Channel Myanmar

David Bateson

Breaking the Waves (1996) 7.8
Breaking the Waves (1996)  ဒီဇာတ်လမ်းလေးကတော့ မိုးအေးအေးလေးနဲ့ အေးဆေးကြည့်လို့ကောင်းမဲ့ သည်းထိတ်ရင်ဖိုလူသတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိခင်ကွယ်လွန်ထားတာမကြာသေးတဲ့ဂျက်စီကာဆိုတဲ့ကောင်မလေးတစ်ယောက် သူ့မိခင်သေဆုံးရလို့ ဖြည်မဆည်နိုင်ဖြစ်နေပါတယ် အဲဒီကြားထဲ သူအမေချန်ခဲ့တဲ့သေတမ်းစာအရ သူငယ်ငာ်လေးထဲကအဆက်အသွယ်မရှိတာကြာပြီဖြစ်တဲ့ သူ့အဒေါ်တို့လင်မယားဆီကိုလည်းအမွေခွဲပေးဖို့ပါလာပါတယ်ဖြစ်ချင်တော့ ကိုယ်ပိုင်လယ်လေးနဲ့အေးအေးချမ်းချမ်းနေနေတဲ့ အဲဒီအဒေါ်ဖြစ်သူတို့စုံတွကိုဘယ်လိုဆက်သွယ်ဆက်သွယ်မရဖြစ်နေပါတယ် အဲဒီလိုနဲ့ သူ့အဒေါ်ဆီကိုခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ် အဲဒီလိုနဲ့ပဲ သူနဲ့‌သူ့ကောင်လေးတို့ ရုပ်တောင်သေချာတောင်မမှတ်မိတော့တဲ့သူ့အဒေါ်ဆီ ခရီးထွက်လာကြပါတော့တယ်သူ့အဒေါ်တို့အိမ်မှာကတော့ သူ့အဒေါ်တို့စုံတွဲကိုtတ်ပြီး အိမ်မှာပုန်းခိုနေထိုင်နေတဲ့လူသတ်သမားအတွဲရှိနေပါတယ် သူတို့လာနေတယ်ဆိုတာကိုအကြောင်းသိပြီးတော့ သူ့အဒေါ်တို့လို့ဟန်ဆောင်ပြီးငွေတွေကိုရအောင်ယူဖို့ကြံပါတော့တယ် ဒီလိုနဲ့ ဂျက်စီကာတို့စုံတွ လူသတ်သမားတွေနဲ့ထိပ်တိုက်တိုးဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ရင်ခုန်စွာ‌နဲ့ကြည့်ရမဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် File size…(3.1 GB)/(1.9 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:39:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie

Breaking the Waves (1996)

A Taste of Hunger (2021) 6.3
A Taste of Hunger (2021)  လူရယ်ဆိုပြီး ဖြစ်လာကတည်းက ဘ၀ကိုရုန်းကန်လှုပ်ရှားမှုတွေနဲ့ဖြတ်သန်းရမှာဧကန်မုချပါပဲ။ငယ်ရွယ်စဉ်မှာ ကျောင်းတက်ဖို့စာကျက်ဖို့ရုန်းကန်ရသလို အသက်ကြီးလာလို့လုပ်ငန်းခွင်ဝင်ရတဲ့အချိန်မှာလည်းကိုယ့်ဝမ်းရေးတစ်ထွာကို ဖြည့်ဖို့အတွက်ရုန်းကန်ရပါတယ်။သားသမီးတွေမိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာလည်း တစ်ကိုယ်တည်းသမားဘ၀ထက်နှစ်ဆသုံးဆပိုမို ရုန်းကန်ကြရပါတယ်။ဒီလိုရုန်းကန်ရင်းနဲ့မှဘ၀မှာ အရေးကြီးတဲ့အရာတွေကိုတော့ မမေ့သွားဖို့လိုအပ်ပါမယ်။အရေးအကြီးဆုံးကတော့ ကိုယ့်ကိုချစ်တဲ့ ကိုယ့်မိသားစုကိုမမေ့သွားဖို့ပါပဲ။အခုတင်ဆက်ပေးမဲ့ IMDb Rating 6.3 ရရှိထားတဲ့ A Taste Of Hunger ဆိုတဲ့ဇာတ်ကားထဲမှာလည်း အထက်ပါပြောသွားတဲ့အကြောင်းအရာတွေကိုပညာပေး အဖြစ်ကွက်ကွက်ကွင်းကွင်းမြင်အောင်တင်ဆက်ရိုက်ကူး ပေးထားတာပဲဖြစ်ပါတယ်။ကာစတန်ဆိုတဲ့ လူတစ်ယောက်ကအချက်အပြုတ်ကိုအရမ်းဝါသနာပါပြီး သူ့အစ်ကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ပွဲတစ်ပွဲမှာတည်ခင်းဧည့်ခံရင်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီး စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ မက်ဂီဆိုတဲ့ကောင်မလေးတစ်ယောက်က သူရှိရာမီးဖိုချောင်ကိုဆင်းလာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့တွေစကားပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးပေးတဲ့ Motivation နဲ့တစ်ချိန်ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ပြီး စားသောက်ဆိုင်တွေကြားမှာ အရမ်းအရေးကြီးတဲ့ Rating စနစ်တစ်ခုဖြစ်တဲ့ မစ်ချယ်လင်ကြယ်ပွင့်တစ်ပွင့်ရအောင်ကြိုးစားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်။တစ်ယောက်တည်းကြိုးစားဖို့မလွယ်ကူတဲ့ ဒီခရီးရှည်ကြီးမှာဘ၀လက်တွဲဖော်အဖြစ်မက်ဂီ့ကိုရွေးချယ်ခဲ့ပြီး သူလိုချင်တဲ့မစ်ချယ်လင်ကြယ်တစ်ပွင့်ရဖို့ခရီးကို လျှောက်လှမ်းနေရင်းအရေးကြီးဆုံးမိသားစုကို မေ့လျော့သွားတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... File size…1.50 GB / 696MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ...
movie

A Taste of Hunger (2021)