Channel Myanmar

Danny Trejo

Smile or Hug (2022) 5.6
Smile or Hug (2022) Smile or Hug (2022) ===============ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါး ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သမီးရည်း စားဆက်ဆံရေးတွေ၊ သူငယ်ချင်းဆက်ဆံရေးတွေမှာ အချိန်တွေ အကြာကြီးဖြတ်သန်းခဲ့တယ်ဆိုရင်တောင် အထင်လွဲတာ၊ နားလည် မှုလွဲတာလေးတွေ ရှိစမြဲပဲမဟုတ်လား။ သူငယ်ချင်းသံယောဇဉ်တွေ မှာလည်း တစ်ခါတလေ မတိုက်ဆိုင်တာလေးတွေကြောင့် အဖုအ ထစ်လေးတွေ၊ မကျေနပ်မှုလေးတွေစုရင်း ပြဿနာတက်တတ်ကြ တယ်လေ။ဒီလိုအခြေအနေမျိုးဆိုရင် ဘယ်လိုဖြေရှင်းတတ်ကြပါသလဲ။ ပြဿ နာကို တစ်ယောက်တည်းအထင်နဲ့ဆွဲတွေးရင် အမှုပိုကြီးတတ်တယ် နော်။ ဒီလိုအချိန်မှာ "မျက်နှာချင်းဆိုင်ဖြေရှင်း"လိုက်တာက အကောင်း ဆုံးနည်းလမ်းပါပဲ။ အမှားတွေ၊အထင်လွဲမှုတွေကို ရှောင်ပုန်းမနေဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်တာက အကောင်းဆုံးဆိုတာကို ဆန်တို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက် သင်ယူလိုက်ရပုံလေးကို ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (500 MB) / (335 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Ngwe Zin Encoder..........SWM
movie

Smile or Hug (2022)

2022
Violet & Daisy (2011) 6.0
Violet & Daisy (2011)  Violet နဲ့ Daisyဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ဟာ ကြေးစားလူသတ်သမားတွေဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ဟာ လူတစ်ယောက်ကို ရှင်းပစ်ဖို့ကြုံပါတယ်။အဲ့လူရဲ့အိမ်ကိုသွားပြီးနောက်််မှာတော့ သူတို့ရှင်းရမယ့်သူကကြင်နာတတ်တဲ့ကင်ဆာရောဂါသည်တစ်ဦးဖြစ််နေတာ တွေ့လိုက်ရပါတော့တယ်။ သူတို့ကိစ္စမပြီးပြတ်သေးခင်မှာတင် အဲ့လူကိုသတ်ပစ်ဖို့ တခြားအဖွဲ့ကပါရောက်လာတဲ့အခါမှာတော့ အခက်ကြုံရပါတော့တယ်။ ဒီရုပ်ရှင်ကားဟာ သေနတ်တွေ လူသတ်တာတွေအပြင် သူငယ်ချင်း၊မိသားစုကြားက သံယောဇဥ်တွေ သေခြင်းတရားအကြောင်းတွေကိုလက်ရာမြောက်စွာ ပုံဖော်ထားတာမို့ ကြည့်နေကျ ကြေးစားလူသတ်သမားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားတဲ့ အနှစ်သာရရှိတဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ကြပါဦးလို့တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 431MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ..... Action , Crime , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie

Violet & Daisy (2011)

Wolf Mountain (2022)
Wolf Mountain (2022) Wolf Mountain (2022)~ Rotten Tomatoes - 83% ~လွန်ခဲ့တဲ့နှစ် ၂၀ က ဇနီးမောင်နှံတစ်တွဲဟာ ဝံပုလွေတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူတို့ရဲ့ သားလေးကတော့ Aj ပါပဲ။ Aj ဟာ အိပ်မက်ဆိုးတွေအမြဲမက်တတ်ပါတယ်။ အိပ်မက်ထဲမှာ သူအမြဲမြင်နေတဲ့အရာတွေကတော့ သူ့အဖေနဲ့ အမေကို ဝံပုလွေလူသားတစ်ယောက်က တောင်ပေါ်က တွန်းချလိုက်တာပါပဲ။ ဒါကို Aj ဟာ Psychiatrist တစ်ယောက်နဲ့ ကုသနေရပါတယ်။ ဒီ ဆရာဝန်ဟာ Aj ကို ဒီထက်ရှင်းသွားချင်ရင် ဒီကိစ္စတွေဖြစ်ခဲ့တဲ့ ဝံပုလွေတောင်ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဖို့ အကြုံပြုလိုက်ပါတယ်။Aj ကို မိဘတွေဆုံးပါးသွားကတည်းက သူ့မိဘတွေရဲ့ မွေးစားခဲ့တဲ့ အကိုဖြစ်သူ Max ကနေ လူလားမြောက်အောင် ပြုစုပျိုးထောင်လာခဲ့တာပါ။ ခုချိန်မှာတော့ Aj ဟာ မိန်းမဖြစ်သူ Sam နဲ့အတူ မိသားစုလေးတစ်ခုတောင် ရတော့မှာပါ။ ဒါပေမဲ့ ...
movie

Wolf Mountain (2022)

2022
A Very Harold & Kumar Christmas (2011) 6.2
A Very Harold & Kumar Christmas (2011) A Very Harold and Kumar Christmas (2011) Genre - Comedy, Adventure IMDB - 6.2/10  ဟာရိုးနဲ့ ကူးမားတို့နှစ်ယောက် ပထမနှစ်ကားအပြီးဘာဂါတွေစား ထောင်တွေဖောက်ရ လုပ်ပြီးကြတဲ့နောက်ကိုယ်စီ ချစ်သူရပြီး ငြိမ်သက်သွားကြပါတယ်။ဒီလိုနဲ့ ၆ နှစ်ကြာလာတဲ့အခါမှာ ဟာရိုးတစ်ယောက်ကတော့အိမ်ထောင်သည်ဖြစ်နေပြီး အလုပ်ကြိုးစား မကောင်းတာတွေမလုပ်တော့ပဲရိုးသားတဲ့မိတ်ဆွေတစ်ယောက်နဲ့သာပေါင်းပြီးကလေးရအောင် ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ကူးမားဆိုတဲ့ကောင်ကတော့ သိတဲ့အတိုင်း ဆေးခြောက်ပဲ ဆက်သုံးနေပြီးချစ်သူနဲ့ လမ်းခွဲထားတာလည်း အချိန်ကြာတော့ပေပေတေတေနေနေတဲ့အချိန်ပေါ့။အဲဒီမှာပဲ ကိုယ်စီ ပြဿနာတစ်ခုစီ တက်ကြတယ်ဟာရိုးအတွက်ကျ ယောက္ခထီးအလိုကျ နေချင်တဲ့အတွက်ခရစ္စမတ်သစ်ပင်ကို အလှဆင်ဖို့ တာဝန်ကျတယ်ကူးမားကကျ ချစ်သူက ကိုယ်ဝန်ရှိနေလို့လာပြောတာကိုဆေးကွဲပြီး သေချာမဖြေရှင်းနိုင်တော့ ဟိုကစိတ်ပျက်ထွက်သွားပြန်ပါလေရော။ဒီလိုနဲ့ နှစ်ယောက်သား ပြန်ပေါင်းစည်းဖို့ ဖြစ်လာတာကကူးမားဆီကို ဟာရိုးနာမည်နဲ့ အထုပ်တစ်ထုပ်ရောက်လာလို့ ဟာရိုးအိမ်သွားပို့ရာကနေ ဟာရိုးကြောက်ရတဲ့ယောက္ခထီးရဲ့ ၈ နှစ်ကြာပျိုးထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးကူးမားကြောင့် မီးလောင်သွားခဲ့ချိန်မှာတော့…ညတွင်းချင်း အပင်ရှာဖို့ စွန့်စားခန်း ထွက်ရပါတော့တယ်အဲဒီမှာ ရိုးရာမပျက် အလွဲပေါင်းစုံနဲ့ လိုချင်တာကိုရဖို့ဘယ်လောက်သောက်တလွဲတွေ ဖြစ်ရမလဲဆိုတာကိုတစ်ခွီခွီနဲ့ ကြည့်ရှုခံစားရမှာပါ။ဒီကားမှာတော့ ...
movie

A Very Harold & Kumar Christmas (2011)

2011
The Replacement Killers (1998)
The Replacement Killers (1998)  ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။File size…(2.4 ...
movie

The Replacement Killers (1998)

It’s a Wonderful Binge (2022)
It’s a Wonderful Binge (2022) It's a Wonderful Binge (2022)Holiday Comedy အမျိုးအစား​လေးဖြစ်ပြီး Heavy မဟုတ်ပဲ ပေါ့​​ပေါ့ပါးပါး​ ကြည့်ရတာကြိုက်တယ့် ညိုကီတို့အတွက် Recommend ​ပေးပါတယ် ။အရက် မူးယစ်​ဆေး ​သောက်စားတာ ဒုစရိုက်မှုတစ်ခုလို ဖြစ်​နေတဲ့ကမ္ဘာမှာ မူးမူး ကွဲကွဲ ပြဲပြဲ လုပ်ချင်တာလုပ်လို့ရတဲ့ The Binge ပွဲရိုးရာ ခရစ္စမတ်​နေ့မှာ​...​ရှေးရိုးစွဲ အ​မေနဲ့ ​ထောင်​ပြေးဦး​လေးတို့ ရဲ့ သမီး တူမ Kimmi,မျိုးရိုးတစ်ခုလုံး ​​မွေးစားခံရတာနဲ့ တည်​ဆောက်ထားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ Sarah,Sarah ကို လက်ထပ်ခွင့်​တောင်းဖို့ စီစဥ်ရင်း လက်စွပ်​ပျောက်သွားတဲ့ Hag,အ​ဖေနှစ်​ယောက်နဲ့ အ​မေတစ်​ယောက်တို့ရဲ့ သား Andrew တို့ရဲ့ကြုံ​တွေ့ရမယ့် ပြဿနာ​တွေကို ဟာသဆန်ဆန် ရိုက်ထားတာ​လေးကို ကြည့်ရင်း ရီရီ​မော​မောပဲ ဖြတ်သန်းရမှာ ​သေချာ​ပေါက်ပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB နဲ့ Tissue တို့မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

It’s a Wonderful Binge (2022)

2022
xXx (2002) 5.9
xXx (2002)   XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ....2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2002 မှာ အောင်မြင်ခဲ့ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊ တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်...ဒီလိုနဲ့ X တစ်ယောက် နိုင်ငံတော်ကြီးအတွက် ဘယ်လိုတွေစွန့်စားမလဲဆိုတာ...။ File size…(2.3 GB)/(1 GB) Quality…BluRay Remastered HEVC ...
movie

xXx (2002)

1080p HEVC
Clerks III (2022) 6.4
Clerks III (2022) Clerks III (2022)IMBb - 6.6ဒန်တီနဲ့ ရန်ဒယ်တို့ Clerks III နဲ့အတူ ပြန်လာပါပြီ Clerks III မှာတော့ ဒန်တီတို့က Quick Stop စတိုးဆိုင်ပိုင်ရှင်တွေ ဖြစ်နေကြပါပြီတစ်နေ့တော့ အဲလိုင်းယက်စ်နဲ့ ငြင်းရင်းခုံရင်းကနေ ရန်ဒယ်တစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်သွားပါတယ်သေမင်းခံတွင်းဝကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ ရန်ဒယ်က မဟာစိတ်ကူးကြီးတစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်ပါတော့တယ် အဲဒီ မဟာစိတ်ကူးကြီးကတော့ သူ့ဘဝအကြောင်းကို ဇာတ်ကားရိုက်ဖို့ပါQuick Stop စတိုးဆိုင်မှာ ဒန်တီနဲ့ သူကြုံခဲ့တဲ့ ကိစ္စတွေကို သူကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ပါတော့တယ်ရန်ဒယ်ရဲ့ ဇာတ်ကားက သူနဲ့ ဒန်တီအကြောင်း ရိုက်ထားတာဖြစ်လို့ ပြီးခဲ့တဲ့ Clerks I နဲ့ Clerks II တို့ရဲ့ရိုက်ကွင်းတွေကို ကြည့်နေရသလို ခံစားရမှာပါClerks ကားတွေရဲ့ ထုံးစံအတိုင်း ပြောင်မြောင်လှတဲ့ ဒိုင်ယာလော့ခ်တွေကြောင့် ခွီလည်း ခွီနေရမှာပါClerks I, Clerks II နဲ့ ...
movie

Clerks III (2022)

2022
Bad Ass (2012) 5.4
Bad Ass (2012)  ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးပါရစေ လူ့ဘဝကြီးမှာ လှံထမ်းလာတာကိုပဲမြင်ရတယ် ကံထမ်းလာတယ်ကိုမမြင်ရဘူးဆိုတဲ့အတိုင်း ပုံမှန်နေသားကျနေတဲ့ ဘဝကြီးကနေ အပြောင်းအလဲကြီးဖြစ်သွားတတ်တယ်ဆိုတဲ့အကြောင်းကို ရိုက်ပြထားတာမို့ ကြည့်လို့ကောင်းမဲ့ ကားကောင်းလေးပါပဲဇာတ်လမ်းအကျဉ်း ဗီဂါ ဆိုတဲ့ ဗီယမ်နမ် စစ်ပြန်ကြီးဟာ အထက်တန်းကျောင်းပြီးသွားတာနဲ့ စစ်တပ်ထဲဝင်ခဲ့လို့ သူ့ရဲ့ ရိုးရှင်းနဲ့ ဘဝလေးနဲ့ ရင်နဲ့အမျှချစ်ရတဲ့ ချစ်သူလေးကို ထားခဲ့ရတာပါ ၇နှစ်ကြာစစ်မှုထမ်းပြီးပြန်လာတဲ့အချိန်မှာတော့ သူ့ကိုစောင့်နေမလားထင်ပြီး ရည်းစားဟောင်းအိမ်ကိုသွားလိုက်တဲ့ အချိန်မှာပဲ သစ္စာရှိရှိနဲ့စောင့်နေတဲ့ သူ့ရဲ့ ချစ်သူလေးဟာ ကလေး၂ယောက်ပါ အပိုစုဆောင်းထားပေးခဲ့တာပါ အဲဒါနဲ့ မရှိတဲ့လမ်းပျောက်သွားတဲ့ ဗီဂါကကြီး က ရဲကျောင်းတက်ဖို့ကြိုးစားလည်းမအောင်မြင် ကုမ္ပဏီတွေမှာ လျှောက်တော့လည်း ကောလိပ်မတက်ခဲ့လို့ဆိုပြီး မခေါ်တာနဲ့ဘဲ ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေရတဲ့သူတစ်ယောက်ပါ အဲဒီလိုနဲ့ မထင်မှတ်တဲ့နေ့လေးတစ်နေ့မှာဘဲ သူ နေ့တိုင်းစီးနေကျ ဘတ်စ်ကားပေါ်မှာ လူငယ်နှစ်ယောက်က အဖိုးကြီးတစ်ယောက်ကို အနိုင်ကျင့်နေလို့ လက်စွမ်းပြလိုက်တာကြောင့်ပဲ အင်တာနက်မှာနာမည်ကြီးသွားပြီး "ဆရာကြီး"ဆိုတဲ့ နာမည်ပါရသွားတာပါ အဲဒီအချိန်မှာပဲ သူ့ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲခဲ့တာပေါ့လေ အဲဒီလိုနဲ့ ...
movie

Bad Ass (2012)

Predators (2010) 6.4
Predators (2010) မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie

Predators (2010)

2010
1080p HEVC
The Prey: Legend of Karnoctus (2022) 4.0
The Prey: Legend of Karnoctus (2022) The Prey: Legend of Karnoctus (2022) ===========================ဒီကားလေးက 2022မှ အသစ်ထွက်ရှိလာတဲ့ action/adventure , horror အမျိုးအစားကားလေးပါ။ဇာတ်လမ်းကတော့ ကြေးစားစစ်သားတစ်စုဟာ တာလီဘန်တွေဆီ ကနေ ဒုံးကျည်တွေကိုဓားပြတိုက်ခဲ့ပြီးတော့၊ အဖွဲ့ထဲမှ တာဂါ နဲ့ ရိဇ် တို့ဟာ အခြားအဖွဲ့ဝင်တွေ ရဟတ်ယာဉ်သွားယူနေတုန်း ပစ္စည်းအချို့နဲ့ အတူ ဂူတစ်ဂူထဲမှာ ဝင်ပုန်းနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ US စစ်သားတစ်ဖွဲ့ဟာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံရပြီးတော့ အဲ့ဂူထဲကိုဝင်ပုန်းခဲ့ကြပါတယ်။တာလီဘန်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အခါမှာတော့ ဂူရဲ့ဝင်ပေါက် ပြိုကျသွားပြီးတော့ နှစ်ဖွဲ့လုံးဂူထဲမှာပိတ်နေခဲ့ပါတယ်။ အဲလိုနဲ့ သူတို့နှစ်ဖွဲ့ ပေါင်းပြီးတော့ ဂူထဲကနေထွက်နိုင်ဖို့ ကြိုးစားရာမှာ သူတို့မမျှော်လင့်ထားတဲ့ karnotcus ဆိုတဲ့ သတ္တဝါကြီးရဲ့အမဲလိုက်ခြင်းကိုခံရပါတော့တယ်။ ဒီနှစ်ဖွဲ့မှာ ဘယ်သူတွေ ကျန်ရစ်ပြီး ဘယ်သူတွေလွတ်မြောက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Aung Zaw Moe ဖြစ်ပါတယ်) File Size..........(1.5 GB) / (725 MB) / (419 MB) Quality............WebRip 1080p / 720p ...
movie

The Prey: Legend of Karnoctus (2022)

2022
Minions: The Rise of Gru (2022) 6.8
Minions: The Rise of Gru (2022) Minions : The Rise of Gru (2022)မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။ ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကိုဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventur, Comedy Quality….4k HEVC WEB DL | 1080p | 720p | 480p File size… 7.08GB | 1.8GB | 1GB | 396MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Minions: The Rise of Gru (2022)

2022
4K HEVC Web-DL
Green Ghost and the Masters of the Stone (2022) 4.2
Green Ghost and the Masters of the Stone (2022) Green Ghost and the Masters of the Stone (2022)ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Action Drama အမျိုးအစား ဖြစ်ပါတယ်"ချာလီ" ဆိုတဲ့ သူက ကားရောင်းဝယ်ရေး စင်တာရဲ့ဥက္ကဌ ဖြစ်ပြီး ဘဝကို သာမန်လေးပဲ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါ ကမ္ဘာမြေပျက်ဆီးနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာချိန်မှာတော့ သူ့ရဲ့ မွေးစားမိသားစုက သူ့ကို လာခေါ်ခဲ့တယ် သူ ဘဝတစ်လျှောက်လုံး လျှို့ဝှက်ခံခဲ့ရတဲ့ ကိစ္စလေး တစ်ခုကတော့ သူတို့ မိသားစုက ကမ္ဘာမြေက လူသားမျိုးနွယ်တွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့ဖြစ်နေတယ် ဆိုတာပါပဲသူ့ရဲ့ မွေးစား မိသားစုနဲ့အတူ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။Genre.....Action, Adventure, Comedy Quality…. 1080p | 720p | 480p File size…1.2GB | 677MB | 292MB Format… ...
movie

Green Ghost and the Masters of the Stone (2022)

2022
The Legend of La Llorona (2022) 5.3
The Legend of La Llorona (2022) The Legend of La Llorona (2022)လာ ရိုရို့နာဆိုတာ မက္ကဆီကိုရဲ့ နိုင်ငံကျော် သရဲပုံပြင်တစ်ခုပါပဲ။ နောက်ခံဇာတ်ကြောင်းကွဲလေးတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမဲ့ အကြမ်းဖျဉ်းအားဖြင့်တော့ တူညီကြပါတယ်။လာရိုရို့နာဆိုတာ အင်္ဂလိပ်လိုဆိုရင် "ငိုကြွေးနေတဲ့မိန်းမ" ပါတဲ့။ သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။ ဒီရုပ်ရှင်မှာတော့ လာရိုရို့နာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကို မသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန်လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Horror, Thriller Quality….WEB-DL 1080p and 720p adn 360p File size…1.7GB and 819MB and 273MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

The Legend of La Llorona (2022)

2022
American Sicario (2021)
American Sicario (2021) ကြမ်းမယ့်ရမ်းမယ့် မူးယစ်ဆေးကုန်သည်ဂိုဏ်းစတားတစ်ယောက်အကြောင်းပါဝင်တဲ့ American-Sicario 2021ဒီမူးယစ်ဆေးကုန်သည်လောကမှာ သစ္စာတရားက အရေးအကြီးဆုံးဆိုပေမဲ့ သစ္စာတရားကြောင့်ပဲ မိသားစုတွင်း ပြဿနာတွေဖြစ်ရတဲ့အခါ ဘယ်လိုမျိုး ဖြေရှင်းကြမလဲဆိုတာ ကြမ်းကြမ်းရမ်းရမ်း ကြည့်ရမယ်ဗျာ..။ဇာတ်လမ်းဇာတ်အိမ် Storyline ကတော့ သာမန် ဇာတ်ကောင်ကိုပဲ အသားပေးထားတဲ့ ပြည့်စုံမှုတွေနဲ့ လွန်ကဲနေတဲ့ အဓိကဇာတ်ကောင်မျိုးနဲ့တော့ မတူဘူးဗျ..။ကြမ်းမယ်ရမ်းမယ် အမှားတွေလည်း လုပ်မိတဲ့ လူကြမ်းကြီးပေါ့ဗျာ..။(ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတဲ့စကားလုံးတွေနဲ့ 18+ ဆန်တဲ့ တစ်ခန်း နှစ်ခန်းပါလို့ မိသားစုနဲ့အတူတော့ မကြည့်သင့်ပါ..။)လုပ်ငန်းချဲ့ထွင်ချင်တဲ့ လောဘ..။ လူပေါင်းမှားမိတဲ့ အမှားတစ်ခုနဲ့..။မလုပ်ချင်ပေမဲ့လည်း လုပ်မှဖြစ်မယ့် ရက်စက်တဲ့လုပ်ရပ်တစ်ခုကို လုပ်ခဲ့ရတာကြောင့် ဖြစ်လာရတဲ့ အမုန်းတရားတွေကို ကျေကျေနပ်နပ်ကြီး ပြန်ပေးဆပ်ရဲတဲ့ ဂိုဏ်းသမား ဆေးကုန်သည် ဖက်တီးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာဖြစ်ပြီးတော့..။မက္ကဆီကိုဒေသရဲ့ နောက်ခံရှုခင်းတွေ..။ ဆွဲဆောင်မှုပြင်းပြင်းနဲ့ အလန်းစား အညိုစင် မိန်းကလေးတွေ..။ဗီိလိန်ရဲ့ နောက်ကွယ်ဘဝဇာတ်ကြောင်း စုံစုံလင်လင်နဲ့..။မိသားစုအတွက်လို့ တဖွဖွပြောနေခဲ့တဲ့သူတွေ ​ကိုယ်ခက်ခဲချိန်မှာ ဘယ်ရောက်ကုန်ကြသလဲ..။သွေးမတော်ပေမဲ့လည်း နောက်ဆုံးအချိန်ထိ ကျန်နေတဲ့လူက ဘယ်နှယောက်များ ရှိနိုင်ဦးမလဲဆိုတာ ဖန်သားပြင်ထက်မှာ ကြည့်ရှုခံစားနိုင်ဖို့ CM ...
movie

American Sicario (2021)

Muppets Haunted Mansion (2021) 6.5
Muppets Haunted Mansion (2021) Muppets Haunted Mansion (2021)=========================IMDb Rating - 6.5/10ဟောလိုး၀င်းအတွက် အထူး စပယ်ရှယ် Disney က ထွက်ရှိလာတဲ့ ကိုရွှေအ တို့ လာပါပြီ။သွင်ပြင်လေးတွေကလည်း ချစ်စရာကောင်းပြီး ထွက်သမျှကားတိုင်းမှာ ပရိသတ်ကို ပြုံးပျော်စေနိုင်တဲ့ ကာတွန်းကောင်လေးတွေလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ haunted mansion ဆိုတဲ့အတိုင်း သရဲခြောက်တဲ့ အိမ်ကြီးပါမှာတော့ အသေချာပဲဗျ။ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ Gonzo နဲ့ သူ့သူငယ်ချင်း Pepe တို့ ၂ ယောက် ခါတိုင်း ဟောလိုး၀င်းတွေလို ဘော်ဒါတွေနဲ့ ဆုံပြီး ပါတီ မလုပ်ဘဲ . သရဲခြောက်တဲ့ အိမ်ကြီးထဲမှာ တစ်ညတာ နေရမယ်ဆိုတဲ့ စိန်ခေါ်မှုကို လက်ခံကာဟောလိုး၀င်းညမှာ သရဲအိမ်ကြီးဆီ သွားကြပါတော့တယ်။သူတို့ကို လိုက်ပို့တဲ့ ကားသမားပြောခဲ့တဲ့ စကားလေးတစ်ခွန်းကတော့ " ဒီကို လူတွေအမြဲ လိုက်ပို့ရပေမဲ့ ဘယ်တော့မှပြန်လာ မခေါ်ရဘူး " တဲ့ဗျ။ ...
movie

Muppets Haunted Mansion (2021)

2021
The House Next Door: Meet the Blacks 2 (2021) 3.9
The House Next Door: Meet the Blacks 2 (2021) The House Next Door: Meet the Blacks 2 (2021)==================================ဒါလေးမကြည့်ခင် Meet the Blacks 1 လေး အရင်ကြည့်ဖို့အကြံပေးချင်ပါတယ်။ အတွဲ၁ မကြည့်ရသေးသူတွေအတွက်spoiler လေးတွေပါနိုင်ပါတယ်။ကားလ်ဘလက်ခ်တို့မိသားစု ဘီဗာလီဟေးလ်မှာ The Purge ဆိုတဲ့ သုတ်သင်ခြင်းညကြီးကို ကျော်ဖြတ်ခဲ့ရပြီးနောက်ပိုင်းကားလ်ရဲ့ ငယ်ဘဝအိမ်လေးရှိရာ အက်တလန်တာကို တစ်စခန်းရွှေ့ကြပြန်ပါတယ်။၁၀၉ ၁၁၀ ဖြစ်နေတဲ့ ကားလ်တစ်‌ယောက် သုတ်သင်ခြင်းညအကြောင်းရေးထားတဲ့ သူ့ရဲ့ Terror Night စာအုပ် အတွဲ၂ ကိုဆက်ထုတ်ဖို့လုပ်ပေမယ့် ကုန်ကြမ်းရှာမရဖြစ်နေရှာတာပါ။ဒီလိုနဲ့ စာအုပ်အတွက် ကုန်ကြမ်းရလာတယ်ဆိုမလား သူတို့မိသားစုကိုက အေးအေးလူလူနေရဖို့ကံမပါဘူးဆိုမလားတစ်ည ညလယ်ကောင်ကြီးမှာ သူတို့ဘေးအိမ်ကို စုန်းလိုလိုဆံရှည်လူကြီးတစ်‌ယောက်ရယ်၊ မျက်လှည့်ဆရာလို ဦးထုပ်ကြီးနဲ့လူတစ်ယောက်ရယ်၊ ညလယ်ကောင်ကြီး ရေကန်ဘေးမှာနေပူဆာလှုံနေကြတဲ့ ဘစ်ကနီနဲ့ကောင်မလေးတွေရယ် ပြောင်းလာတာကိုကားလ်တို့တစ်တွေ စုံထောက်လုပ်ကြရင်း....ဘာတွေတွေ့ရှိလာရမလဲ ဘယ်လိုတွေလွဲကြမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ဖြစ်ပါတယ်။) Quality – 1080p, ...
movie

The House Next Door: Meet the Blacks 2 (2021)

2021
The Rebels of PT-218 (2021) 5.2
The Rebels of PT-218 (2021) The Rebels of PT-218 (2021)=====================ဒုတိယကမ္ဘာစစ်အတွင်းမှာ သင်္ဘောကပ္ပတိန်စနိုးဦးဆောင်တဲ့ SS Lawton B. Evans ကုန်တင်သင်္ဘောဟာPT လို့ခေါ်တဲ့တော်ပီဒိုပစ်သင်္ဘောငယ်တွေကို လိုက်ပါစောင့်ရှောက်ပေးရတဲ့ သင်္ဘောဖြစ်ပါတယ်။Lawton B. Evans ဟာစစ်သင်္ဘောမဟုတ်ပေမယ့် စစ်ဆင်ရေးနေရာအတွင်းက တစ်ခုတည်းသောစွမ်းဆောင်ရည်အမြင့်ဆုံးသင်္ဘောဖြစ်လို့ ပီတီသင်္ဘောတွေနဲ့အတူ ဂျာမန်အင်ပါယာရဲ့ အင်အားနည်းရာအီတလီကမ်းခြေတစ်ခုကို တက်သိမ်းဖို့အမိန့်ရလိုက်ပါတယ်။လမ်းခရီးမှာ ဂျာမန်ရေငုပ်သင်္ဘောတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အတူပါလာတဲ့ PT သင်္ဘောတွေကို ဆုံးရှုံးလိုက်ရတဲ့အပြင်ကမ်းခြေနားနီးကပ်နေချိန်မှာ တပ်ကူသင်္ဘောတွေ မလာနိုင်တော့လို့ စစ်ဆင်ရေးဖျက်သိမ်းဖို့ အမိန့်ရလိုက်တဲ့အခါစစ်တိုက်ဖို့မဟုတ်တဲ့ကုန်တင်သင်္ဘောပေါ်က ကပ္ပတိန်စနိုးဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မှာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်က ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Machete ကားရဲ့မင်းသားကြီး Trejo လည်းပါပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 28minSubtitle – Myanmar HardsubFormat ...
movie

The Rebels of PT-218 (2021)

2021
Machete (2010) 6.6
Machete (2010) IMDb (6.6) / Rotten Tomatoes (72%)မန်ချက်တေးဟာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိကတော့တက္ကဆက်နယ်စပ်မှာခိုးဝင်လုပ်သားတစ်ယောက်အနေနဲ့ဇာတ်မြုပ်နေပါတယ်၊တစ်နေ့မှာ သူ့ကိုမြို့ခံစီးပွားရေးသမားတစ်ယောက်ကမြို့တော်ဝန်ကိုလုပ်ကြံဖို့ ဒေါ်လာ ၁၅၀၀၀၀ နဲ့ငှားရမ်းခဲ့ပါတယ်။သူ့လိုနယ်စပ်က တရားမဝင်ခိုးဝင်လုပ်သားတွေကိုကူညီပေးနေတဲ့ မိန်းကလေး လုဇ်နဲ့ သူ့ကွန်ယက်အဖွဲ့ကိုအထောက်အပံ့ပေးနိုင်ဖို့ ဒီကိစ္စကို လက်ခံခဲ့ပေမယ့် သူ့ကိုငှားရမ်းခဲ့တဲ့သူဟာနိုင်ငံရေး တရားမဝင်မူးယစ်ဆေး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေအတွက်သူ့ကိုထောင်ချောက်ဆင်အသုံးချသွားတယ်ဆိုတာ မကြာခင်မှာပဲသိလိုက်ရပါတော့တယ်။ဒါပေမယ့် အဲ့ဒီလူမသိလိုက်တာကတော့ သူဟာ အတိတ်က ဘယ်လောက်အထိကြမ်းခဲ့ရမ်းခဲ့ပြီးသူ့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်သွားရလောက်တဲ့ အကြောင်းသိတွေ ရှိနေတယ်ဆိုတာကိုပါပဲ။ကြမ်းတာကတော့ရှယ်ကြမ်းပါတယ်၊ သွေးသံရဲရဲငေါက်တောက်တွေ မြက်ရိတ်စက်ကြီးနဲ့ ယမ်းတာတွေဓားမကြီးနဲ့ ဆွဲခုတ်တာတွေ လုံးဝအသစ်အဆန်းတွေချည်းပါပဲ။အဲ့ဒီအချိန်တုန်းက အတော်ကြီး Hype ဖြစ်ခဲ့ကြရတဲ့ကားပါ။လူကြမ်းကြီးအဖြစ်တောက်လျှောက်လူသိခဲ့တဲ့ Danny Trejo ကိုခေါင်းဆောင်မင်းသားတင်ထားပြီးတော့Robert De Niro, Jessica Alba, Don Johnson, Michelle Rodriguez, Steven Seagal, Lindsay Lohan စတဲ့ ဒိတ်ဒိတ်ကြဲတွေ အားလုံးကဗီလိန်တွေ ဇာတ်ပို့တွေအဖြစ်သူ့ကိုပို့ပေးရတယ်ဆိုတာကိုက စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ပြီးသွေးသံရဲရဲကြမ်းတမ်းတဲ့ပြကွက်တွေထဲမှာ satire ဆန်ဆန်တမင်ထည့်ထားတဲ့ဟာသကွက်တွေကလဲအပြည့်အဝဖျော်ဖြေမှုပေးနိုင်ပါတယ်။နောက်ထပ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီကားထဲကမင်းသမီးမှန်သမျှရဲ့ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါ။အပစ်အခတ် ...
movie

Machete (2010)