောင်မှုရှိပါတယ်..။IMDb Rating (6.4/10) ရရှိထားပါတယ်…။ File size…(2.8 GB) and (1.5 GB) Quality….BluRay 1080p and 720p (HEVC ...
movie
[James Bond] The World Is Not Enough (1999)
HEVC 1080p 5.1
6.6
The Lost City of Z (2017)
The Lost City of Z (2017) IMDb - 6.6/10____Rotten - 86% လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း 6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်) File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie
The Lost City of Z (2017)
2017