Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Darling Krishna
Mr. Bachelor (2023)
Mr.Bachelor (2023) "၃၁ယောက်မြောက် သတို့သမီး"ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.3GB / 1.14GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mr. Bachelor (2023)
2023
5.3
Love Birds (2023)
Love Birds (2023)"အချစ်ငှက်ကလေးတွေ" =================================မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင် တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Love Birds (2023)
2023
9.5
Sugar Factory (2023)
Sugar Factory (2023) "ဟန်ဆောင်အချစ်ဇာတ်လမ်း" IMDb - 9.5/10Sugar Factoryဆိုတဲ့ ကန်နာဒါစကားပြော အိန္ဒိယအချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးချော ဆိုနာမွန်တယ်ရီယိုနဲ့ မင်းသားဒါလင်ခရစ်ရှ်နာတို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။"Single is the best"လို့ တစာစာကြွေးကြော်ရင်း အချစ်ရေး အိမ်ထောင်ရေးကို တစက်ကလေးမှ စိတ်မဝင်စားကြတဲ့ အာရာနဲ့ အာဒီတီ။ အာရာက မင်္ဂလာပွဲတွေစီစဉ်ပေးတဲ့ စီစဉ်သူကြီးဖြစ်ပေမဲ့ အိမ်ထောင်ရေးကိုလုံးလုံးအယုံအကြည်မရှိသူ။ အာဒီတီဆိုတဲ့ မိန်းမပျိုလေးကလည်း ထိုနည်း၎င်း ဘာလဲ အချစ်ဆိုတာလို့ မေးခွန်းထုတ်တတ်တဲ့ ဆော့ဖ်ဝဲပညာရှင်။ဒီလို မချစ်တတ်တဲ့ယောကျ်ားနဲ့ မချစ်တတ်တဲ့မိန်းမတို့ ဆုံတွေ့ကြတာက Sugar Factoryလို့ခေါ်တဲ့ အရက်ဆိုင်မှာ။နှစ်ယောက်သား မထင်မှတ်ဘဲဆုံတဲ့အချိန်မှာ အရင်တချိန်က ဆုံခဲ့ဖူးသူတွေမို့ ခဏအတွင်းရင်းနှီးသွားကြရင် အချစ်ကိုမယုံကြည်ကြောင်း ဒဿနတွေပွင့်အံကြတာပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင်မူးပြီးတဲ့နောက်မှာတော့ အကြောင်းကြောင်းကြောင့် ချစ်သူတွေအဖြစ်ဟန်ဆောင်ရဖို့ဖြစ်လာပါတော့တယ်။အချစ်ကိုအယုံအကြည်မရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ဟန်ဆောင်အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.8GB / ...
movie
Sugar Factory (2023)
2023
8.0
Kousalya Supraja Rama (2023)
Kousalya Supraja Rama(2023)IMDb-8.1/10Budget ၆ ကုဋေပဲ အသုံးပြုပြီး ၁၅ ကုဋေပြန်ရအောင်ရှာနိုင်ခဲ့တဲ့ ကန်နားဒါးဇာတ်ကားကောင်းလေးပါ ဒီကားထဲက ရမ်နဲ့ မူတူးလက်ခ်ျမီးနေရာမှာ သရုပ်ဆောင်တဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ကလည်း ဇာတ်ကားတော်တော်များများတွဲဖက်သရုပ်ဆောင်ဖူးကြတော့သူတို့ရဲ့ဇာတ်ရုပ်ကလည်း ဒီထဲမှာလိုက်ဖက်ညီညီရှိနေမှာပါဇာတ်လမ်းအညွှန်းယောက်ျားဆိုတာ ယောက်ျားမာနရှိရတယ် မိန်းမတွေကို လွှမ်းမိုးရမယ် မိန်းမတွေရဲ့အကူအညီကိုယူနေရတယ်ဆိုရင် ယောက်ျားမပီသတာပဲ ဒီလိုအဆိပ်အတောက်ဆန်တဲ့ ယောက်ျားဝါဒီတွေဆက်တိုက်ရိုက်သွင်းခံခဲ့ရတဲ့ ရမ်တစ်ယောက် ဘယ်မိန်းမကိုမှ အရေးမလုပ်မာနခဲ အဲဒီမာနခဲကိုမှကြွေနေကြတဲ့ ကျောင်းသူတွေကလည်းအများသား၊ သူကတော့ တစ်ယောက်ကိုမှအရေးမလုပ်ခဲ့ ၊ အဲဒီချိန်မှာကောင်မလေးတစ်ယောက် အနားရောက်လာခဲ့တယ်အဲဒီကောင်မလေးကပဲ သူ့ယောက်ျားမာနကို ရိုက်ချိုးခဲ့မိသလို အဲဒီကောင်မလေးကိုပဲ သူချစ်မိသွားခဲ့တယ် ငါတို့ယောက်ျားဆိုတာ....ဆိုပြီး အမြဲမာန်တက်နေတဲ့ ဆန်တူတစ်ယောက် အချစ်နဲ့တွေ့တဲ့အချိန်မှာ ပြောင်းလဲသွားမလား သူ့အတ္တမာနတွေပဲဆက်ပြီးလွှမ်းမိုးနေမလား တစ်ယူသန်နဲ့ အရောင်စုံ လောကပတ်ဝန်းကျင်ကြားယှဉ်ပြိုင်မှုကို ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…2.12GB / 1.2GB Quality…1080p WEB DL /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kousalya Supraja Rama (2023)
2023
9.1
Love Mocktail 2 (2022)
Love Mocktail 2 (2022)IMDb 9.2/10ဘဝမှာအချစ်ရဆုံးလူတွေနဲ့ကွေကွင်းခဲ့ရတဲ့လူတွေရှိကြမယ်ထင်ပါတယ်ဒါက ဘုရားသခင်ရဲ့ကစားပွဲလား ဘဝရဲ့သင်ခန်းစာလား အချစ်စစ် နဲ့ဆုံတွေ့ခဲ့ရပေမယ့်ထင်မထားတဲ့ဘဝရဲ့အဆစ်အပြောင်းကြောင့်အချစ်ရဆုံးလူကိုဆုံးရှုံးခဲ့ရတဲ့ အာဒီတစ်ယောက် လောကဓံရိုက်ချက်တွေကြားမှာအလူးအလဲခံစားနေရပါတယ် ဒါပေမယ့်တစ်နေ့မှာ ချစ်ရတဲ့နစ်ဒီ့ရဲ့ဝိဉာဉ်နဲ့မထင်မှတ်ဘဲ စကားပြောနိုင်လာပြီး ဘဝကိုတစ်ဖန်ပြန်စလာနိုင်ခဲ့ပါတယ်နစ်ဒီက အာဒီတစ်ယောက်ခံစားနေရတာ မကြည့်ရက်လို့သာ ခေတ္တပြန်လာခဲ့ရပေမယ့်သူ့မှာလည်းအချိန်ကအများကြီးမရှိနေတော့ အာဒီရှေ့ လျှောက်ပျော်ဖို့အရေးနစ်ဒီဘာတွေလုပ်မလဲ နစ်ဒီ့ဝိဉာဉ်ကလွဲရင်ဘယ်သူ့ကိုမှမျက်လုံးထဲမမြင်တဲ့အာဒီကရောဘာတွေဆက်ဖြစ်သွားမလဲ ဇာတ်လမ်းကိုအဓိက support ပေးတဲ့လွမ်းမောဖွယ်သီချင်းတွေဟာဆိုရင်လည်း အဆွေး mood ဝင်နေတဲ့ကြည့်ရှုသူတွေအတွက်တော့လုံးဝအကြိုက်တွေ့စေမှာမို့လွမ်းမောကြည့်ရှုနိုင်ရန် တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်) File size…2.1GB / 1GB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Sutbtitle (hard sub) Encoder….YK Translated by Yunni & Haruko & Poe & Yate
movie
Love Mocktail 2 (2022)
2022