Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Danny Wattley
6.2
Carrot Cake Murder: A Hannah Swensen Mystery (2023)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်...စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်....ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ....မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်....ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာတော့ စတိုင်နာအဆောက်အဦးရှိပါတယ်...စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်....နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်...ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်....ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်.... ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie
Carrot Cake Murder: A Hannah Swensen Mystery (2023)
7.6
Three Wise Men and a Baby (2022)
Three Wise Men and a Baby (2022) ========================== IMDb Rating - 7.6/10ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie
Three Wise Men and a Baby (2022)
2023
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
6.2
Cut, Color, Murder (2022)
Cut, Color, Murder (2022)အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie
Cut, Color, Murder (2022)
2022
6.5
Honor Society (2022)
Honor Society (2022) ================ IMDb Rating - 6.5/10လူကြီးတွေရော ကလေးတွေပါ ကြည့်လို့ရတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ 2022 က ထွက်ရှိထားပြီး ကြည့်ရှုနှုန်း rating တွေ မြင့်ခဲ့တဲ့ ဒါရိုက်တာ Oran Zagman ရဲ့ masterpiece လေးဖြစ်ပြီး Angourie Rice,Gaten Matarazzo(stranger things ထဲက ဒတ်စတင်) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။အော်နာ(Angourie Rice) ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မ လေးဟာ သူ့ရဲ့အောင်မြင်မှုအတွက်ဆို ဘာမဆိုလုပ်မယ့် high archeiver, စီနီယာအထက်တန်းကျောင်းသူလေးပါ။ ဘယ်သူ့ရဲ့ ဖိအားပေးမှုကြောင့်မှ မဟုတ်ဘဲ သူကိုယ်တိုင်က နေရာတိုင်းမှာ အဆင့် ၁ ဖြစ်ချင်နေတဲ့ သူပေါ့။ သူ့ရဲ့ ရည်မှန်းချက်ကတော့ အမေရိကန်ရဲ့ အကြီးမားဆုံး တက္ကသိုလ်ဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်ကို သူ့အရည်အချင်းနဲ့သူ တက်ရောက်နိုင်ဖို့ပါ။ သူ့ရဲ့ ဆွေးနွေးအတိုင်ပင်ခံ ဖြစ်တဲ့ မစ္စတာကာဗင် (Christopher Mintz-Plasse) က ဟားဗတ်တက္ကသိုလ်နဲ့ အဆက်အသွယ်ရှိပြီး ပြောရေးဆိုခွင့်ရှိတဲ့သူပေါ့။သူက အော်နာ တို့အတန်းထဲက ...
movie
Honor Society (2022)
2022