Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Danny DeVito
6.1
Nobel Son (2007)
ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie
Nobel Son (2007)
5.5
Poolman (2023)
Poolman ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက်နာမည်ကျော်မင်းသား Chris Pine ပါဝင်တဲ့Comedy, Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။နည်းနည်းဆန်းတဲ့ Genre အတွဲဖြစ်သလိုဇာတ်ကားလေးကလည်း နည်းနည်းလေးဆန်းပါတယ်။အတိုပြောရရင် မင်းသားဟာ ဇာတ်ကားထဲမှာDarren ဆိုတဲ့ ရေကူးကန်ထိမ်းသိမ်းရေးဝန်ထမ်းတစ်ယောက်ပါ။ သူက သူနေတဲ့ Los Angeles မြို့ကိုအရမ်းချစ်လို့ မြို့ကို တိုးတက်အောင် အမြဲကြိုးစားနေတဲ့လူတစ်ယောက်ပါ။ သူ့မှာ သူ့ကိုအမြဲအပြစ်မမြင် ကူညီပေးတဲ့မိတ်ဆွေတွေရှိသလိုသူ့ကို ရန်သူလိုမြင်နေတဲ့လူတွေလည်း ရှိပါတယ်။တစ်နေ့မှာ အများပြည်သူအကျိုးအတွက်လို့နာမည်ခံထားတဲ့ မြို့ရဲ့ အိမ်ရာစီမံကိန်းနောက်ကွယ်တစ်ခုမှာ လာဘ်ပေးလာဘ်ယူတွေ ရှိနေတာကို သူသိသွားတဲ့အခါမှာ အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနောက်ကွယ်မှာ ဘယ်လိုတွေ ရှိနေမှာလဲသူထင်တာတွေကရော မှန်ပါ့မလား ဘယ်သူတွေထိခိုက်ပြီး ဘယ်သူတွေ အသာစီးရသွားမှာလဲစတာတွေကို တစ်ကားလုံး ဟာသဆန်ဆန် ရိုက်ပြထားတာမို့ Mystery လည်း ကြိုက် comedy လည်ကြိုက်တဲ့လူတွေ ကြည်သင့်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်ဗျ.......... File size…1.87GB / 741MB Quality…WEB-DL 1080p 5.1CH ...
movie
Poolman (2023)
5.9
Wiener-Dog (2016)
Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်ကပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီးခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကိုအိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာကနောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံကသူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကိုပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ညီဖြစ်သူ Tommy နဲ့ ချစ်သူ ...
movie
Wiener-Dog (2016)
2016
6.8
Migration (2023)
ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲတင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကိုထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခုဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်းအရာလေးပါ...။ဒီဘဲမိသားစုလေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲအမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ...။ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးကပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတိုသဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်...။ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်းမလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်...။ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာလမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်...။ File size…(4.6 GB)/ (1.54 GB) / 763 MB Quality…WEB-DL 4K HEVC/1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Themes & TD
movie
Migration (2023)
4K HEVC
6.8
The War of the Roses (1989)
The War of the Roses (1989)~ IMDb - 6.8/10, Rotten Tomatoes - 83% ~လူတွေရဲ့ ဦးခေါင်းခွံကို တုန်လှုပ်စေတဲ့ အကျပ်ရိုက်မှု ၂မျိုးရှိပါသတဲ့။ မနေချင်တော့တဲ့သူကို ဘယ်လိုဆွဲထားမလဲ ဆိုတာနဲ့ မသွားချင်တဲ့သူကို ဘယ်လိုနှင်ထုတ်မလဲ ဆိုတာပါပဲ။ဒီရုပ်ရှင်ဟာ ခေါင်းအေးတည်ငြိမ်တဲ့ ကွာရှင်းပြတ်စဲရှေ့နေကြီး ဂါဗင်တစ်ယောက် သူရုံးခန်းထဲထိုင်နေတဲ့ သောကတစ်ဗွေနဲ့ အမှုသည်အမျိုးသားကို ပြန်ပြောင်းပြောပြတဲ့ သူ မကူကယ်နိုင်ခဲ့တဲ့ အတိတ်ဟောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရှေ့နေကြီး ဂါဗင်နေရာကနေ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားပါတယ်။ဂါဗင် ပြောပြတဲ့ ဇာတ်လမ်းကတော့ သူ့မိတ်ဆွေအရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတဲ့ ရို့စ်မောင်နှံရဲ့ ကွာရှင်းပြတ်စဲမှုအကြောင်းပါ၊ ရို့စ်မိသားစုဆိုပြီး ဖြစ်မလာခင် ငယ်ရွယ်တက်ကြွတဲ့ အိုလီဗာဆိုတဲ့ ဥပဒေကျောင်းသားလေးနဲ့ ရိုးရှင်းပွင့်လင်းတဲ့ ဘာဘရာဆိုတဲ့ မိန်းမငယ်လေးတို့ စတင်တွေ့ဆုံမှုကနေ (အညွှန်းထဲပြောပြလို့မရသေးတဲ့) အဆုံးသတ်မှုတစ်ခုဆီအထိပေါ့။ ဂါဗင်ကတော့ လူတွေဟာ သူတို့ဖြစ်ချင်တာ သူတို့ရချင်တာအတွက် ...
movie
The War of the Roses (1989)
1989
8.7
Friends: The Reunion (2021)
Friends: The Reunion (2021)=====================IMDb Rating - 8.7/10FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာ https://channelmyanmar.to/?s=friends+1994 ကြည့်ပါ။ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလိုစကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကိုမြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoilerအကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် ...
movie
Friends: The Reunion (2021)
2021
6.2
Haunted Mansion (2023)
သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023)ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။) File size…(2.4 GB)/ (1.5 GB)/(665 MB) Quality….WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:02:58 Subtitle….Myanmar Subtitle(Hardsub) Encoder….SWM Translated by Mr.Anderson
movie
Haunted Mansion (2023)
4K HEVC
6.3
Death to Smoochy (2002)
Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie
Death to Smoochy (2002)
Last Action Hero (1993)
IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie
Last Action Hero (1993)
6.4
Mars Attacks! (1996)
နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB) / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre... Drama / Crime / ...
movie
Mars Attacks! (1996)
Renaissance Man (1994)
1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre... Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Renaissance Man (1994)
7.4
Man on the Moon (1999)
Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ "အဆိုအကလူကြီး" လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင် တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။ File size…2.8GB / 1GB Quality…1080p ...
movie
Man on the Moon (1999)
1999
7.2
The Rainmaker(1997)
The Rainmaker(1997) အညွှန်း**************************IMDb...7.2Rating တွေကောင်းသလို ဆုကြီး ၂ ဆုနဲ့အခြားဆု (၁၀) ဆုလည်းဆန်ကာတင်စာရင်း ဝင်ခဲ့လို့ ဒီကားက ကောင်းမှာတော့မပူနဲ့ဗျို့...ခြူးတပြားမရှိလို့ နာမည်ရ ဥပဒေအကျိုးဆောင်ရုံးတစ်ခုမှာ ရရာအလုပ်ဝင်လုပ်ခဲ့ရတဲ့ကျောင်းပြီးခါစ လိုင်စင်တောင်မရှိသေးတဲ့ရှေ့နေပေါက်စလေး ရူဒီဘေလာနဲ့ရှေ့နေစာမေးပွဲကို ခြောက်ကြိမ်တိတိ ကျရှုံးထားတဲ့ ဒက်ရှစ်ဖလက်တို့ တွဲဖက်ပြီးအကျင့်ပုတ်ပြီး ရိုက်စားလုပ်သွားတဲ့ အာမခံကုမ္ပဏီကြီးတစ်ခုကို အပီဗျင်းဖို့ အကြောင်းဖန်လာပေမယ့်ဟိုဘက်မှာက နာမည်ကျော် အတွေ့အကြုံရှိရှေ့နေကြီးလီယိုတို့အဖွဲ့က အမှုလိုက်ပေးကြတဲ့အခါ သူတို့နှစ်ယောက်အဲဒီအဖွဲ့ကို ဘယ်လိုရင်ဆိုင်ကြမလဲ အမှုက နိုင်ရောနိုင်ပါ့မလားဆိုတာ…. File Size : (2.05GB) (726MB) and (200MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
The Rainmaker(1997)
5.6
Be Cool (2005)
ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie
Be Cool (2005)
7.2
The Virgin Suicides(1999)
The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ...
movie
The Virgin Suicides(1999)
6.9
Get Shorty (1995)
Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie
Get Shorty (1995)
6.9
Matilda (1996)
Matilda (1996)Child Novelတွေ ရေးသားထုတ်ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်တောင် Charlie and the Chocolate Factory, The BFG တို့ကိုတော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးစာပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအနေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ်မတေးဒါက မွေးကင်းစကတည်းက မိဘကံမကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကားတွေ ဂျင်းထည့်ပြီးရောင်းတဲ့ လူလိမ်၊ အမေက အရပ်တကာပတ် ဘင်ဂိုပတ်ဆော့နေသူဖြစ်ပြီး ကိုယ့်ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများကတော့ ကလေးမွေးပြီး ဆေးရုံဆင်းလာတာ အိမ်ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကားနောက်ခန်းထဲမှာကျန်ခဲ့မှန်းတောင် သတိမရတဲ့ ဂန္တဝင်ဖေဖေ၊ ကောင်းကင်မေမေတွေပေါ့။ မိဘတို့ပြုအပ်တဲ့ ဝတ္တရားကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ကျောင်းတက်ချင်တာတောင် ကျောင်းမအပ်ပေးကြသူတွေပေါ့။မိဘတွေရဲ့ကောင်းသတင်းက ပြောမဆုံးအောင်ရှိပေမယ့် မတေးဒါလေးက ခေသူမဟုတ်ပါ၊ ...
movie
Matilda (1996)
1996
6.8
The Survivor (2022)
စစ်ပြန်ရဲဘော်တွေ စစ်မှုထမ်းဟောင်းတွေ နေရပ်ပြန်ရောက်ရင်စစ်အနိဌာရုံတွေကို ပြန်မြင်ယောင်ပြီး စိတ်ဒဏ်ရာ ရသွားတယ်ဆိုတာမျိုး ကြားဖူးကြမှာပေါ့၊ တကယ်လို့များ ဒုတိယကမ္ဘာစစ်နာဇီစစ်သုံ့ပုန်းစခန်းကနေ ဂျူးလူမျိုးတစ်ယောက် အသက်ရှင်လျက်လွတ်မြောက်လာခဲ့တယ်ဆိုရင် အဲဒီဂျူးလူမျိုးရဲ့စိတ်မှာဒဏ်ရာအနာတရတွေ အတိတ်ရဲ့အရိပ်တစ္ဆေတွေ ဘယ်လောက်များနေမယ်ထင်ပါသလဲ။ The Survivorဆိုတဲ့ ၂၀၂၁ထွက် ရုံတင် Biographicalရုပ်ရှင်ကတော့အက်ရှ်ဝှစ်ဇ် သုံ့ပန်းစခန်းဆိုတဲ့ ဂျူးလူမျိုးတို့အတွက်ငရဲတမျှ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နာဇီသုံ့ပန်းစခန်းကနေလွတ်မြောက်လာခဲ့ပြီး စစ်ကြီးပြီးတဲ့နောက် အမေရိကန်နိုင်ငံမှာလက်ဝှေ့သမား ဖြစ်လာခဲ့တဲ့ ဟယ်ရီဟာ့ဖ် ခေါ် ဟက်ဇ်ကိုဟာ့ဖ်အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ IMDb မှာ 7.5Rotten Tomatoes 75%နဲ့ Metacritic 72% အထိ ရရှိထားတာပဲဖြစ်ပါတယ်။ အက်ရှ်ဝှစ်ဇ်ငရဲခန်းကြီးမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ၊ထိုစခန်းမှ ဘယ်လိုလွတ်မြောက်လာကာ USမှာလက်ဝှေ့သမားအဖြစ် ဘယ်လိုအသက်မွေးရပ်တည်မလဲ၊သူ့ရဲ့စိတ်ဒဏ်ရာတွေက အတိတ်မှာရော ပစ္စုပ္ပန်မှာပါဘယ်လောက် ဒုက္ခပေးမလဲ၊ အဲဒီ ခြောက်လှန့်မှုတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကို HBO တို့ထုံးစံအတိုင်းဇာတ်အိမ် လေးလေးပင်ပင်၊Setting ကောင်းကောင်းနဲ့ရိုက်ကူးထားတာဖြစ်လို့ အညွှန်းကိုတောင်အထွေအထူးကွန့်ဖို့မလိုတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်၊ကြည့်ရှုပြီးသွားချိန်မှာ ရသတစ်မျိုး ခံစားရစ်ခဲ့မှာ သေချာတဲ့Heavy Drama movieပဲဖြစ်ပါတယ်။ File ...
movie
The Survivor (2022)
8.3
L.A. Confidential (1997)
L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie
L.A. Confidential (1997)
6.8
Jumanji: The Next Level (2019)
အကုန်လုံးစောင့်နေတဲ့ Jumanji တော့လာပါပြီIMDb 7 နဲ့ toamtoes မှာ 71 ရထားပါတယ်ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါစပန်ဆာတစ်ယောက်နေရင်းထိုင်ရင်းJumanji ထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ်အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ်ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲစပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ်ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်းပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီးအပြင်ကိုဘယ်လိုပြန်ထွက်မလဲသူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ...။File Size : (4.6 GB)/(2.2 GB)/(1.2 GB) Quality : BluRay 4K HEVC / 1080p /720p Running Time : 2 hr 03 min Format : mkv/mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin,Nyeinsaeya Aung
movie
Jumanji: The Next Level (2019)
4K HEVC
1
2
Next