Channel Myanmar

Darlanne Fluegel

Lock Up (1989) 6.4
Lock Up (1989)  မကြာခင် အကျဉ်းထောင်ကနေ လွတ်မြောက်တော့မဲ့ အကျဥ်းသားလီယွန်နေးဖရန့်ခ်ဟာ ရုတ်တရက်ကြီး စည်းကမ်းအရမ်းတင်းကြပ်တဲ့ ဝါးတားဂိတ်အကျဉ်းထောင်ကို အတင်းအဓမ္မခေါ်ဆောင်ခံရပါတယ်။ဒီလို ခေါ်ဆောင်တာက တရားဝင်အမိန့်ကြောင့်မဟုတ်ဘဲ ထောင်မှူးဒရမ်ဂူးလ်ရဲ့ ရန်ငြိုးကြောင့်ဆိုတာ သိပြီးတဲ့နောက် နေ့ရက်တိုင်း နည်းမျိုးစုံနဲ့ ညှဉ်းဆဲခံရပါတော့တယ်။ ဒရမ်ဂူးလ်က ဘယ်လိုရန်ငြိုးကြောင့် ဒါမျိုးလုပ်ရလဲ၊ ဖရန့်ခ် ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဖရန့်ခ်အဖြစ် မင်းသားကြီးစတားလုန်းပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Lock Up (1989)

Once Upon a Time in America (1984) 8.4
Once Upon a Time in America (1984)  Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအ‌ကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်‌တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie

Once Upon a Time in America (1984)