Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dave Grohl
The Muppets (2011)
မားပက်ထ်ဆိုတာက ငယ်ငယ်ကကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေးတစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ...
movie
The Muppets (2011)
6.8
Tenacious D in The Pick of Destiny (2006)
Tenacious D In the Pick of Destiny (2006) Genre - Comedy, Adventure, Music IMDB - 6.8/10မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကိုပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲSchool of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်ကတကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်းဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါနောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲနောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် ...
movie
Tenacious D in The Pick of Destiny (2006)
5.8
Studio 666 (2022)
Studio 666 (2022) အညွှန်းIMDb 5.9/10==============================ဒီတစ်ခါ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှ ရင်တဖိုဖိုနဲ့ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်တွေအတွက်2022 မှာမှ အသစ်ထွက်ထားတဲ့ Musical thriller/horror အမျိုးအစား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးက ကြောက်စရာကောင်းသလောက် သွေးထွက်သံယိုအခန်းတွေ၊ အော်ကလီဆန်စရာအခန်းတွေ ပါဝင်တာမို့လို့ရွံတတ်သူများ ကြောက်တတ်လန့်တတ်သူများ မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ။ဇာတ်လမ်းအကျဥ်းလေးကတော့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့က သူတို့ရဲ့ ဆယ်နှစ်ပြည့် သီချင်းခွေထုတ်ဖို့ စီစဥ်နေကြပါတယ်။သူတို့လိုအပ်နေတာက အသံတိတ်ဆိတ်ပြီး သီချင်းသွင်းလို့ကောင်းမယ့် အိမ်တစ်အိမ်ပါပဲ။ဒီအိမ်ကို လိုက်ရှာကြတဲ့အခါ ရှေးဟောင်းအိမ်ကြီး တစ်အိမ်ကို ရောက်ပြီး အဖွဲ့ခေါင်းဆောင်က အိမ်ကြီးကို ရွေးလိုက်ပါတယ်။အဖွဲ့သားတွေကတော့ ဒီအိမ်ကြီးကို မသိုးမသန့်ဖြစ်ပြီး စိတ်အလိုမကျပေမယ့် သီချင်းသွင်းဖို့ အဆင်ပြေတဲ့အတွက် သဘောတူလိုက်ကြပါတယ်။ဒါပေမဲ့ ကြမ္မာဆိုးက ဝင်ချင်တော့ တစ်ရက်ပြီး တစ်ရက် နိမိတ်ဆိုးတွေ ဖြစ်ရပ်ဆိုးတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ဒါ့အပြင် သူတို့ရဲ့ တီးဝိုင်းခေါင်းဆောင်ကလည်း တစ်မျိုးတမည် ပြောင်းလဲလာပါတော့တယ်။သူတို့စိတ်ကပဲထင်နေတာလား.... ဒီအိမ်ကြီးရဲ့ ညှို့ငင်မှုကြောင့်လား....သူတို့တီးနေတဲ့ သီချင်းခွေကရော ဘယ်လိုသံစဥ်တွေဖြစ်လာမလဲဆိုတာ..... စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ညဖက်တစ်ယောက်တည်း စောင်ခြုံပြီး ကြည့်သင့်တဲ့ ကြည့်ရင်းတန်းလန်း အိမ်သာမသွားသင့်တဲ့ ဇာတ်လမ်းလေးဖြစ်လို့ မလွတ်တမ်းအားပေးကြပါဦးခင်ဗျာ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။Genre..... Comedy, ...
movie
Studio 666 (2022)
2022
6.8
Bill & Ted Face the Music 2020
Bill and Ted: Face the Music (2020) IMDb 6.8/10 1989 တုန်းက Bill and Ted's Excellent Adventure အမည်နဲ့ ပထမဆုံး ထွက်ရှိခဲ့ပြီး 1991 မှာ Bill and Ted's Bogus Journey အမည်နဲ့ ဒုတိယအကြိမ် ထွက်ရှိခဲ့ပြီး အခု 2020 August 28 မှာ Bill and Ted: Face the Music ဆိုပြီး sequel ထပ်ပြီး ထွက်ရှိလာခဲ့ပါပြီ comedy science-fiction ဖြစ်ပြီး critics တွေရဲ့ positive review တွေလည်း ရရှိထားပါတယ်။ ဒီ sequel မှာတော့ Bill နဲ့ Ted တို့ဟာ ...
movie
Bill & Ted Face the Music 2020